Friday

နဗီတမန်တော်ချုပ်မိုဟမ္မဒ် (ဆွ)အကြောင်း

စကားဦး

သမိုင်းဟူသည်မှာ အတိတ်ကာလနှင့် ပစ္စုပ္ပန်ကာလ၏ လူတို့၏ အခြေအနေအရပ်ရပ်ကို ဖော်ပြသော ပညာရပ်မျိုးကို ခေါ်ပါသည်။ သမိုင်းဘာသာသည် အသိဥာဏ်ရျိသူတိုင်းအား အကျိုးပြုပါသည်။ သမိုင်း၏ ရည်ရွယ်ချက်နှင့်အကျိုးအမြတ်မှာ မျက်မှောက်ကာလ၏ အခြေအနေအရပ်ရပ်နှင့် မျက်ကွယ်လာက၏ အခြေအနေအရပ်ရပ်တို့အား သုံးသပ်လေ့လာ၍ ရရှိသည့်အကျိုးအပေါ် လိုက်နာကျင့်သုံးနိုင်ခြင်းတို့ဖြစ်ပါသည်။

ဥပမာ ခေတ်အခါသမယတစ်ခု၌ ရှင်ဘုရင်တစ်ပါးသည် မိမိတိုင်းသူပြည်သားများအပေါ် မတရားညှင်းပန်းနှိပ် စက်သောကြောင့် ဘုရင်နှင့် တိုင်းသူပြည်သားတို့ မသင့်မမြတ် ဖြစ်လျှက်ရှိ၏။ တိုင်းသူပြည်သားများသည် ၄င်းဘုရင်နှင့် ပတ်သက်ပြီး မကျေမနပ်ဖြစ်လေသည်။ ဘုရင်က မတရား နှိပ်စက်လေ တိုင်းသူပြည်သားတို့သည် အစဉ် ပြန်လည်တိုက်ခိုက်လေဖြစ်သည်။ တိုင်းပြည်သည် တဖြေးဖြေးနှင့် စီးပွားရေး၊ လူမှုရေး၊ လယ်ရာ စိုက်ပျိုးရေးတို့တွင် စိတ်မ၀င်စားနိုင်ဖြစ်ကာ တဖြေးဖြေးနှင့် ချွတ်ချုံကျလာပါသည်။ အခြေခံလူတန်းစားတို့သည် တဖြေးဖြေး စားဝတ်နေရေး ထိခိုက်လာလေလေ မခံမရပ်နိုင်သည့်စိတ်များ ပွားများလာလေလေဖြစ်သည်။ ဘုရင်နှင့် အုပ်ချုပ်သူ လူတန်းစားတို့အဖို့ တိုင်းပြည်စီးပွားရေးထိခိုက်သော်လည်း သူတို့အဖို့ ထိခိုက်မှုမရှိဘဲ စားနေမြဲ သောက်နေမြဲ ဆက်လက်ကာ ပြည်သူတို့အား ဖိစီးနှိပ်စက်လေဖြစ်သည်။ ပြည်သူတို့သည် အဆုံးတွင် မခံနိုင်တော့ဘဲ စုပေါင်းကာ နန်းတော်သို့ ချီတက်ကြလေသည်။

ဘုရင်သည် မိမိ၏စစ်တပ်နှင့် ပြည်သူပြည်သား များကို နန်းတော်သို့ မချီတက်ရန် မိန့်ကြားလေသည်။ ပြည်သူတို့သည် ဘုရင့်အမိန့်ကို မနာခံနိုင်တော့ပါ။ ဆင်းရဲလွန်းသည့် ဒါဏ်ကို မခံနိုင်တော့သဖြင့် ဘုရင့်တပ်များ သတ်ပါကလည်း သေရန် အသင့်ဖြစ်နေလေ သည်။ ဘုရင်သည် စစ်တပ်ကို အမိန့်မနာခံသော ပြည်သူတို့အား သတ်ပစ်ရန် ညွှန်ကြားလေသည်။ ပြည်သူများ စွာကို သတ်ပစ်သော စစ်တပ်သည် အဆုံးတွင် မိမိတို့လည်း ပြည်သူတို့အတွင်းမှ ဖြစ်သည်ကို သိလာလေသည်။ မိမိတို့သည် မိမိတို့၏ ဆွေမျိုးသားချင်းများကို သတ်ပစ်ကြ သည်။ မိမိတို့၏ မိဘသားသမီးများ ကိုသတ်ပစ်ကြသည်ကို သိလာကြလေသည်။ ထိုအခါ စစ်တပ်သည် ပြည်သူတို့ဖက်မှ ရပ်တည်ကာ ဘုရင်ဆိုး နှင့် အုပ်ချုပ်သူများဖက်သို့ပြန်လှည့်ကာ တိုက်ခိုက်ကြပြန်သည်။ ဤတွင် ပြည်သူပြည်သားများသည် မိမိတို့၏ ဘုရင်ဆိုးကို တိုက်ခိုက်တော်လှန်နိုင်ခဲ့ပြီး မိမိတို့ပြည်သူအတွင်းမှ သမာသမတ်ရှိသော အရည်အချင်းရှိသော သူတော်ကောင်းတစ်ဦးကို ခေါင်းဆောင်အဖြစ်သတ်မှတ်ကာ တိုင်င်းပြည်ကို အုပ်ချုပ်စေလေသည်။ တိုင်းပြည် သည်လည်း သာယာဝပြောသော တိုင်းနိုင်ငံအဖြစ် တဖန်ရောက်ရှိသွားလေသည်။ အထက်ပါအကြောင်းအရာ သည် ယနေ့ကမ္ဘာနိုင်ငံအများအပြားတွင် ရင်ဆိုင်ကြုံတွေ့နေရသော အခြေအနေများနှင့် အတူတူပင်ဖြစ် ပါသည်။ ၄င်းအကြောင်းအရာကို ကြည့်လျှင် အာရေးဗျတိုင်း၏ အမှောင်ခေတ်အခြေအနေကို မီးမောင်းထိုး သယောင်ဖြစ်နေသည်ကို တွေ့ရမည်။

မက္ကာမြို့မှ ခေါင်းဆောင်များ၊ အုပ်ချုပ်သူလူကြီးများသည် ထိုနည်းအတိုင်းပင် မတရားဖိနှပ်အုပ်ချုပ်ခဲ့ကြသည်။ မတရားသော စနစ်၊ မတရားသောအယူအဆများကို အတင်းအဓမ္မ လုပ်ခိုင်းကြသည်။ မလုပ်ကြသော ပြည်သူ များကို အတင်းညှင်းပန်းနှိပ်စက်ကလူပြုကြသည်။ သတ်ဖြတ်ကြသည်။ ရက်စက်ကြသည်။ ထိုအခါ ပြည်သူလူထု အတွင်းမှပင် လူငယ်တစ်ဦးသည် မိမိ၏ ယုံကြည်မှုနှင့် ကိုးကွယ်မှုတရားအပေါ် မိမိ၏ ဖန်ဆင်းရှင် ကိုသိမြင်ကာ ပြည်သူအပေါင်းတို့ကို မှန်ကန်သော လမ်းကို ပြသကာ လွတ်လပ်မှန်ကန်သော စံနစ်နှင့် နိုင်ငံ တော်ကို တည်ထောင်ကြသည်။ ထိုသို့ တည်ထောင်သော လမ်းကြောင်းတွင် မြောက်များစွာသော ဘုရင်ဆိုးများ၊ အုပ်ချုပ်သူများကို တိုက်ခိုက်ဖယ်ရှားပစ်ပြီး မှန်ကန်သော စစ်မှန်သော ပြည်သူအများစုကို ကိုယ်စားပြုသော ဘာသာ သနာသနာနှင့် နိုင်ငံတော်ကို တည်ထောင်နိုင်ခဲ့သည့် သမိုင်းမှတ်တမ်းသည် ထင်ထင်ရှားရှား မိမိတို့အရှေ့တွင် တည်ရှိသည်ကို ကောင်းစွာသိရှိနိုင်သည်။

အထက်ပါအကြောင်းမရာများကို လေ့လာသူတိုင်းသည် မိမိတို့ခေတ်တွင် အဆိုအပါ အခက်အခဲများ၊ အရှုပ်အထွေးများ၊ ဘုရင်ဆိုးများ၊ မတရားအုပ်ချုပ်သူများနှင့် မတရားမှုများကို တွေ့ဆုံတိုင်း အဆိုပါ အတွေ့ အကြုံများကို သင်္ခန်းစားယူကာ မိမိတို့ အမှန်တကယ် လုပ်ကိုင်ဆောင်ရွက်သင့်သည့် နည်းလမ်းများကို သမိုင်းအဖြစ်အပျက်များမှ အတုယူကာ ကြိုးပမ်းဆောင်ရွက်ရင်း အောင်မြင်မှုကို ရရှိနိုင်ပါသည်။ မိမိတို့က တဖန် အောင်မြင်သူများ အုပ်ချုပ်သူများ ဘုရင်များဖြစ်လာကလည်း သမိုင်းအတွင်းက ဘုရင်ဆိုးများ မတရားမှု များကို မဖြစ်အောင် ရှောင်ကြဉ်နိုင်သည့် အခြေအနေများကို သိရှိလေ့လာနိုင်ပါသည်။ သို့ဖြင့် သမိုင်းဟူသည် ဖတ်စရာ ပုံတိုပတ်စ အဖြစ်သာ သဘောမထားသင့်ဘဲ မိမိတို့အတွက် အလွန်အဖိုးထိုက်တန်သော စာပေဟင်းလေးအိုးကြီးအဖြစ် ခံယူခြင်း မိမိတို့၏ အလွန်အဖိုးတန်သော ရတနာသိုက်အဖြစ်ခံယူရမည်ဖြစ် ကြောင်း တင်ပြအပ်ပါသည်။

မွတ်စလင် သူတော်ကောင်းများအတွက် အထူးသတင်းကောင်းပါးခြင်သည်မှာ သမိုင်းအဖြစ်အပျက်များစွာကို မိမိတို့လေ့လာနိုင်ပါသည်။ သို့သော် အကောင်းဆုံးလေ့လာထိုက်သော သမိုင်းဖြစ်ရပ်များသည် မိမိတို့၏ တမန် တော်များ၏ ဘ၀ဖြစ်ရပ်များကို လေ့လာသင့်ကြောင်း ဦးစွာ တင်ပြခြင်ပါသည်။ နဗီတမန်တော်များအကြောင်း ကို သိရန်သည် မွတ်စ်လင်မ် တိုင်းအပေါ် ၀ါဂျိဗ်တာဝန်အဖြစ် တာဝန်ရှိပါသည်။ ကျမ်းမြတ်ကုရ်အာန်တွင် လာရှိ သည်မှာ ရှေးခေတ်လူများ၏ အကြောင်းအရာများသည် နှောင်းခတ်လူသားများအတွက် သင်္ခန်းစာပင်ဖြစ် ပါသည်ဟု မိန့်ထားပါသည်။ ထို့အပြင် နဗီတမန်တော်များသည် အပြစ်ကင်းစင်သည့်သူများ ဖြစ်သည်က တကြောင်း၊ အလ္လာဟ်အရှင်မြတ် အမိန့်တော်များကို တသဝေ မတိမ်း လိုက်နာဆောင်ရွက်သူများဖြစ်ကြ သည်ကတကြောင်း၊ စာရိတ္တအရာတွင် သူမတူအောင် အထူးကောင်းမွန် မွန်မြတ်ကြသည့် သူများဖြစ်သည်က တကြောင်း၊ အထူးအတုယူစရာ စံပြပုဂ္ဂိုလ်များ ဖြစ်သည်ကတကြောင်း ၄င်းတို့၏ အကြောင်းကို လေ့လာလိုက် စားကြရန် အထူးပင်အရေးကြီးသည်ဟု ထင်မြင်ယူဆပါသည်။

အထူးသဖြင့် တမန်တော်ချုပ် မုဟမ္မဒ် (ဆွ) ၏ အထုပ္ပတ္တိကို ကောင်းစွာလေ့လာလိုက်စားရန် အရေးကြီးပါ သည်။ မွတ်စ်လင်မ် အွမ္မသ်သားတိုင်းသည် တမန်တော်မြတ် (ဆွ)၏ အကြောင်းကို လေ့လာလိုက်စားရန်သည် ဖရပ်ဇ်တာဝန်ဖြစ်သည်။ အကြောင်းမှာ တမန်တော်များကို ယုံကြည်ရန်သည် အီမာန်ယုံကြည်ချက်၏ အချက် များတွင် အပါအ၀င်ဖြစ်သည်။ အထူးသဖြင့် တမန်တော်တို့၏ အကြောင်းအရာများကို မသိရှိလျှင် မိမိတို့သည် သူတို့အကြောင်းကို မည်သို့မျှ မသိရှိနိုင်သလို သူတို့ကို ယုံကြည်ရန်လည်း ပို၍အလှမ်းဝေးသွားမည်ဖြစ်သည်။ ထိုအခါ သူတို့ကို ယုံကြည်ရန်သည်လည်း ပို၍ ဝေးကွာသွားလိမ့်မည်။ သူတို့ကို လက်မခံနိုင်လျှင် ၄င်းတို့အပေါ် ကျရောက်သော ကျမ်းများကိုလည်း လက်ခံနိုင်မည်မဟုတ်ပါ။ သို့ဖြစ်၍ ကျမ်းမြတ်ကုရ်အာန်တွင် နဗီတမန် တော် ၂၅ ပါးအကြောင်းကို အမိန့်တော်လာရှိထားသည်ကို မိမိတို့အနေဖြင့် ကောင်းစွာလေ့လာရန်အတွက် အတန်ပင် သဘောပေါက်မိပြီဟု ယူဆမိပါသည်။ သို့ဖြင့် မိမိတို့သည် တမန်တော်တို့၏ စွန္နသ်တော်များကို သိရှိနိုင်ကာ လက်တွေ့အကောင်အထည်ဖေါ်နိုင်ပြီး အလ္လာဟ်အရှင်မြတ် နှစ်သက်သူများဖြစ်အောင် ကြိုးပမ်း စေချင်ပါသည်။

တမန်တော်ချုပ်မိုဟမ္မဒ် (စွ) ၏ အထုပ်ပတ္တိအကြောင်း

တမန်တော်မြတ် မိုဟမ္မဒ် (စွလ္လလ္လာဟုအလိုင်ဟိဝစလ္လာမ်) သည်တမန်တော်ပေါင်း (၁၂၄၀၀၀) တစ်သိန်းနှစ်သောင်းလေးထောင်ကျော်တို့အနက် နောက်ဆုံးစေလွှတ်တော်မူခြင်းခံရသော အလ္လာဟ်အရှင်မြတ် ၏အမြင့်မြတ်ဆုံးသော တမန်တော်ချုပ်ပင်ဖြစ်တော်မူသည်။ လောကီလောကုတ္တရာနှစ်ဋ္ဌာနစလုံးတွင် လူသားတို့၏ အောင်မြင်မူအတွက် လမ်းညွှန် သွန်သင်ရှေ့ ဆောင်ခဲ့သည့် စံပြခေါင်းဆောင်ကြီးလည်းဖြစ် တော်မူသည်။ တမန်တော်မြတ်ကို ကမ္ဘာ၏ဗဟိုဒေသဖြစ်သော အာရပ်နိုင်ငံ မက္ကာမြို့တော်တွင် အမြင့်မြတ်ဆုံး သော “ကုရိုက်ရှ်” မျိုးနွယ်ဝင်အဖ - အဗ်ဒွလ္လာဟ်၊ အမိ-အာမိနာဟ်တို့မှ ခရစ်သက္ကရာဇ် - ၅၇၁ ခု၊ ဧပြီလ (၂၂) ရက်၊ တနင်္လာနေ့နံနက်အရုဏ်ဦးအချိန်၌ဖွားမြင်တော်မူခဲ့ပေသည်။

အာရဗ်ကမ္ဘာနိုင်င်၏ အခြေအနေ

တမန်တော်မြတ် (စွ) မပွင့်မီ အရဗ်နိုင်ငံ၏ အခြေအနေအရပ်ရပ်မှာ အဆိုးသွမ်းဆုံးဖြစ်နေခဲ့ပေသည်။ တမန်တော် အီစာ (အ) သခင်၏နောက်နှစ်ပေါင်း (၅၇၁) ခုနှစ် ကျော်တိုင်မည်သည့်တမန်တော်မှ စေလွှတ်ခြင်းမရှိခဲ့သဖြင့် အရဗ်နိုင်ငံနှင့် ကမ္ဘာတစ်ဝှန်းလုံးရှိလူသားတို့သည် တရားလက်လွတ်ဖြစ်ကာ ဒုစရိုက်မူဟူသမျှကို ခုံမင်နှစ်သက်စွာ ကျူးလွန် နေခဲ့ကြပြီး၊ နေ၊ လ၊ နက္ခတ်၊ တာရာ၊ ကျောက်တုံး၊ ကျောက်ခဲ၊ ရုပ်တုစသည်များကို မိမိတို့၏ ကိုးကွယ်ရာအရှင်အဖြစ်မှတ်ယူးကိုးကွယ်နေကြသည်။ ထိုအရာများကသား မိမိတို့သားကောင်းကျိုးဆိုးကျိုးပေးနိုင်သည်ဟု ထင်မှတ်ကာ ဆည်းကပ်ကိုးကွယ်နေခဲ့ကြပေသည်။

ကလေးဘဝ

တမန်တော်လောင်းအား မမွေးဖွားမှီကပင် ဖခင်ကြီးအဗ်ဒုလ္လ်ကွယ်လွန်ခဲ့သည်။ တမန်တော်လောင်းအား ဖွားမြင်သောအခါ ဘိုးတော်အဗ်ဒွလ်မွတ်တွာလစ်ဗ်သည် ဝမ်းမြောက်ဝမ်းသာစွာဖြင့် မြေးတော်ကို “မိုဟမ္မဒ်” ဟူ၍ မှည့်ခေါ်လေသည်။ မိခင်ဖြစ်သူက ချစ်စနိုးဖြင့် အဟ်မဒ် ဟူ၍ မှည့်ခေါ်လေသည်။ မွေးဖွားပြီးနောက် မိခင်သည် ရက် အနည်းငယ်သာ ပြုစု စောင့်ရှောက်ပြီး နို့ထိန်းသည် “ဟာလီမာ” သခင်မထံ ဆက်လက်ပြုစု စောင့်ရှောက်ရန် အပ်နှင်းလိုက်လေသည်။

တမန်တော်လောင်းသည် အခြားကလေးငယ်များကဲ့သို့ ငိုယိုစူပူခြင်း ခိုက်ရန်ဒေါသဖြစ်ခြင်း၊ စသော အပြုအမူ များ မပြုခဲ့သည်သာမက၊ ထူးခြားယဉ်ကျေးသော အပြုအမူများသာ ပြသခဲ့ပါသည်။ ဖသက်ဆိုးဖြစ်ခဲ့သော် တမန်တော်လောင်း သက်တော် ခြောက်နှစ် (၆) နှစ်တိတိတွင် မိခင်ကွယ်လွန်သွားပြန်သဖြင့် မိသက်ဆိုး အဖြစ်နှင့်ပင် ဘိုးတော်နှင့် ဘထွေးတော်တို့၏ အုပ်ထိန်းစောင့်ရှောက်မှုအောက်တွင် ကြီးပြင်းလာခဲ့ရရှာ၏။ တမန်တော်လောင်းသည် မည်သည့် ဆရာတစ်ဦးတစ်ယောက်ထံမှ စာပေပညာ၊ အရေးအဖတ် မသင်ခဲ့ရသူ (အွမ္မီ) ဖြစ်၏။ သို့ရာတွင် အလ္လာဟ်အရှင်မြတ်က တမန်တော်မြတ်အား ကမ္ဘာစကြာဝဋ္ဌာ တ၀န်းလုံးရှိ ပညာရှင် အားလုံးတို့ထက် သာလွန်ထူးကဲသော အသိဥာဏ်နှင့် ပညာရပ်များကို ပေးသနားတော်မူကာ တတ်မြောက်စေ လေသည်။

ဘ၀သင်တန်းပေးခံရခြင်း

အလ္လာဟ်အရှင်မြတ်သည် မိမိ၏အချစ်တော် တမန်တော်လောင်းအား နောက်တစ်ချိန်တွင် တမန်တော်ဖြစ်ကာ လူထုအား ဦးဆောင်ထိန်းသိမ်းရာတွင် လိုအပ်မည့်အရေအချင်းများ ရှိလာစေရန်အတွက် သည်းခံစိတ်၊ အလုပ် တာဝန်ကို မခိုမကပ်ဆောင်ရွက်တတ်သော အကျင့်များကို ရရှိစေနိုင်သည့် ဆိတ်ကျောင်း လုပ်ငန်းကို ကိုယ်တော်မြတ်၏ နို့စို့ဖက်ညီနောက်များနှင့်အတူ လုပ်စေတော်မူလေသည်။ ထိုသို့ဆိတ်ကျောင်းနေစဉ် တစ်နေ့တွင် ကောင်းကင်တမန်နှစ်ပါးသည် လူသားအသွင်ဆောင်လျှက် လာရောက်ကာ တမန်တော်လောင်း၏ ရင်ကိုခွဲလျှက် နှလုံးသားကို ဆေးကြောသန့်စင်ပေးလေသည်။

တမန်တော်မြတ် (ဆွ) လူငယ်ဘ၀အကြောင်း

တမန်တော်လောင်းသည် သက်တော် (၁၂) နှစ်အရွယ်တွင် ဘထွေးတော် အဘူသွာလိဗ်နှင့်အတူ ဆီးရီးယား နိုင်ငံသို့ ကူးသန်းရောင်းဝယ်ရေး ခရီးစဉ်တွင် လိုက်ပါသွားရာ လမ်းခရီးတွင် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ ဗဟုသုတများသာမက ထူးခြားသော အဖြစ်အပျက် တစ်ရပ်ကိုပါ တွေ့ရှိခဲ့ရလေသည်။ ၄င်းအဖြစ်အပျက်က လမ်းခရီးရှိ ဘွတ်စ်ရာ ဟူသောအရပ်တွင် စခန်းချနားနေစဉ် ထိုစခန်းအနီးရှိ ကျောင်းခန်းတွင် နေထိုင်သော ခရိယာန် ပညာရှင်များက ရှေးကျမ်းစာများလာ တမန်တော်အချုပ်အဖြစ် နောက်ဆုံးပွင့်ရောက်လာလတ္တံ့တော် တမန်တော်၏ အချင်းလက္ခဏာနှင့် အဆင်းလက္ခဏာ အင်္ဂါများသည် ဤသူငယ်တွင် ပါရှိပါသည်ဟူ၍ ပြောဆိုခဲ့လေသည်။

ထို့ကြောင့် သင်သည် ဆီးရီးယားနိုင်ငံသို့ ခေါ်ဆောင် မသွားသင့်ပါ။ ထိုနိုင်ငံရှိ ရဟူဒီများသည် ဤသူငယ်အား ဧကံမောက်ချ ရန်မူကြမည်ဖြစ်သည်ဟု အဘူသွာလိဗ်အား ပြောကြားသဖြင့် အဘူသွာလိဗ်သည် တူတော် မောင်အား မက္ကာမြို့သို့ ပြန်လည်ခေါ်ဆောင်လာခဲ့လေသည်။ တမန်တော် သက်တော် ၈ နှစ် ၂ လ ၁၀ ရက် ပြည့်သည့်နှစ်တွင် ဘိုးတော် အဗ်ဒွလ် မွတ္တလိဗ် ကွယ်လွန်ပြီး ဘထွေးတော် အဘူသွာလိဗ်က အုပ်ထိန်းသူ အဖြစ် တာဝန်ယူခဲ့ပါသည်။

တွေးတော်မြော်မြင်စဉ်ခြင် သုံးသပ်ခြင်း

စဉ်းစားတတ်သည့်အရွယ်သို့ရောက်ပြီဖြစ်သော် တမန်တော်လောင်းသည် ပတ်ဝန်းကျင်နှင့် ကမ္ဘာလောကကြီး ၏ အကြောင်းများကို ဆက်စပ်တွေးတော်စ ပြုတော်မူလာပါသည်။ လူသားအချင်းချင်း ညှာတာထောက်ထားမှု ကင်းမဲ့ကာ ကြီးနိုင်ငယ်ညှင်း စနစ်များ လွှမ်းမိုးလျှက် မငြိမ်းချမ်းဖြစ်နေသော မိမိပတ်ဝန်းကျင်၏ အခြေအနေ များကို တွေ့ရပြီး မနှစ်မြို့တော်မူယုံသာမက ထိုအပြုအမူအခြေအနေဆိုးများကို ပြုပြင်ပြောင်းလဲပစ်လိုသော စိတ်ဓါတ်များ တဖွားဖွား ပေါ်တော်မူလာလေသည်။ ထို့ကြောင့် လူငယ်လူရွယ်များကို စည်းရုံးဖိတ်ခေါ်၍ အောက်ပါသဘောတူညီချက်များကို ဆုံးဖြတ်ရယူခဲ့ပေသည်။

(၁) ငါတို့သည် ပြည်တွင်းငြိမ်းချမ်းမှုကို တည်ဆောက်ကြမည်။
(၂) ငါတို့သည် ခရီးသည်များကို ပြုစုစောင့်ရှောက်ကြမည်။
(၃) ငါတို့သည် ဆင်းရဲသားများကို ကူညီကြမည်။
(၄) ငါတို့သည် ကျူးကျော်သူများ၏ ကျူးကျော်မှုများကို တားဆီးပိတ်ပင်ကြမည်။
(၅) ငါတို့သည် မက္ကာမြို့ကို ကျူးကျော်သူများအား ရပ်တည်ခွင့်မရအောင် တွန်းလှန်ကြမည်။
ဤသို့ အမှန်တရားကို ရှေ့ရှုဆောင်ရွက်တော်မူသဖြင့် မက္ကာမြို့သားတိုင်းက တမန်တော်လောင်းအား နံမည်ကို မခေါ်ကြဘဲ ဆွာဒိက် အမှန်တရားရှင် အမီးန် သစ္စာရှင် ဟူ၍ပင် ကြည်ညိုလေးစားစွာ ခေါ်ခဲ့ကြလေသည်။

ငြိမ်းချမ်းရေးအတွက်ဆောင်ရွက်ချက်

တမန်တော်လောင်း၏ ငြိမ်းချမ်းေ၇းအတွက် ဆောင်ရွက်မှုလုပ်ငန်းများအနက် ထင်ရှားသောဆောင်ရွက်မှု တစ်ရပ်မှာ ကအ်ဗဟ် ကျောင်းတော်ကြီး ပြန်လည်ပြုပြင်ရေးနှင့် ဆက်လျှဉ်းသော ပြသာနာကြီးကို ပြေလည် အောင်ဖြေရှင်းပေးနိုင်ခဲ့မှုပင်ဖြစ်သည်။ ဖြေရှင်းပေးပုံမှာ ကမ္ဘာဦးဝတ်ကျောင်းတော်ကြီးဖြစ်သော ကအ်ဗဟ် ကျောင်တော်ကြီးတွင် ပျက်စီးယိုယွင်းမှုများ ဖြစ်လာသဖြင့် ပြုပြင်ကြရာ ဟဂ်ျရိအစ်ဝဒ် ကျောက်တုံးကို မူလနေ ရာသို့ ပြန်လည် တပ်ဆင်ရေးကိစ္စတွင် အမျိုးသားအုပ်စု ခေါင်းဆောင်အချင်းချင်း သူတတ်ဆင်မည် ငါတတ်ဆင်မည် စသဖြင့် ၄ ရက်တိုင်တိုင် အငြင်းပွားကာ သွေးချောင်းစီးလုနီးပါး ဖြစ်ခဲ့သည်။

ထိုပြသာနာကြီး ကို ကိုရိုင်ရှ် မျိုးနွယ်ဝင်ကြီးဖြစ်သူ တစ်ဦး၏ အကြံပေးချက်အရ နောက်တစ်နေ့နံနက်တွင် ကအ်ဗဟ် ကျောင်းတော်အတွင်းသို့ ရှေးဦးစွာ ၀င်ရောက်လာသူအား ဆုံးဖြတ်ပေးသူအဖြစ် တင်မြှောက်ပြီး ၄င်း၏ စီစဉ်မှု အတိုင်း ပြသာနာ ကို ဖြေရှင်းရန် အားလုံးက သဘောတူကြလေသည်။ နောက်တစ်နေ့ နံနက်တွက် ကိုယ်တော် မြတ် (ဆွ) သည် ကအ်ဗဟ်ကျောင်းတော်တွင်းသို့ ပထဦးဆုံး ၀င်ရောက်လာနေသည်ကို တွေ့မြင်ကြရသည်နှင့် တစ်ပြိုင်နက်အားလုံးက သစ္စာရှင်လာပြီး၊ သူ၏ အဆုံးအဖြတ်ကိုနာခံကြမည် ဟု ကြွေးကြော်ကြကာ ပြသာနာ ကြီးကို ဖြေရှင်းပေးပါရန် ၀ိုင်းဝန်းကာ ပန်ကြားကြသဖြင့် ကိုယ်တော်မြတ်က စောင်ပိုင်းတစ်ခုကို ယူစေ၍ ခင်းစေပြီး ကိုယ်တော်တိုင် မိမိလက်တော်ဖြင့် ဟဂ်ျရိအစ်ဝဒ် ကျောက်ကို မယူတော်မူကာ စောင်၏ အလယ် တွင်ထား၍ စောင်၏ အစွန်းပိုင်းများကို အမျိုးသားအုပ်စု ခေါင်းဆောင် အသီးသီး တို့အား သယ်ယူစေတော်မူပြီး ကျောင်းတော်အနီးသို့ ရောက်လျှင် ကိုယ်တော်မြတ်ကိုယ်တိုင် ကျောက်တုံးကို မယူတော်မူကာ မူလနေရာတွင် တပ်ဆင်ပေးတော်မူလိုက်လေသည်။ ထိုသို့သွေးချောင်းစီး လုနီးပါးဖြစ်နေသည့် ပြသာနာကြီးကို အားလုံးသော အမျိုးသားအုပ်စုများ ကျေနပ်မှုရရှိစေသည့်အထိ ဖြေရှင်းနိုင်ခဲ့ပေသည်။

တမန်တော်မြတ် (ဆွ) ထိမ်မြားတော်မူခြင်းအကြောင်း

ဤသို့သော် အရည်အချင်းကောင်းများဖြင့် ပြည့်စုံနေတော်မူသည့် ကိုယ်တော်မြတ်၏ သတင်းကို ကြားသိနေသူ များအနက် ကိုရိုင်းရှ်မျိုးနွယ်ဝင် ဂုဏ်သရေရှိ ကြွယ်ဝချမ်းသာလှသည့် ကုန်သည်တစ်ဦးဖြစ်သူ ခတီဂျာ သခင်မ က ကိုယ်တော်အားဖိတ်ခေါ်ကာ မိမိ၏ကုန်ပစ္စည်းများကို ဆီးရီးယားနိုင်ငံသို့ သွားရောက်ရောင်းချပေးပါရန် အပ်နှံလေသည်။ ကိုယ်တော်မြတ်သည် ဆီးရီးယားနိုင်ငံမှ ကုန်ရောင်းပြီးပြန်လာသောအခါ အမြတ်အစွန်း မြောက်များစွာ ရရှိခဲ့ကြောင်းနှင့် ကိုယ်တော်မြတ်၏ ထူးခြားသော စိတ်နေသဘောထား လုပ်ရည်ကိုင်ရည် စသည့် အရည်အချင်းကောင်းများကိုပါ ထပ်မံသိရှိရသဖြင့် သခင်မကြီးသည် ကိုယ်တော်မြတ်အား လေးစားယုံ သာမက ချစ်ခင်စုံမက်မှုပါ ဖြစ်လာသောကြောင့် မိမိနှင့် ထိမ်းမြားရန် သခင်မကပင် စကားကြောင်းလှမ်းခဲ့လေ သည်။

ထိုအခါ ကိုယ်တော်မြတ်သည် ထိုမင်္ဂလာကြောင်းလမ်းမှုကို မိမိ၏ ဘကြီးတော် အဘူတွာလိဗ်အား တင်ပြရာ ဘကြီးတော်ကလည်း သဘောတူတော်မူလိုက်ကာ တူတော်မောင်အား ကောင်းမွန်ခမ်းနားစွာ ထိမ်းမြားပေး လိုက်လေသည်။ ထိုအချိန်တွင် ကိုယ်တော်၏ အသက်မှာ ၂၅ နှစ်သာရှိပြီး ခတီဂျာ် သခင်မ၏ အသက်မှာ ၄၀ ရှိပြီးဖြစ်ပါသည်။ သခင်မသည် စိတ်နေသဘောထား ဖြူစင်ကောင်းမြတ်ပြီး တမန်တော် လောင်းအား ဇနီးကောင်းတစ်ဦးပီသစွာ ပြုစုခဲ့လသည်။ သခင်မသည် ကိုယ်တော်မြတ်အား လွန်စွာ ချစ်ခင် မြတ်နိုးလေး စားခဲ့လေသည်။ ကိုယ်တော်မြတ်သည်လည်း လွန်စွာပင် ချစ်ကြည်မြတ်နိုးတော်မူခဲ့ကာ သခင် မအသက် ထင်ရှားရှိနေစဉ် အခြားအိမ်ထောင်သစ် ထူထောင်ခြင် လုံးဝပြုတော်မမူခဲ့ပေ။ ကိုယ်တော်မြတ်နှင့် သခင်မတို့၌ သားတော် နှစ်ပါးနှင့် သမီးတော် ၄ ပါး ထွန်းကားခဲ့ကြ၏။ ခတီဂျာ သခင်မ ကွယ်လွန်စဉ် တမန် တော်မြတ်သည် အလွန်ပင် ကြေကွဲဝမ်းနည်းတော်မူကာ ယူကြုံးမရဖြစ်ပြီး နှမြောတသနေခဲ့၏။ ခတီဂျာ သခင်မနှင့် ပတ်သက်ပြီ တမန်တော်မြတ်က ကျွန်ုပ်သည် ဆင်းရဲနွမ်းပါးသူ တစ်ဦးဖြစ်ခဲ့သည်။ ခတီဂျာသည် ကျွန်ုပ်နှင့် ထိမ်းမြား၍ ကျွန်ုပ်အား ပြည့်စုံကြွယ်ဝစေခဲ့သည်။ အစပထမတွင် ကျွန်ုပ်အား ထောက်ခံခဲ့သည်။

အာရပ်တစ်မျိုးသားလုံးတို့က ကျွန်ုပ်အား ရန်ပြုနေခဲ့ကြစဉ် ခတီဂျာ သခင်မသည် ကျွန်ုပ်အား မိတ်ဆွေကောင်း တစ်ဦးအဖြစ် ကူညီပန့်ပိုးအားပေးခဲ့သည်ဟု ပြောပြတော်မူလေ့ရှိပါသည်။ ခတီဂျာ သခင်မသည် တမန်တော် မြတ်၏ အလိုဆန္ဒနှင့်အညီ မိမိဥစ္စာပစ္စည်းများကို အလ္လာဟ် လမ်းတော်တွင် ယက်ယောစွာ လူဒါန်းပေးကမ်း စွန့်ကြဲလေ့ရှိ၏။ ကိုယ်တော်တွင် တစ်စုံတစ်ရာ သုံးစွဲရန် ဆန္ဒတော်ရှိတိုင်း သခင်မသည် ကြည်ဖြူရက်ရောစွာ သုံးစွဲစေခဲ့သည်သာဖြစ်သည်။ သခင်မသည် မိမိအသက်ထက်ဆုံး ကိုယ်တော်အား ဇနီးကောင်းပီပီ ကိုယ်စွမ်းရှိ သ၍ ညာဏ်စွမ်းရှိသ၍ ကူညီခဲ့ပါသည်။ စံမတူအောင် ပြုစုခဲ့ပါသည်။ ကိုယ်တော်မြတ်နှင့် သခင်မတို့သည် အချင်းချင်း ကူညီစောင်မ ထောက်ထားစာနာ ချစ်ကြည်စွာဖြင့် ရိုးမြေကျအောင် ပေါင်းသင်းနေထိုင်ခဲ့ကြပေ သည်။

တမန်တော်အဖြစ်ချီးမြှောက်ခံရတော်မူခြင်းအကြောင်း

ဤသို့ကိုယ်တော်မြတ်သည် သခင်မကြီးနှင့်အတူ နေထိုင်လာပြီးနောက် ကိုယ်တော်မြတ်တွင် တွေးခေါ် မြော်မြင်မှုဆင်ခြင်တုံတရားတိုးပွားလာကာ အမှန်တရားရှာဖွေမှုကို ယခင် ချိန်များထက်ပိုမိုပြုတော်မူလေသည်။ အသက်တော်(၄၀) နှစ်အရွယ်သို့ ရောက်သောအခါ (မက္ကာ) မြို့မှ (၉) မိုင်ကွာရှိ (ဟီရာ) “လိုဏ်ဂူ” တွင်ဝင်၍ စကြာဝဋ္ဌာ၏ အဖြစ်အပျက်များကို တွေးခေါ် မြော်မြင်ကာ ဆင်ခြင်တုံတရားကို ထိုထက်ကျင့်သုံးနေသည့် တစ်နေ့တွင် ကောင်းကင်တမန် (ဂျီဗရာအီးလ်(အ)) ရောက်လာပြီး အလ္လာဟ်အရှင်မြတ် ထံမှ မုက္ခပါဌ်တော် (စူရာဟ်အလတ်က်အစမှ အာယသ် ၅ ထိ) ကို ရွတ်ဖတ်သရဇျွယ်တော် မူပါမည့် အကြောင်း ကိုယ်တော်အား လျှောက်ထားပန်ကြားလေတော့သည်။

ထိုသို့ဖြင့် ကိုယ်တော်မြတ်သည် နောက်ဆုံးတမန်တော် (နဗီချုပ်) ဟူသော “နဗူဝါ့သ်” ဘွဲ့တံဆိပ်နှင့် ကမ္ဘာ့လူသားတစ်ရက်လုံးအား အစ္စလာမ်တည်းဟူသော ငြိမ်းချမ်းရေးလမ်းစဉ်ကို ဖြန့်ချီသွန်သင်ဟောကြားရန် တာဝန်ပေးတော်မူခြင်း ခန်ရလေတော့သည်။ ကောင်းကင်တမန် ဂျီဗရာအီးလ်(အ) သည် အလ္လာဟ်အမိန့်တော်များကို ပြောာကြား၍ ပြန်သွား တော်မူပြီးနောက် ကိုယ်တော်မြတ်သည် စိုးရိမ်ကြီးစွာဖြစ်ကာ “ဟိရာ” လိုဏ်ဂူမှ ပြန်သွား တော်မူပြီး၊ ကြင်ယာတော် ခတီဂျာ သခင်မအား ဖြစ်ကြောင်းကုန်စင်ကို ပြောပြတော်မူ၏။

ထိုအခါ ခတီဂျာ သခင်မက ကိုယ်တော် စိုးရိမ်တော်မမူပါနှင့်၊ သခင်သည် သားချင်းများနှင့် ကောင်းမွန်စွာ ဆက်ဆံတော်မူပါသည်၊ မရှိဆင်းရဲသားကိုလည်း ကောင်းမွန်စွာ ကူညီပါသည်၊ ဧည့်သည်များအားလည်း ကောင်းမွန်စွာ ပြုစုတော် မူပါသည်၊ သူငှာအများ အကျိုးကိုလည်း ကောင်းမွန်စွာ သယ်ပိုးတော်မူပသည်။ အလ္လာဟ်အရှင်မြတ်သည် သခင့်အား သေးသိမ်စေတော်မူမည်မဟုတ်ပါဟု ပြောဆိုနှစ်သိမ့်ခဲ့ပါသည်။
ထို့နောက် သခင်မကြီးသည် တမန်တော်မြတ်အား မိမိ၏ဦးရီး၏သား (၀ရကဗင် နော်ဖဲလ်) ထံသို့သွားကာ အကျိုးအကြောင်းကို ပြောပြပါသည်။ ၀ရကသည် ကောင်းကင်ကျကျမ်းများကို ဖတ်ဖူးထားသော ပုဂ္ဂိုလ် ဖြစ်သည့်အလျှောက် ခတီဂျာ သခင်မ ပြောပြသော စကားကို သေချာကျနစွာ နားထောင်ပြီး “ အကယ်၍ ဤအတိုင်းသာဖြစ်ပါက အသင်မ၏ ခင်ပွန်းထံသို့ ရောက်ရှိလာသေ ကောင်းကင်တမန်တော်သည် ဂျီဗရာအိလ် (အ) ဖြစ်သည်။ အသင်မ၏ခင်ပွန်းသည်လည်း တမန်တော်ချုပ်ဖြစ်တော်မူမည်ဟု” ပြောပြလေသည်။

အစ္စလာမ်သာသနာတော်ကို တင်ပြဟောကြားခြင်း

ယင်းသို့တာဝန်ပေးအပ်ခြင်းခံရသည့်အတိုင်း ကိုယ်တော်မြတ်သည် အစ္စလာမ်သာသနာတော်ဖက်သို့ ဖိတ်ခေါ် ဟောကြားရာ အမျိုးသမီးများတွင် ကြင်ယာတော် ခတီဂျာ သခင်မသည် အစ္စလာမ်သာသနာကို ဦးစွာပထမ သက်ဝင်ယုံကြည်ခဲ့သော် ပထမ မွတ်စ်လင်မ် အမျိုးသမီးဖြစ်သည်။ လူငယ်များတွင် ညီဝမ်းကွဲတော်စပ်သူ အခိုင်းအစေများတွင် ဇိုင်ဒ် သခင်၊ မက္ကာမြို့ရှိ မြို့မျက်နှာဖုံးလူကြီးများတွင် သာဝကကြီး အဘူဘကရ်တို့သည် အစ္စလာမ်သာသနာတော်တွင်းသို့ လက်ခံဝင်ရောက်ကြလေသည်။

မိစ္ဆာ၀ါဒီ အဖျက်သမားတို့နှင့် ရင်ဆိုင်ရခြင်း

ထို့နောက် ဆက်လက်၍ ကိုယ်တော်မြတ်သည် လူထုအား ကိုးကွယခြင်းခံထိုက်သော် အရှင်သည် အလ္လာဟ် အရှင်မြတ်တစ်ပါးတည်းသာ ရှိတော်မူကြောင်း မိမိမှာ ထိုအရှင်မြတ်က စေလွှတ်တော်မူသော တမန်တော်ချုပ် ဖြစ်ကြောင်း၊ လူတို့သည် အရှင်မြတ် ပေးအပ်မည့် ပြစ်ဒါဏ်များကို ကြောက်ရွံ့ကြရမည့်ဖြစ်ကြောင်း စသည်တို့ ကို ရှင်းလင် ပြတ်သားရဲဝန့်စွာ တင်ပြဟောပြတော်မူသောအခါ ကိုယ်တော်မြတ်အား ယခင်က သစ္စာဝါဒီ မှန်ကန်သူဟု လေးစားယုံကြည်လိုက်နာခဲ့ကြသော ပုဂ္ဂိုလ်များက ထိုအစ္စလာမ်တရားတော်များကို လက်မခံ ငြင်းဆန်ကြယုံသာမက တမန်တော်မြတ်နှင့် တမန်တော်မြတ်အား ထောက်ခံလိုက်နာသူ မွတ်စ်လင်မ်များကိုပါ ဒုက္ခမျိုးစုံပေး၍ အန္တရယ်မျိုးစုံပြုကာ ၀ိုင်းပယ်ကြလေတော့သည်။

၎င်းတို့သည် တမန်တော်မြတ်အား ဘာသာမဲ့သူ၊ သူရူး၊ ပယောဂ … စသည်ဖြင့် သွားပုပ်လေလွင့် ရှုတ်ချပြောဆိုကြရုံသာမက တရားဟောနေစဉ်တွင်လည်း ဆူညံစွာ ဟစ်အော်လှောင်ပြောင်သရော်ကြသည်။
တမန်တော်ချုပ်သည် အနှောက်အယှက်အဟန့်အတားမျိုးစုံနှင့် ရင်ဆိုင်တော်မူခဲ့ရသော်လည်း၊ မိမိ၏ နောက်လိုက်များနှင့် အတူ ထိုအနှောက်အယှက်၊ ထိုဒုက္ခဆိုးများကိုဇွဲ၊ လုံ့လကြံခိုင်စွာ ရင်ဆိုင်ကာ တရားဟောပြောပို့ချ၍ ဖိတ်ခေါ်ကာ မိမိတာဝန်ကို ဆက်လက်ထမ်းရွက်ရင်း နေတော်မူသည်။

ထိုအခါ မိစ္ဆာယဝါဒီအဖျက်သမားများသည် တမန်တော်မြတ်၏ အုပ်ထိန်းသူဖြစ်သည့် ဘထွေးတော် (အဗူတွာလစ်ဗ်) ထံသို့သွားရောက်ကြ၍ “သင့်တူတော်မောင်သည် အယူဝါဒသစ်၊ သာသနာသစ်ကို ဖြန့်ချီဟောပြောနေသည်၊ ကျွန်ုပ်တို့၏ ဘိုးစဉ်ဘောင်ဆက်မှ အစဉ်အလာဝါဒဟောင်းများကိုပါ ဖျက်ဆီးနေပါသည်။ ထိုကဲ့သို့ လုပ်ဆောင်နေခြင်းမှ ရပ်စဲမည်ဆိုပါက ၄င်းအား ဤနိုင်ငံမှ အချောအလှဆုံး သမီးပျိုများကို ပေးပါမည်၊ သို့တည်းမဟုတ် နိုင်ငံ၏ အာဏာပိုင်ဘုရင်အဖြစ် တင်မြှောက်ပါမည်” စသည်ဖြင့်တိုင်တန်းလျှက် သွေးဆောင်ဟန့်တားကြလေသည်။

ဘထွေးတော် (အဗူတွာလစ်ဗ်) သည်တမန်တော်မြတ်အား ထိုအကြာင်းများကို ရှင်းပြ၍ အစ္စလာမ် သာသနာတော်ဖြန့်ချီဟောကြားခြင်းများကို ရပ်တန့် ရန် တိုက်တွန်းသောအခါ “အို… ဘထွေးတော် ၄င်းတို့ပြောဆိုသောအရာများသာမက ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်ပေးထားသော တာဝန်များကို ဆောင်ရွက်နေခြင်းမှ အနည်းငယ်မျှပင် ရပ်စဲမည် မဟုတ်ပါ။ ဤတာဝန်ကို ဆောင်ရွက်ရာ၌ အကယ်၍ အသက်ကိုစွန့်လှူသွားပါမည်။ ဤကြိုးပမ်းဆောင်ရွက်မှုကိုမူ ရပ်စဲမည်မဟုတ်ပါ” ဟူ၍ ရဲဝန့်စွာပြတ်သားစွာ ပြန်ကြားပြောဆိုလေသည်။ ဘထွေးတော် (အဗူတွာလစ်ဗ်) သည် တမန်တော်မြတ်၏ နှလုံးသားအတွင်းမှ ထွက်ပေါ်လာသော ထိုစကားများကို ကြားရသည့်အခါ “အို.. တူတော်မောင်၊ အသင်အားအသက်ထက်ဆုံး ကူညီပါမည်ဟု” အားပေးစကား ပြောခဲ့ရှာလေသည်။ ထိုအချိန်မှစ၍ တမန်တော်မြတ်သည် အစ္စလာမ့် တရားတော်များကို ယခင်ကျထက်ပိုမို၍ ပွင့်လင်းစွာ ဟောကြားတော်မူလေတော့သည်။

မွတ်စ်လင်မ်အချို့ အီသီယိုးပီးယားနိုင်ငံသို့ရွေ့ပြောင်းခြင်းအကြောင်း

အစ္စလာမ်သာသနာတော်ကို ချေမှုန်းရန်အတွက် ဆန့်ကျင်ရေးသမားများသည် တမန်တော်မြတ်ကို အမျိုးမျိုးအနှောက်အယှက်ပေးခဲ့ကြရာမှ တမန်တော်မြတ်အား လုပ်ကြံရန်ပင် ကြိုးစားနေခဲ့ကြ၏။ သို့တစေလည်း တမန်တောမြတ်သည် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ဖြင့် မည်သည့်အချိန်တွင်မျှ စိုးရိမ်တော်မူခဲ့၏။ တမန်တော်မြတ်သည် မိမိ ကိုယ်ရေးကိုယ်တာအတွက် ပူပန်ကြောင့်ကြမူမရှိခဲ့သော်လည်း မွတ်စ်လင်မ်တို့ ခံစားနေရသော ဒုက္ခများအတွက် ပူပင်သောကရောက်ရှိနေရတော်မူ၏။ မွတ်စ်လင်မ်တို့အား နှိပ်စက်ညှင်းပမ်းမှုများမှ လွတ်မြောက်ရေးကိုသာ တွေးတောကြံဆနေတော်မူခဲ့၏။

မွတ်စလင်မ်တို့အပေါ်၌ ကာဖရ်များ၏ နှိပ်စက်ညှင်းပန်းမှုများ တစ်တနေ့တခြားကြီးမား များပြားလာသောအခါ တမန်တော်မြတ်က အချို့သောမွတ်စ်လင်မ်များအား “အသင်တို့သည် အီသီရိုးပြီးရား နိုင်ငံသို့ ရွှေ့ပြောင်းနေထိုင်ကြကုန်၊ အီသီရိုးပြီးရား နိုင်ငံ၏ ဘုရင်သည် ခရစ်ရာန် ဘာသဝင်ပင် ဖြစ်တော်လည်း တစ်ဖတ်သားကို အလွန်သနားကြင်နာတရားမျှတသည်။ မည်သူကိုမျှ နှိပ်စက်ခြင်းမရှိ၊ တိုင်းသူပြည်သားအားလုံးတို့သည် ငြိမ်းခြမ်းသာရာစွာရှိကြသည်” ဟုမိန့်ကြားတော်မူလေသည်။

ထိုအချိန်တွင် အီတီရိုးပြီးရားနိုင်ငံ၌ မင်းလုပ်အုပ်ချုပ်လျှက်ရှိသော ဘုရင်၏ အမြင်မှာ “နဂျာရှီ” ဟူ၍ဖြစ်သည်။ တမန်တော်မြတ်က ယင်းသို့မိန့်ကြားတော်မူလိုက်အခါ ဦးစွာပထမ မွတ်စ်လင်မ် (၁၁) ဦးတို့သည် မိမိတို့၏ အမိတိုင်းပြည်ကိုစွန့်၍ အီတီရိုးပြီးရားနိုင်ငံသို့ “ဟိဂျတ်သ်” ရွှေ့ပြောင်းသွားကြောင်းကိုကာဖရ်များ သိသွားသောအခါ ကာဖရ်များသည်ယင်းသို့ ရွှေ့ပြောင်းသွားကြသော မွတ်စလင်မ် များကိုပင် ထက်မန်နှိတ်စက်ရန် အတွက် အီတီရိုးပြီးရား ဘုရင်ထံသို့ ကိုယ်စလယ် နှစ်ဦးအား စေလွှတ်ခဲ့ကြ၏။ ဘုရင်နှင့် သက်စိုင်ရာ မူမတ်တို့အား လက်ဆောင်ပေးရန်အတွက် အဖိုးထိုက်တန်သော ပစ္စည်းများကိုလည်း ထည့်ပေးလိုက်ကြ၏။

အဆိုပါကိုယ်စားလှယ်နှစ်ဦးတို့သည် အီသီယိုးပီးယားနိုင်ငံသို့ ရောက်ရှိလာကြသည့်အခါ ဦးစွာပထမ သက်ဆိုင် ရာ အာဏာပိုင်များနှင့် တွေ့ဆုံကြ၏။ လက်ဆောင်များပေးကြ၏။ မိတ်ဆွေဖွဲ့ကြ၏။ မွတ်စ်လင်မ်များနှင့် ပတ်သက်၍ အထင်မှားအမြင်မှားဖြစ်စေရန် ၀ါဒဖြန့်ကြ၏။ ထို့နောက်ဘုရင်နှင့် တွေ့ဆုံကြ၏။ လက်ဆောင် ပစ္စည်းများဆက်သကြပြီးနောက် “ဘုရင်မင်းမြတ်” … ဤမွတ်စ်လင်မ်များသည် ကျွန်တော်မျိုးတို့အား ပုန်ကန် သောသူများဖြစ်ကြ၏။ ဤသူများသည် ကျွန်တော်မျိုးတို့၏ ကိုးကွယ်ရာများကို ရှုတ်ချပြောဆိုကြပါသည်။ ဤသူများသည် ဘာသာသစ်ကို တည်ထွင်နေကြပါသည်။ ၄င်းတို့၏ဘာသာသည် ဘုရင်မင်းမြတ်၏ ခရစ်ယန် ဘာသာနှင့်လည်း ဆန့်ကျင်ပါသည်ဟု” ဘုရင်မင်းမြတ်အား လျှောက်ထားကြလေသည်။

နဂျာရှီဘုရင်သည် မွတ်စ်လင်မ်တို့အား ခေါ်ယူမေးမြန်းကြရာ သာဝကကြီး အလီသခင်၏ ညီတော်ဖြစ်သော ဂျာဖရ်သခင်က “ဘုရင်မင်းမြတ် ….ကျွန်တော်မျိုးတို့သည် ယခင်က အမှိုက်အမှောင်များတွင်သာ နှစ်မွန်းနေ ကြပါသည်။ ဆိုးမိုက်နေကြပါသည်။ မိမိတို့လက်ဖြင့် ပြုလုပ်ထားသောအရာကိုပင် ဆည်းကပ်ကိုးကွယ်ကြခဲ့ပါ သည်။ သားချင်းများကို စော်ကားခဲ့ကြပါသည်။ အသေသားများကို စားနေခဲ့ကြပါသည်။ သေရည်သေရက် သောက်သုံးနေခဲ့ကြပါသည်။ အလောင်းအစားပြုလုပ်နေခဲ့ကြပါသည်။ မိန်းခလေးများကို မွေးလျှင်မွေးခြင်း သတ်ပစ်ကြပါသည်။ အိမ်နီးနားချင်းများကို ဒုက္ခပေးကြပါသည်။ ထို့အပြင်မြောက်များစွာသော ဆိုးသွမ်း မိုက်မဲ မှုများကိုလည်း ကျူးလွန်ခဲ့ကြပါသည်။

ထိုသို့သော် အချိန်မှာပင် ကျွန်တော်မျိုးတို့တွင် အလ္လာဟ်အရှင်မြတ်၏ ဂရုဏာတော်ဖြင့် တမန်တော်တစ်ပါး ပွင့်လာတော်မူခဲ့ပါသည်။ တမန်တော်အမည်မှာ မုဟမ္မဒ် (ဆွ) ဟူ၍ ဖြစ်ပါသည်။ ထိုတမန်တော်မြတ်သည် စိတ်နေသဘောထား အလွန်ဖြူစင်ပါသည်။ ကိုယ်ကျင့်တရား အလွန်ပင် ကောင်းမြတ်ပါသည်။ ကမ္ဘာတစ်ဝန်းလုံးကို ဖန်ဆင်းမွေးမြူတော်မူသော၊ တစ်ဆူတည်းဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်အား ယုံကြည်ကိုးကွယ်ရမည့်အကြောင်း၊ မိမိသည် ထိုအရှင်မြတ်၏ အစေတော် တမန်တော်ဖြစ်သည့်အကြောင်း၊ မကောင်းမှုဟူသမျှကို ဝေးစွာရှောင်ကျဉ်မည့်အကြောင်းများကို ဟောကြား တော မူပါသည်။

ကျွန်တော်မျိုးတို့သည် တမန်တော်မြတ် ဟော်ကြားတော်မူသည့်အတိုင်း အလ္လာဟ်အရှင်မြတ်နှင့် တမန်တော် မြတ်အား ယုံကြည်ကြပါသည်။ ယခင်ကမိုက်မားကျူးလွန်ခဲ့ကြသော မကောင်းမှုများကို စွန့်လွှတ်ကြပါသည်။ ကျွန်တော်မျိုးသို့ ဤသို့ပြုမူခြင်းကို ဤသူမျာသည် မနှစ်သက်ကြသည့်အတွက် ကျွန်တော်မျိုးတို့အား အမျိုးမျိုး နှိပ်စက်ခဲ့ကြပါသည်။ ၄င်းတို့၏နှိပ်စက်မှုများကို မခံမရပ်နိုင်ကြသည့် အဆုံးတွင် တမန်တော်မြတ်၏ ညွှန်ကြားချက်အရ ကျွန်တော်မျိုးတို့သည် မိမိတို့၏ တိုင်းပြည်ကိုစွန့်၍ ဘုရင်မင်းမြတ်၏ အရိပ်တော်တွင် လာရောက်ခိုလှုံခြင်းဖြစ်ပါသည်ဟု ရဲဝန့်မှန်ကန်တည်ကြည်စွာ လျှောက်ထားခဲ့ကြလေသည်။

ဘုရင်မင်းမြတ် သည် ဂျာဖရ်သခင်လျှောက်ထားသည့် စကားများကို ကြားနာရသည့်အခါ လွန်စွာနှစ်သက်သဖြင့် ကိုရိုင်းရှ် မျိုးနွယ်၏ ကိုယ်စားလှယ်များကို ပြန်သွားကြရန် မိန့်တော်မူလိုက်လေသည်။ ၄င်းတို့ပေးဆပ်သော လက်ဆော်ပဏာပစ္စည်းများကိုလည် ပြန်ပေးတော်မူလိုက်လေသည်။ မွတ်စ်လင်မ်များကိုမူ ယခင်အတိုင်း မိမိတိုင်းပြည်တွင် အေးချမ်းသာယာစွာ နေထိုင်ခွင့်ပေးတော်မူ၍ အမျိုးမျိုးမြောက်စားတော်မူလေသည်။
မွတ်စ်လင်မ်များသည်လည်း ဘုရင်မင်းမြတ်နှင့် တိုင်းပြည်အပေါ်တွင် သစ္စာရှိခဲ့ကြသည်။ ကိုယ်စွမ်းရှိသမျှ ဥါဏ်စွမ်းရှိသမျှ ဘုရင်မင်းမြတ်အား ကူညီခဲ့ကြလေသည်။ တိုင်းပြည်အကျိုးသယ်ပိုးခဲ့ကြသည်။ ဘုရင်မင်း မြတ်နှင့် တိုင်းပြည်အတွက် အမြဲဆုမွန်ကောင်းတောင်းပေးခဲ့ကြလေသည်။

ဤဖြစ်ရပ်တွင် မွတ်စ်လင်မ်များသည် မိမိတို့၏ ကျေးဇူးရှင်များအား ကောင်းမွန်စွာ ကျေးဇူးတုံ့ပြန်ခဲ့ကြောင်း အထင်အရှားတွေ့မြင်နိုင်ပေသည်။ တမန်တော်မြတ်ကလည်း ဤအတိုင်းပင် သွန်သင်ပေးခဲ့တော်မူခဲ့လေသည်။ အလ္လာဟ်အရှင်မြတ်ကလည်း ကျမ်းမြတ်ကုရ်အာန်တွင် ဤအတိုင်းပင် မိန့်ကြားတော်မူလေသည်။ (ကျေးဇူးအစားမှ ကျေးဇူးတုံ့ပြန်ခြင်းမှတစ်ပါး အခြားမရှိတော့ပြီ။)
(ဆက်လက်တင်ပြဦးမည်။)

နဗီတမန်တော်အာဒမ် (အလိုင်ဟိစ္စလာမ်)အကြောင်း

တမန်တော်အာဒမ် (အလိုင်ဟိစ္စလာမ်) ဆုမွန်ဒိုအာတောင်းခဲ့သည့် ရဟ်မသ် တောင်


တမန်တော်အာဒမ် (အလိုင်ဟိစ္စလာမ်) ဖန်ဆင်းခြင်း

ကမ္ဘာပထမဦးဆုံးလူသား အာဒမ်(အ) အား အလ္လာဟ်အရှင်မြတ်သည် (ဂျွန်မာ) သောကြာနေ့တွင် ဖန်ဆင်းတော်မူခဲ့သည်။ သို့ရှိရာ အာဒမ်(အ)သည် အဘွတ်လ်ဘရှ်ရ် (ဝါ) လူသားများ၏ ပထမဦးဆုံး ဖခင်ကြီးဖြစ်တော်မူသည်။ တမန်တော် အာဒမ်(အ) သည် သောကြာနေ့၌ပင် ဂျန္နသ်သုခဘုံသို့ ဝင်ရောက် စံမြန်းရလေသည်။ ဂျန္နသ်သုခဘုံတွင် အလ္လာဟ်အရှင်မြတ်က သစ်ပင်တစ်ပင်၏ အသီးကို မစားသုံးရန် တမန်တော်အာဒမ်(အ)အား အမိန့်ထုတ်ထားတော်မူသည်။ ၄င်းအပြင် ဖခင်ကြီး အာဒမ်(အ)အတွက် အဖော်အဖြစ် မိခင်ဟဝါ(အ) သခင်မအား ဖန်ဆင်းပေးတော်မူခဲ့သည်။

ထိုသို့ဂျန္နသ်သုခဘုံတွင် နေထိုင်စဉ် အလ္လာဟ်အရှင်တားမြစ်ပိတ်ပင်ထားသော သစ်ပင်၏အသီးကို စားသုံးမိသဖြင့် အလ္လာဟ်အရှင်မြတ်က ပြစ်ဒဏ်ခတ်သည့် အနေဖြင့် ဂျန္နသ်သုခဘုံမှ လူ့လောကသို့ ပို့ချပစ်တော်မူခဲ့လေသည်။ အလ္လာဟ်အရှင်မြတ်က လူလောကသို့ စေလွတ်သည့်အခါ ဖခင်၊ မိခင်တို့ကို တစ်နေရာတည်းတွင် မစေ့လွှတ်ဘဲ တစ်ယောက်တစ်နေရာစီ ပို့ချတော်မူခဲ့ လေသည်။
ဖခင်ကြီးအာဒမ်(အ)ကို အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ “စန်ဟတ်လ်ဒီး”ကျွန်းသို့ ဆင်းသက်စေခဲ့ပြီး၊ မိခင်ကြီးဟဝါ(အ)ကို လက်ရှိဆော်ဒီအာရေဗျနိုင်ငံ “ဂျဒ္ဒါမြို့” သို့ဆင်းသက်စေခဲ့လေသည်။

မိခင်၊ ဖခင်တို့၏ ပူဆွေးမှု

အလ္လာဟ်အရှင်မြတ်၏ အကြီးဆုံးသော “နေ့အ်မတ်” (စည်းစိမ်) ဆုလာဘ်ဖြစ်သည့် ဂျန္နသ်သုခဘုံမှ စွန့်ခွာခဲ့ရခြင်းကြောင့် ဖခင်ကြီးအာဒမ်(အ)နှင့် မိခင်ကြီးဟဝါ(အ) တို့သည် နှမြောတသပူဆွေးမိကြကာ နှစ်ပေါင်း(၂၀၀)တိတိ အလွမ်းမျက်ရည်များ ကျခဲ့ကြလေသည်။ ထိုပြင် လူလောက၌ ရက်ပေါင်း (၄၀)တိုင်တိုင် မစားမသောက် ဘဲ နေတော်မူခဲ့ကြလေသည်။

အာရ်ဖာသ်ကွင်းပြင်

လူသားများ၏ ဖခင်ကြီးအာဒမ်(အ) နှင့် မိခင်ကြီးဟဝါ(အ)တို့သည် လူလောကတွင် တစ်ယောက်တစ်နေရာစီ နေထိုင်တော်မူခဲ့ကြရာမှ ဇွလ်ဟာဂ်ျလမြတ် (၉)ရက် “အာရ်ဖားသ်” နေ့တွင် ဆော်ဒီအာရေဗျနိုင်ငံ၊ မက္ကာမြို့အနီးရှိ “အာရ်ဖားသ်ကွင်းပြင် ကြီး”တွင် ဖခင် နှင့် မိခင်ကြီးနှစ်ပါးတို့သည် ပြန်လည် တွေ့ဆုံခဲ့ကြလေသည်။ တဦးနှင့်တဦး လည်းမှတ်မိကြလေသည်။ ထိုသို့တွေ့ဆုံပြီး တဦးနှင့်တဦး မှတ်မိကြ ပုံကို အကြောင်းပြုကာ ဌင်းကွင်းပြင်ကြီးအား “အာရ်ဖားသ်ကွင်းပြင်ကြီး”ဟု ယနေ့တိုင် ခေါ်ဝေါ်ကြလေသည်။

ဖခင်ကြီး၏ အရှက်အကြောက်

ဖခင်ကြီးအာဒမ်(အ)သည် ဂျန္နသ်သုခဘုံအားစွန်ခွာပြီး လူ့လောကဘုံသို့ဆင်းသက် ခဲ့ရခြင်းကြောင့် အလ္လာဟ်အရှင်မြတ်အား အလွန်ရှက်ကြောက်တော်မူသဖြင့် နှစ်ပေါင်း (၃၀၀)တိုင်တိုင် ဦးခေါင်းတော်အား အာကာသထက်သို့ မဖော်ခဲ့ပါ။ အချိန်ရှိသရွေ့ “တောင်ဗာဟ်” အမှားဝန်ခံလျှက်ရှိပြီး၊ အရှက်မျက်ရည်များ ငိုကြွေးလျှက်ပင် နေတော်မူခဲ့လေသည်ဟု သမိုင်းပညာရှင် “ရှယ်အစ်ဗနိုအောင် ရှတ်ဗ်” သခင်က သမိုင်းကျမ်း၌ မိန့်ကြားထားလေသည်။

တမန်တော်အာဒမ်(အ)၏ မျက်ရည်

ကမ္ဘာပေါ်ရှိ လူသားအပေါင်းတို့၏ မျက်ရည်များကို စုပေါင်းလိုက်လျှင် ဖခင်ကြီး အာဒမ်(အ)ကျခဲ့သော မျက်ရည်များမှာ လူသားအပေါင်းတို့၏ မျက်ရည်ထက်ပင် ပိုမိုများပြားလိမ့်မည်ဖြစ်သည်။

“ဝဖားသ်” ကွယ်လွန်ခြင်း

ဖခင်ကြီးတမန်တော်အာဒမ်သည် လူ့ဘုံလောကတွင် နှစ်ပေါင်း(၁၀၀၀) သက်တော် ထင်ရှားနေထိုင်တော်မူခဲ့ပြီး “ဂျွမ္မာ” သောကြာနေ့တွင်ပင် ဝဖားသ်ပြု အရှင့်အမိန့်ကို ခံယူခဲ့လေသည်။

နဗီတမန်တော်နူးဟ် (အလိုင်ဟိစ္စလာမ်) အကြောင်း

တမန်တော်နူးဟ်၏ သဘောင်္နှင့်တိရိစ္ဆာန်များ


တမန်တော်နူးဟ် (အလိုင်ဟိစ္စလာမ်) အကြောင်း

တမန်တော်နူးဟ်(အ)၏ ဖခင်အမည်မှာ အဗ္ပဒွလ်လဟတ်က် ဖြစ်သည်။ ၄င်းတမန်တော်၏ အမည်ရင်းမှာ အဗ္ပဒွလ်အဗ္ဗာရ် ဖြစ်သည်။ သို့သော်လည်း အလ္လာဟ်အရှင်မြတ်အား ကြောက်ရွံသဖြင့် လွန်မင်းစွာ ငိုကြွေးခြင်းကြောင့် “နူးဟ်” ဟုအမည်တွင်ခဲ့လေသည်။ နူးဟ်ဟူသော အာရ်ဗီဝေါဟာရ၏ အဓိပ္ပာယ်မှာ ငိုကြွေးခြင်းဟု အဓိပ္ပာယ်ရသည်။

တမန်တော်နူးဟ်(အ)သည် မိမိ၏ အွမ္မသ်အမျိုးသားများအား အလ္လာဟ်အရှင်မြတ်၏ တရားလမ်းမှန်ဖက်သို့ မျှော်လင့်ချက်ကင်းမဲ့သွားခဲ့သည့် အချိန်တွင် မုန်တိုင်းများ တိုက်ခတ်စေပြီး၊ ပြစ်ဒဏ်ချမှတ်ရန် အလ္လာဟ်အရှင်မြတ်ထံ တောင်းခံမှပြုလေသည်။

တမန်တော်နူးဟ်(အ)၏ တောင်းခံချက်အရ၊ ၄င်း၏အွမ္မသ်အမျိုသားများအပေါ် အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှ ပြင်းထန်သော မုန်တိုင်းကြီး တိုက်ခတ်လေသည်။ ထိုအခါ တရားလမ်းမှန်ကို ကျောခိုင်း၍ အလ္လာဟ်အရှင်မြတ် အမိန်တော်အားဖီဆန် ခဲ့သူအပေါင်းတို့သည် အပြစ်ဒဏ်သင့်ကာ သေကြေနစ်မြုတ် ပျက်ဆီးခဲ့ကြကုန် လေသည်။

အဆိုပါ အပြစ်ဒဏ်မုန်တိုင်းကြီး ငြိမ်သက်သွားပြီးနောက်ပိုင်းတွင် ဤကမ္ဘာကြီးသည် ဒုတိယအကြိမ် ပြန်လည်စည်ကားလာခဲ့သည်။ တမန်တော်နူးဟ်(အ)တွင် သားတော် သုံးပါး (၁)ဆားမ် (၂)ဟားမ် နှင့် (၃) ယာဖိစ်ဇ်ရှိခဲ့သည်။

ဒုတိယကမ္ဘာမှာ တမန်တော်နူးဟ်(အ)၏ သားစဉ်မြေးဆက်မှ ပြန်လည်စည်ကားလာ ခြင်းကို အကြောင်းပြု၍ တမန်တော်နူးဟ်(အ)အား “အာဒမ်စာနီ” (ဝါ) ဒုတိယ အာဒမ်(လူသားများ၏ ဒုတိယဖခင်) ဟူ၍ တင်စားခေါ်ဆိုကြသည်။

ကမ္ဘာကျော်အပြစ်ဒဏ်မုန်တိုင်းကြီး တိုက်ခတ်ပြီးနောက် နှစ်ပေါင်း(၆၀)တိတိ တမန်တော်နူးဟ်(အ)သည် ဒွန္နယာလောက၌ သက်တော်ထင်ရှားနေထိုင်တော် မူခဲ့သည်။ ထိုနောက် သက်တော်(၉၅၀)အရွယ်တွင် ဝဖားသ်ပြု အရှင့်အမိန့်ကို ခံယူခဲ့လေသည်။

နဗီတမန်တော်ဒါဝုးဒ် (အလိုင်ဟိစ္စလာမ်)အကြောင်း

တမန်တော်ဒါဝုးဒ် (အလိုင်ဟိစ္စလာမ်) ၏ တိုက်ပွဲဝင်ရန်ပြင်ဆင်နေပုံ


တမန်တော်ဒါဝုးဒ် (အလိုင်ဟိစ္စလာမ်)

တမန်တော်ဒါဝူးဒ်(အ)၏ ဖခင်မှာ အီစာဖြစ်သည်။ ၄င်းတမန်တော်သည် အရှင်မြတ် အား အေဗဒတ်သ်များစွာပြုသူအဖြစ်၎င်း လောကစည်းစိမ်များအား ကျောခိုင်းသော နဗီတမန်တော်တစ်ပါးအဖြစ်၎င်း ကျော်ကြားပါသည်။

တမန်တော်ဒါဝူးဒ်(အ)၏ ရုပ်ဆင်းသဏ္ဌန်မှာ အရပ်အမောင်းနိမ့်ပြီး၊ မျက်နှာတော်မှာ နီရဲလျှက်ရှိပြီးသည်။ ဦးခေါင်းရှိဆံတော်မှာ ဖြောင့်တန်းလျှက်ရှိသည်။ ဒါရီ (မုတ်ဆိတ်)မှာ ရှည်လျား၍ အချို့သော မုတ်ဆိတ်တော်မှာ ကောက်ကွေးလျှက် ရှိသည်။ မျက်နှာတော် အလွန်လှတင့်တယ်ပြီး၊ မွန်မြတ်သောစာရိတ္တဖြင့် ပြည့်ဆုံ တော်မူသည်။ အသံတော်မှာလည်း အလွန်လှပတင့်တယ်ပြီး၊ အလွန်သာယာ လှသည်။

နဗီတမန်တော်လည်းဖြစ်ပြီး၊ တိုင်းပြည်ကိုလည်း အုပ်ချုပ်ရသော ဘုရင် တစ်ပါးဖြစ်ခဲ့သည်။ တမန်တော် ဒါဝူးဒ်(အ)သည် ငယ်ရွယ်စဉ်ကပင် တောင့်တင်း သော ခန္ဓာကိုယ်ဖြင့် ဝဝဖြိုးဖြိုးရှိခဲ့သည်။ ထိုကြောင့် ခန္ဓာကိုယ်ကြောင့် တောင့်တင်း ခိုင်မာလှသော ဂျားလူးသ်အမည်ရှိ ကာဖိရ်မိစ္ဆာအား သတ်ဖြတ်နိုင်ခဲ့သည်။ တမန်တော်ဒါဝူးဒ်(အ)သည် ကိုယ်တော်တိုင် သံချပ်ကာအကျီင်္ကို ပြုလုပ်တော်မူ လေသည်။ ၄င်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုတော်မူခဲ့သည်။ ညဖက်တွင် မအိပ်ဘဲ“အေဗာဒတ်သ်” ပြုတော်မူပြီး တစ်ရက်ခြား ရိုစာဥပုပ်စောင့်တည် တော်မူခဲ့သည်။

တမန်တော်ဒါဝူးဒ်(အ)၏ ခေတ်ကာလ၌ “အိုင်လာ” ဒေသနေ အမျိုသားများသည် အလ္လာရှင်မြတ်၏ အမိန့်တော်ကို ဖီလာဆန့်ကျင်ကြသည်။ အရှင်မြတ်က စနေနေ့ တွင် ငါးမဖမ်းကြရဟူသော အမိန့်ကိုဆန့်ကျင်၍ ထိုနေ့တွင် ငါးဖမ်းကြသောကြောင့် အပြစ်ဒဏ်အဖြစ် ဖီဆန်သူအပေါင်းတို့အား လူအဖြစ်မှ မျောက်အဖြစ်သို့ ပြောင်းလဲ ပစ်တော်မူခဲ့လေသည်။ ထိုပြစ်ဒဏ်ခတ်ခြင်း ခံရသူတို့သည် မျောက်ဘဝဖြင့် သုံးရက်နေပြီး သေကြေပျက်စီးကုန်ကြလေသည်။

အလ္လာဟ်အရှင်မြတ်သည် တမန်တော်ဒါဝူးဒ်(အ) ထံသို့ “ဇဗူးရ်ကျမ်း” ကိုချပေး တော်မူခဲ့သည်။ တမန်တော်ဒါဝူးဒ်(အ) ယခုလက်ရှိ “ဂျေရုဆလင်မြို့”၌ တည်ရှိ သော “ဗိုင်တွလ်မိုကာဒတ်စ်” ကျောင်းတော်ကို အုတ်မြစ်ချတော်မူခဲ့သည်။ တမန်တော်ဒါဝူးဒ်(အ) သည် နှစ်ပေါင်း(၄၀)တိုင်တိုင် တိုင်းပြည်ကို မင်းလုပ်အုပ်ချုပ် တော်မူခဲ့သည်။

တမန်တော်ဒါဝူးဒ်(အ) သည် သက်တော်(၁၀၀)နှစ်တွင် အရှင်အမိန်ကို ခံယူခဲ့ လေသည်။ ထိုအချိန် “ဗိုင်တွလ်မိုကာဒတ်စ်” ကျောင်းတော်မှာ ဆောက်တည်၍ မပြီးသေးသဖြင့် သားတော်စိုလေမန်(အ)အား ဌင်းကျောင်းတော်ပြီးမြောက်သည် အထိ တည်ဆောက်ရန် မှာတမ်းပြုခဲ့လေသည်။ နဗီတမန်တော်ဒါဝူးဒ်(အ) ကွယ်လွန် ချိန်၌ သားတော်(၁၂) ပါး ကျန်ရစ်ခဲ့လေသည်။

နဗီ တမန်တော်အီဒရီးစ် (အလိုင်ဟိစ္စလာမ်) အကြောင်း

တမန်တော်အီဒရီးစ် (အ) ၏ ကဗရ် သင်္ချိုင်းတော် အီဂျစ်နိုင်ငံတွင်တည်ရှိသည်။


တမန်တော်အီဒရီးစ် (အလိုင်ဟိစ္စလာမ်)

တမန်တော်အီဒရီးစ်(အ)၏ ဖခင်အမည်မှာ ဘရ်(ဒ်) ဟုခေါ်သည်။ တမန်တော် အီဒရီးစ်(အ)၏ ရုပ်ဆင်းသဏ္ဌာန်မှာ ခန္ဓာကိုယ်အရောင်အဆင်း ဖြူဖွေး၍ ဝဖြိုးသော ခန္ဓာကိုယ်ရှိသည်။ ကျယ်ပြန့်သော ရင်အုတ်တော်ရှိပြီး သဘာဝအလျောက် ဖြူဆွတ်သော အသားပိုတစ်လုံးရှိသည်။ ဌင်းအသားပိုသည် ရောဂါကြောင့် မဟုတ် ပေ။ အရပ်အမောင်းမှာ ထွားကြိုင်းသည်။ ဦးခေါင်းရှိ ဆံပင်မှာ သိပ်သည်းထူပစ်၏။

တမန်တော်အီဒရီးစ်(အ)သည် ဒွန္နိယာလောက၌ သက်တော် (၃၅၀)နှစ် အရွယ် နေထိုင်တော်မူခြင်းကို ခံခဲ့ရလေသည်။

တာဘာရာနီ တင်ပြသည်မှာ တမန်တော် အိဒ်ရ်စ် (အ)သည် တမန်တော် အာဒမ် (အ) ကွယ်လွန်ပြီး နှစ်ပေါင်း ၆၂၂ နှစ်နေမှ တမန်တော်အဖြစ် မြေကမ္ဘာတွင် တာဝန်ပေးအပ် ခြင်းခံရသူဖြစ်ပါသည်။ အိဒ်ရိစ် (အ) ထံသို့ ကျမ်းစာငယ်ပေါင်း ၃၀ ခန့် ပို့ချခြင်းခံရပါသည်။ ၄င်း အား စာပေရေးသားသည့် ပညာရပ်ကိုလည်း အာဒမ် (အ) နောက်ပိုင်းတွင် ပထမဦးဆုံးအဖြစ် လုပ်နိုင်သူဖြစ်သည်။ ဒအ်ဝသ်လုပ်ငန်းကို လုပ်ကိုင်ရန် တာဝန်ပေးအပ်ခြင်းခံရသူဖြစ်ပါသည်။

အိဗ်နိအိစ်ဟာခ် တင်ပြခဲ့သည်မှာ တမန်တော် အိဒ်ရိစ် (အ) ဖခင် ဂျရ်ဒ် သည် မိခင်ဖြစ်သူ ဘရက်နာ နှင့် လက်ထက်ထိမ်းမြားခဲ့သည်။ အိဒ်ရိစ် (အ) အား ဘိုင်ဘဲလ် ကျမ်းတွင် အီနူရှ် (Enoch) အဖြစ်ဖေါ်ပြကြသည်။ အိဒ်ရိစ် (အ) သည် အာဒမ် (အ) ၏ သားသမီးများအနက် တမန်တော်အဖြစ် ပထမ ဦးဆုံး သတ်မှတ်ခြင်း ခံရသူဖြစ်သည်။ ကျမ်းမြတ် ကုရ်အာန် (၁၉း ၅၆) တွင် မိန့်တော်မူသည်မှာ “၎င်းပြင် (အို-နဗီတမန် တော်) အသင်သည် (၎င်းတို့ရှေ့ဝယ် ဤ) ကျမ်းဂန်မှ (နဗီတမန်တော်) အိဒ်ရီစ်၏အကြောင်း အတ္ထုပ္ပတ်္တိကို ဖတ်ကြားပါလေ။ ဧကန်အမှန်ပင် ယင်းအိဒ်ရီစ်သည် သစ္စာဝါဒီ ဖြစ်ခဲ့၏။ နဗီတမန်တော်ဖြစ်ခဲ့၏။”
“၁၉း ၅၇။ ထို့ပြင် ငါအရှင်မြတ်သည် ယင်းအိဒ်ရီစ်အား မြင့်မြတ်သော နေရာဌာနသို့ ချီးမြှင့်မြှောက်စားတော် မူခဲ့ပေသတည်း။”

ဖခင်ဖြစ်သူ ဂျရ်ဒ် သည် မိမိ၏ အသက် ၁၆၂ တွင် အီဒရိစ် (အ) အား မွေးဖွားလေသည်။ သူသည် ဆက်လက်ပြီး သက်တော် ၈၀၀ ခန့် နေထိုင်ခဲ့ပြီး အခြားသားသမီးများစွာလည်း ရှိခဲ့သည်။ ဂျရ်ဒ် သည် သက်တော် ၉၆၂ နှစ်အထိ အသက်ရှင်နေထိုင်ခဲ့ သည်။ အိဗ်နိကသိးရ် မိန့်သည်မှာ အိဒ်ရိစ် (အ) အား အလ္လာဟ်အရှင်မြတ်သည် အဆုံးအချိန်တွင် မိုးကောင်းကင်သို့ သယ်ဆောင်သွားခဲ့သည်။ ၄င်းနောက် ဂျန္နသ် ဥယျဉ်တွင် နေထိုင်စေခဲ့သည်။ မုဂျာဟိဒ်၊ အိဗ်နိအဗ်ဗာစ်၊ ဒွဟ်ဟာက်၊ အိမာမ် ဗဆရီသခင်တို့သည်လည်း ထိုအတိုင်း မိန့်ခဲ့ပါ သည်။

နဗီတမန်တော်လူးသ် (အလိုင်ဟိစ္စလာမ်)အကြောင်း

တမန်တော်လူးသ် (အ) လက်ထပ် လူ့ယဉ်ကျေးမှု အတိုင်းအတာများ



တမန်တော်လူးသ် (အလိုင်ဟိစ္စလာမ်)

တမန်တော်လူးသ်(အ) ၏ ဖခင်အမည်မှာ “ဟာရာန်” ဖြစ်သည်။ တမန်တော် လူးသ်(အ)သည် တမန်တော်အီဗရာဟီးမ်(အ)၏ တူအရင်းတော်စပ်ပါသည်။ အကြောင်းမှာ တမန်တော်လူးသ်(အ)၏ဖခင်နှင့် တမန်တော်အီဗရာဟီးမ်(အ)တို့ သည် တစ်ဖအေတည်းမှ ပေါက်ဖွားလာသော ညီအစ်ကိုအရင်းအခြာဖြစ်ခြင်း ကြောင့်ဖြစ်သည်။

တမန်တော်လူးသ်(အ) ကို တမန်တော်အီဗရာဟီးမ်(အ)က အလွန်ချစ်မြတ် နိုးခဲ့သည်။ တစ်ခါက ရောမလူမျိုးများ တမန်တော်လူးသ်(အ)အား ဖမ်းဆီး၍ အကျဉ်းချထားခဲ့ကြလေသည်။ ထိုအခါ တမန်တော်အီဗရာဟီးမ်(အ)သည် ရောမ လူမျိုးများအား“ဂျေဟားဒ်”(သာသနာစစ်ထိုးမှု) ပြု၍ တူတော်သူအား ရောမလူမျိုး များ၏ အကျဉ်းချထားခြင်းခံရမှုမှ ကယ်တင်ခဲ့ဖူးလေသည်။

တမန်တော်လူသ် (အ) အမျိုးသားများသည် ပင်လယ်သေဒေသကမ်းစပ်ရှိ “ဆိုဒေါမ်” ဟုခေါ်သော မြို့တွင်နေကြ၏။ တမန်တော်လူးသ်(အ)၏ အွမ္မသ်အမျိုးသားများသည် လဝါသတ်သ်(ဝါ) အမျိုးသားအချင်းချင်း ကမာစပ်ယှက်ခြင်းဟူသော လူညွန့်တုံးစေသည့် စက်ဆုပ်ရွံရှာဖွယ် ကောင်းသော လုပ်ရပ်ကို နှစ်သက်ကြ၏။

သူတို့၏ စာရိတ္တမှာ အလွန်ဆိုးရွား ပျက်စီးနေကြ၏။ ဆိုဒေါမ် မြို့ကို အစွဲပြု၍ “ဟိုမိုဆဆ်ဆဲလီတီကို” အင်္ဂလိပ်လို “ဆိုဒိုမီ” ဟုခေါ်ပါသည်။ တမန်တော်လူးသ်(အ)သည် မိမိ၏ အွမ္မသ်အမျိုးသားများအား ဖော်ပြပါဆိုးရွားသည် စာရိတ္တမှ ရှောင်ကြည်စွန့်လွတ်ကြရန် အမျိုးမျိုးတိုက်တွန်း မိန့်ကြားသော်လည်း၊ အွမ္မသ်အမျိုးသားများသည် ၄င်းအကျင့်ဆိုးအား စွန့်လွတ်ရှောင်ကြဉ်ခြင်း မပြုခဲ့ကြပေ။ သူတို့က တမန်တော် လူသ်ကိုပင် တိုင်းပြည်မှ နှင်ထုတ်ပစ်ဟု ခြိမ်းခြောက်ကြ၏။ သို့ရှိရာ အလ္လာဟ်အရှင်မြတ်က ထိုအကျင့်စာရိတ္တ ပျက်စီးနေသော အွမ္မသ်အမျိုးသားများအား ထိုမြို့တစ်မြို့လုံးရှိ ကမ္ဘာမြေကို လှန်အပစ်ရန် ဂျီဗရာအီးလ်ကောင်းကင်တမန်အား စေခိုင်း၍(အဇားဗ်) အပြစ်ဒဏ် ခတ်လေသည်။ ထိုပြစ်ဒဏ် ကြောင့် တမန်တော်လူးသ်(အ)၏ သွန်သင်ဆုံးမမှုအား လိုက်နာမှုမရှိသော သူများသည် တစ်ဦးမကျန် သေကြေပျက်စီးကုန်ကြလေသည်။ ကျမ်းမြတ်ကုရ်အာန် (၂၆း ၁၆၀-၁၇၁) ရှု့ပါ။

တမန်တော်လူသ် (အ) ဆိုဆုံးမမှုကို အခြားသူများပါမက မိမိ၏ ဇနီးသည်ပင်လျှင် မနှစ်သက် သဖြင့် ၄င်းဇနီးသည်သည်လည်း ပျက်စီးသူများတွင် ပါဝင်သွားပါသည်။ ကျမ်းမြတ်ကုရ်အာန် ၆၆း ၁၀ တွင် ကြည့်လျှင် သိနိုင်ပါသည်။

ကျမ်းမြတ်ကုရ်အာန် အကျယ်ဖွင့် သဘောအရသိရသည်မှာ တမန်တော်လူသ်၏ တောင်းဆိုချက် ကြောင့် အလ္လာဟ်အရှင်မြတ်သည် ဖရိရှ်သာ သုံးပါးကို သူ၏ အမျိုးသားများ အပြစ်ဒါဏ်ပေးရန် ဆိုဒေါမ် မြို့သို့ စေလွှတ်လိုက်ပါသည်။ မလာအိကာ သုံးပါးသည် ၄င်းမြို့အပြင်ဘက်တွင် နားနေ ခိုက် အမျိုးသမီးတစ်ဦး ချောင်းနံဘေးတွင် ရေခပ်နေသည်ကို တွေ့ရပါသည်။ သို့ဖြင့် သူတို့က အမျိုးသမီးငယ်များ အသင်တို့မြို့တွင် နားခိုစရာ နေရာရှိက မိမိတို့အား ပြပေးရန် ပြောဆိုပါသည်။ အမျိုးသမီးငယ်သည် တမန်တော်လုသ် (အ) သမီးဖြစ်နေပြီး၊ ၄င်းက ဧည့်သည်များကို တွေ့သည့် အခါ အလွန်ပင် အံ့သြနေမိသည်။ ၄င်းက စိတ်အတွင်း စဉ်းစားမိသည်မှာ အလွန်ချောမောလှပ သော ဧည့်သည်များ မြို့တွင်းသို့ ၀င်ရောက်က ငါ၏ မြို့သားများသည် ၄င်းဧည့်သည်များကို မတရားမှု ပြုကြလိမ့်မည်။ သို့ဖြင့် သူမသည် စိုးရိမ်လျှက် ဧည့်သည်တို့ကို “အသင်တို့ ဤနေရာ တွင်ပင် နေကြပါ။ မိမိသည် ဖခင်ဖြစ်သူကို ခေါ်ပေးမည်” ဟုဆိုကာ မြို့တွင်းသို့ အပြေးဝင်ကာ ဖခင် ဖြစ်သူအား အကျိုးအကြောင်းကို ရှင်းပြပါသည်။

ဖခင်ဖြစ်သူ လူသ် (အ) သည် မြို့ပြင် သို့ အပြေးလာကာ ဧည့်သည်များကို တွေ့ဆုံပြီး မြို့၏ အခြေအနေများကို ရှင်းပြပါသည်။ မြို့တွင်း နေထိုင်လိုပါက မိမိအိမ်တွင်သာ နေထိုင်စေလိုပြီး အခြားမည်သည့်နေရာမှ စိတ်ချဖွယ် မရှိကြောင်း မြို့တွင်း လူတို့၏ စရိုက်များကိုလည်း ပြောပြပါ သည်။ သို့ဖြင့် ညလူခြေတိတ်ချိန်တွင် သူတို့သည် မြို့အတွင်းသို့ တိတ်တဆိတ် ၀င်ရောက်လာကြ ပါသည်။

အိမ်သို့ရောက်သောအခါ တမန်တော် လူသ် (အ) ၏ ဇနီးဖြစ်သူသည် တိတ်တဆိတ် အပြင်သို့ထွက်ပြီး မိမိအမျိုးသားများကို မိမိအိမ်၌ အလွန်ချောမောလှပသော လူငယ်များ ရောက် နေကြောင်းပြောပြလိုက်သည်။ ထိုအခါ မြို့အတွင်း လူတို့သည် စိတ်လှုပ်ရှားကာ တမန်တော် လူသ် (အ) ၏ အိမ်သို့ လာရောက်ကြကာ တံခါးခေါက်လေသည်။ သူတို့က ဧည်သည်လူငယ်များအား မိမိတို့ထံအပ်ရန် တောင်းဆိုကြလေသည်။ တမန်တော်လူသ် (အ) သည် ၄င်းတို့အား တောင်းပန် ပြောကြားလေသည်။ သူတို့က လုံးဝလက်မခံဘဲ တံခါးများကို ထုနှက်ကာ အတွင်သို့ အတင်းဝင် ရောက်၇န် ကြိုးပမ်းကြသည်။ တမန်တော်က အသင်တို့ အလ္လာဟ်အဇါဗ်ကို ကြောက်ရွံ့ကြရန် ပြောဆိုလေသည်။ သူတို့က လက်မခံဘဲ အတင်းဝင်ရောက်ကာ လူငယ်များကို ဆွဲယူကြကုန်၏။

ဤတွင် လူငယ်ဧည်သည်များက မိမိတို့သည် လူမဟုတ်ဘဲ မိုးကောင်းကင်မှ တမန်များဖြစ်ကြ၏ ဟုပြောဆိုလေသည်။ ထိုအခါ လူတို့သည် ကြောက်ရွံ့ကြကုန်၏။ လူတို့သည် တမန်တော်လူသ် အိမ်မှ ထွက်ပြေးကြကုန်၏။ မနက်ချိန်ရောက်သည့်အခါ ဧည့်သည်တို့သည် တမန်တော်လူသ် (အ) နှင့် မိသားစုဝင်များ၊ အီမာန်ယုံကြည်သူများကို ၄င်းမြို့မှ ခေါ်ထုတ်သွားကာ ၄င်းမြို့သည် ဖျက်ဆီးလိုက်ပါသည်။

ကောင်းကင်တမန်များသည် ၄င်းမြို့မှ မြေကို အပေါ်သို့ မတင်လိုက်ပြီး ပြစ်ချလိုက်သဖြင့် လူများနှင့် ရှိသမျှသော အရာတို့သည် အမှုံ့ဖြစ်သွားလေသည်။ ၄င်းတို့ အထဲတွင် တမန်တော်လူသ် (အ) ၏ ဇနီးဖြစ်သူလည်း ပါဝင်သွားပါသည်။ ဤသည်ကား အလ္လာဟ် ရှင်မြတ်၏ အမိန့်တော်ကို ဆန့်ကျင်ကြသူများ၏ နိဂုံးပင်ဖြစ်ပါသည်။

ဤအကြောင်းကို ဖတ်ရှု့ခြင်းဖြင့် ယနေ့ မိမိတို့၏ ကမ္ဘာတွင် မြို့တိုင်းတိုင်း၌ အလ္လာဟ်အမိန့်ကို ဆန့်ကျင်ကာ အပြစ်ကျူးလွန်နေသူများ များစွာရှိပါသည်။ ဟိုမိုဆဲဆ်ဆဲလ်များ၊ ဂေးများ၊ ပရောစ်တီကျူတ်များ၊ အရက်သေစာသောက်စားသူများ၊ ကလေးငယ်များကို ဖျက်ဆီးသူများ နှင့် ပြည့်နှက်နေသည်။ အိုမွတ်စ်လင်မ် မို့မင်တို့ အသင်တို့ သတိထားကြပေလော့၊ ဤ အကြောင်းကို ပြောပြပြီး လူတို့ကို သံဝေဂ ရကြရန် ဟောပြောကြပါလော့။ ယနေ့ ဂလိုဘဲလ် ဝေါမင်း က များလာသလို မီးတောင်တွေပေါက်၊ အပူချိန်တွေတက် ရေတွေခမ်းခြောက်လာ၊ မုန်တိုင်းတွေ ဒီရေ တွေတက်လာကြ၊ ဆိုနာမီနှင့် ငလျှင် တွေ ခဏခဏ လှုပ်နေခြင်းသည် အလ္လာဟ်အရှင်မြတ် ထံတော်မှ အဇါဗ် ၏ လက္ခဏာများ ဖြစ်သည်ကို သတိထားကြလော့။

နဗီတမန်တော်စိုလေမန် (အလိုင်ဟိစ္စလာမ်)အကြောင်း

တမန်တော်စိုလေမန် (အလိုင်ဟိစ္စလာမ်) တည်ဆောက်ခဲ့သည့် “ဗိုင်တွလ်မိုကာဒတ်စ်”ကျောင်းတော်


တမန်တော်စိုလေမန် (အလိုင်ဟိစ္စလာမ်)

တမန်တော်စိုလေမန်(အ)သည် တမန်တော်ဒါဝူးဒ်(အ)၏ သားတော်ဖြစ်သည်။ တမန်တော်စိုလေမန်(အ)၏ ပုံသဏ္ဌာန်မှာ ဖြူဖွေးသော အရောင်အဆင်းရှိ၍ သန်မာထွားကြိုင်းသော ခန္ဓာကိုယ်ရှိသည်။ ဝဝဖြိုးဖြိုးနှင့် ချောမောလှပသော နဗီတစ်ပါးလည်းဖြစ်ပါသည်။ အသိရွှေဉာဏ်တော်မှာ အလွန်ထက်မြတ်ပြီး၊ အလ္လာဟ်အရှင်မြတ်အားလွန်စွာမှ ကြောက်ရွံ့ရိုကျိုးသော တမန်တော်လည်း ဖြစ်သည်။
တမန်တော်စိုလေမန်(အ)သည် ငယ်ရွယ်စဉ်ကပင် အသိဉာဏ်ထက်မြက်ခဲ့သည်။

မည်မျှထက်မြက်ခဲ့သည်ဆိုပါမူ ဖခင်တမန်တော်ဒါဝူးဒ်(အ)သည် တိုင်းရေးပြည်ရေး အမှုကိစ္စအဝဝတွင် သားတော်စိုလေမန်(အ) ထံတော်မှ အကြံဉာဏ်ယူ၍ ဆုံးဖြတ် တော်မူလေ့ရှိခဲ့သည်။ ဖခမည်းတော် ကွယ်လွန်အနိစ္စရောက်သောအခါ၊ တမန်တော် စိုလေမန်(အ)သည် သက်တော်(၁၃)နှစ်အရွယ်တွင် နန်းတက်၍ တိုင်းပြည်ကို မင်းလုပ်အုပ်ချုပ်တော်မူခဲ့လေသည်။

တမန်တော်စိုလေမန်(အ)သည် ရှိရှိသမျှသော သတ္တဝါများ၏ ပြောဆိုစကားများကို နားလည်ကျွမ်းကျင်သည်။ ဆိုးသွမ်းသောဂျင်န်ဘီလူးများ၊ ရှိရှိသမျှသော ဂျင်န်များ၊ သတ္တဝါများနှင့် လေတို့သည်ပင် တမန်တော်စိုလေမန်(အ)၏ အမိန့်ကို နာခံရ လေသည်။ လူသားများအား ဒုက္ခပေးသော ဂျင်န်ဘီးလူးတို့အား ရာသက်ပန် အကျဉ်းသား အဖြစ် ပြစ်ဒဏ်ချမှတ်တော်မူခဲ့သည်။

တမန်တော်ဆိုလိုင်မာန် (အ)သည် တမန်တော်ဒါဝတ်(အ) အငယ်ဆုံးသားတော်ဖြစ်သည်။ ဂျေရုစလင်မ် မြို့တွင် ဖွားမြင်ပါသည်။ တမန်တော်ဆိုလိုင်မာန် (အ)သည် ဥါဏ်ပညာအရာတွင် တူမသူအောင် ကြီးမားစွာ တတ်ကျွမ်းသူ ဖြစ်သဖြင့် ဖခင်ကြီးသည် မိမိ၏ အရိုက်အရာကို ပေးအပ်ခြင်းဖြစ်သည်။ ကျမ်းမြတ်ကုရ်အာန် ၂၇း ၁၅ တွင် မိန့်သည်မှာ “၀၂၇း ၁၅။ ထိုမှတပါး မလွဲဧကန် ငါအရှင်မြတ်သည် “ဒါဝူဒ်” အားလည်းကောင်း၊ “စုလိုင်မာန်” အားလည်း ကောင်း၊ (အထူး) အသိပညတစ်ရပ်ကို ချီးမြှင့် ပေးသနားတော်မူခဲ့၏။ ထို့ပြင် ထိုဒါဝူဒ်နှင့် စုလိုင်မာန်နှစ်ဦး တို့က “ကျွန်တော်မျိုးအား မိမိ၏ မြောက်မြားစွာသော မုအ်မင်န်သက်ဝင် ယုံကြည်ကြကုန်သော “ကျွန်တို့ထက် ထွတ်မြတ်စေတော်မူခဲ့သော အလ္လာဟ်အရှင်မြတ်သည်သာလျှင် ချီးမွမ်းထောပနာ အပေါင်းတို့ကို ခံယူထိုက်တော်မူသည်”ဟု လျှောက်ထားခဲ့ကြကုန်၏။”

တမန်တော်ဆိုလိုင်မာန် (အ)သည် မည်သည့်ကိစ္စတွင်မဆို ဆုံးဖြတ်ချက်ချရာတွင် အလွန် သမာသမတ်ရှိပါသည်။ တရက်သောအခါ လူနှစ်ဦးသည် အမှုခင်းဖြစ်ပွားသဖြင့် ဆုံးဖြတ်ချက် ရယူရန်အတွက် နန်းတော်သို့ လျှောက်ထားကြ၏။ တစ်ဦးက လယ်ပိုင်ရှင်ဖြစ်ပြီး ပြောသည်မှာ မိမိ၏ လယ်ကွက်အတွင်းမှ ကော်ပဲသီးနှံများကို သိုးကျောင်းသား၏ သိုးများက စားသောက် ဖြစ်သဖြင့် အစားပေး၇န် လျှောက်လေသည်။ သိုးကျောင်းသူကလည်း မိမိထံတွင် ထိုသိုးများမှလွဲ၍ အခြားဘာမျှပေးရန် မရှိပေဟုဆိုလေသည်။ လယ်ပိုင်ရှင်က သီးနှံများ ဆုံးရှုံးသည့် တန်ဖိုးသည် သိုးများ၏ တန်ဖိုးထက်ပင်ပိုမိုသည်ဟုဆို၏။ ထိုအခါ ဒါဝတ် (အ) က သိုးများကို လယ်ပိုင်ရှင်ထံသို့ ပေးအပ်ရန်ဆုံးဖြတ်လိုက်ပါသည်။

ထိုအခါ အနီးတွင်ထိုင်နေသည့် တမန်တော်ဆိုလိုင်မာန် (အ) သည် မိမိဖခင်ထံသို့ အနည်းငယ် သူ၏ထင်မြင်ချက်ကို တင်ပြရန်ခွင့်ပန်ပါသည်။ ဖခင်ကြီးကလည်း တင်ပြရန် ခွင့်ပြုသောအခါ တမန်တော်ဆိုလိုင်မာန် (အ)က အိုဖခင်ကြီး၊ ဖခင်ကြီး၏ ဆုံးဖြတ်ချက်သည် အလွန်ပင်သင့်တော် မှန်ကန်လှပါသည်။ သို့သော် သိုးများ၏ အမွှေးများနှင့်နို့ကို လယ်ပိုင်ရှင်အား အသုံးပြုခွင်ပေး သင့်ပြီး သိုးထိန်းကိုလည်း ၄င်းလယ်တွင် သူရင်းငှားအဖြစ် အလုပ်လုပ်စေသင့်ပါသည်။ တစ်ချိန် ဆုံးရှုံးသွားသော သီးနှံများ၏ တန်ဖိုးပြည့်မီသည့်အချိန်တွင် သိုးများကို သိုးထိန်းထံသို့ ပြန်လည် ပေးအပ်သင့်ပါသည်။
ထိုအဖြေကို ဖခင်ကြီးကြားသည့်အခါ အလွန်ပင်သင့်တော်သော အဖြေအဖြင့်သတ်မှတ်ပြီး ထိုအတိုင်းဆုံးဖြတ်ချက်ချမှတ်စေလိုက်ပါသည်။ ကျမ်းမြတ်ကုရ်အာန်တွင်လည်း ထိုအကြောင်းကို ဤသို့ဖေါ်ပြထားပါသည်။ “ထိုမှတပါး (အို-နဗီတမန် တော်)ဒါဝူဒ် (၏ အတ္ထုပ္ပတ်္တိအကြောင်း)ကို လည်းကောင်း၊ စုလိုင်မာန် (၏ အတ္ထုပ္ပတ်္တိအကြောင်းကိုလည်းကောင်း၊ ပြန်လည်၍ သတိရပါလေ)။

တစ်ရံရောအခါဝယ် ထို(သားအဖ) နှစ်ပါးတို့သည် လယ်ယာနှင့်စပ်လျဉ်း၍ စီရင်ဆုံးဖြတ်ကြကုန် ၏။ အကြင်အခါဝယ် အမျိုးသားတို့၏ ဆိတ်များသည် ယင်းလယ်ယာ၌ ညဥ့်အချိန်တွင် ၀င်ရောက် (ဖျက်ဆီး)ခဲ့ကြကုန်၏။ စင်စစ် ငါအရှင်မြတ်သည် ၎င်းတို့၏ စီရင်ဆုံးဖြတ်မှုကို ရှုစားလျက်ပင် ရှိနေတော်မူခဲ့၏။ (၂၁း ၇၈) “ထိုရောအခါဝယ် ငါအရှင်မြတ်သည် စုလိုင်မာန်အား ယင်းအမှု (၏အဆုံးအဖြတ်)ကို သိနားလည်စေတော်မူခဲ့၏။ စင်စစ်သော်ကား ငါအရှင်မြတ်သည် (ဒါဝူဒ်နှင့် စုလိုင်မာန်တမန်တော် နှစ်ပါးအနက်) အသီးသီးအား ဆင်ခြင်တုံတရားကိုလည်းကောင်း၊ အသိ ပညာကို လည်းကောင်း ချီးမြှင့်ပေးသနားတော် မူခဲ့၏။ (၂၁း ၇၉)”။

တမန်တော်ဆိုလိုင်မာန် (အ)အား အလ္လာဟ်အရှင်မြတ်သည် များစွာသော နေမသ်များ ထူးဆန်းဖွယ်ပညာများ၊ ဥစ္စာများ၊ ကိုပေးအပ်ခဲ့သည်။ ၄င်းအကြောင်းအရာများနှင့် ပတ်သက်ပြီး ကျမ်းမြတ်ကုရ်အာန်၏ ဖေါ်ပြပါ အာယသ်တော်များသည် လမ်းညွှန်လျှက်ရှိပါသည်။

ဥပမာ။ တမန်တော်ဆိုလိုင်မာန်သည် လေကိုကောင်းစွာ အသုံးပြုနိုင်သလို မိမိ၏ အမိန့်အတိုင်း စေလိုရာ စေနိုင်ပါသည်။“ထိုမှတပါး (ငါအရှင်မြတ်သည်) စုလိုင်မာန်အား ပြင်းထန်စွာတိုက်ခတ်သောလေကို နိုင်နင်းစေတော်မူခဲ့၏။ ယင်းလေသည် ထိုစုလိုင်မာန်၏အမိန့်နှင့် ငါအရှင်မြတ် ကျက်သရေ မင်္ဂလာ၊ သုခချမ်းသာနှင့် ပြည့်စုံစေတော်မူသော နယ်မြေသို့ တိုက်ခတ်သွားလာလေ၏။ စင်စစ် သော်ကား ငါအရှင်မြတ်သည် အရာခပ်သိမ်းတို့ကို အကြွင်းမဲ့သိတော်မူသော အရှင်မြတ်ပင် ဖြစ်တော်မူပေသတည်း။ (၂၁း ၈၁) နောက်အာသ်တော်တစ်ခုတွင် လာရှိသည်မှာ သို့ဖြစ်၍ ငါအရှင်မြတ်သည် ထိုစုလိုင်မာန်၏အဖို့ လေကို ၎င်း၏လက်အောက်ခံအဖြစ် ဆောင်ရွက် စေတော် မူခဲ့ရာ ထိုလေသည် ထိုစုလိုင်မာန် အလိုရှိရာအရပ်သို့ ၎င်း၏အမိန့်နှင့် ညင်သာစွာ တိုက်ခတ်သွား လာနေခဲ့သည်။ (၃၈း ၃၆)။

တဖန် ဆိုလိုင်မာန်သခင်သည် ဂျင်နှင့် ရှိုင်တွာန်များကိုလည်း ပိုင်နိုင်စွာ ထိန်းသိမ်းနိုင်တော်မူပြီး စေလိုရာစေနိုင်သူဖြစ်သည်။ ဂျင်တို့ကို မိမိ၏ စစ်တပ်တွင်ထားရှိပြီး တိုင်ပွဲများတွင် အသုံးပြုပါ သည်။ ကျမ်းမြတ်ကုရ်အာန်တွင် အမိန့်တော်လာရှိသည်မှာ၊ “ ထိုမှတပါး ရှိုင်တွာန် မိစ္ဆာကောင် တို့တွင် အကြင်ရှိုင်တွာန် မိစ္ဆာကောင်များလည်းရှိခဲ့ကြ၏။ ယင်းရှိုင်တွာန် မိစ္ဆာကောင်များသည် ထိုစုလိုင်မာန်၏ အကျိုးငှာ (သမုဒ္ဒရာပင်လယ်၌) ရေငုပ်ခြင်းကိုလည်းကောင်း၊ အခြား အလုပ်ကိစ္စ ဆောင်ရွက်ခြင်းကိုလည်းကောင်း၊ ပြုလုပ်ကြကုန်၏။ စင်စစ်သော်ကား ငါအရှင်မြတ်သည်ပင် ယင်းရှိုင်တွာန် မိစ္ဆာကောင်တို့အား ထိန်းသိမ်းစောင့်ရှောက်တော်မူသော အရှင်မြတ် ဖြစ်တော်မူပေ သတည်း။ (၂၁း ၈၂)။

“ထိုမှတပါး စုလိုင်မာန်၏အဖို့ ထိုစုလိုင်မာန်၏ ဗိုလ်ခြေများကို ဂျင်(န်) သတ္တ၀ါတို့အနက်မှ လည်းကောင်း၊ လူတို့အနက်မှလည်းကောင်း၊ ငှက်သတ္တ၀ါတို့အနက်မှလည်းကောင်း၊ စုရုံးစေခြင်း ကို ခံခဲ့ကြရကုန်၏။ တဖန် ထိုဗိုလ်ခြေတို့မှာ (စနစ်တကျ စီတန်း ချီတက် နိုင်ကြအံ့သောငှာ) တားမြစ်ခြင်းကိုပင် ခံကြရကုန်၏။ (၂၇း ၁၇) ”

တမန်တော်ဆိုလိုင်မာန် (အ) သည် မြင်းများကိုလည်း အလွန်နှစ်သက်တော်မူပါသည်။ မိမိ၏ စစ်တပ်တွင် မြင်းတပ် သည် မဖြစ်မနေပါဝင်ရသည့် တပ်ဖြစ်သည်။ တိုက်ပွဲဝင်ရာတွင်၎င်း၊ သယ်ယူပို့ဆောင်ရာတွင်၎င်း၊ မြင်းများသည် အလွန်အသုံးဝင်ပါသည်။ သခင်သည် မြင်းများကို အစွမ်းသတ္တိနှင့် စွမ်းဆောင်ချက်များကို တွေ့မြင်ရသဖြင့် မြင်းများကို အလွန်စိတ်ဝင်စားစွာဖြင့် မြင်းများကို ပုတ်ပေးနေရသည်ကို ကျေနပ်နေတတ်ပါသည်။

တမန်တော် ဆိုလိုင်မာန်သည် ငှက်သတ္တ၀ါတို့၏ စကားကိုနားလည်သည့်အပြင် ၄င်းတို့ကိုလည်း စေလိုရာစေလိုနိုင်သည့် အစွမ်း ရှိပါသည်။ ကျမ်းမြတ်ကုရ်အာန် တွင်လာရှိသည်မှာ “ ၎င်းပြင် စုလိုင်မာန်သည် ဒါဝူဒ်၏ အရိုက် အရာကို ဆက်ခံခဲ့၏။ ၎င်းပြင် ထိုစုလိုင်မာန်သည် (ဤသို့)ပြောကြားခဲ့၏။ အို- လူအပေါင်းတို့၊ ငါတို့သည် ငှက်သတ္တ၀ါတို့၏ ဘာသာစကားကို သင်ကြားပေးခြင်း ခံခဲ့ကြရလေသည်။ ထိုမှတပါး ငါတို့သည် (စိုးမိုးအုပ်ချုပ်မှုနှင့်စပ်လျဉ်း၍ လိုအပ်သော) အရာ ခပ်သိမ်းတို့ကို ချီးမြှင့်ပေးသနား တော်မူခြင်း ခံခဲ့ကြရပေသည်။ ဧကန်စင်စစ် ဤသည် ထင်ရှားလှစွာသော ကျေးဇူးတော်ပင် ဖြစ်ချေသည်။ (၂၇း ၁၆)”။

တမန်တော်ဆိုလိုင်မာန်သည် ယုတ်ဆွအဆုံး ပုရွက်စိတ်တို့၏ စကားကိုလည်း တတ်မြောက်တော် မူပါသည်။ ကျမ်းမြတ်ကုရ်အာန်တွင် လာရှိသည်မှာ “နောက်ဆုံးတွင် တစ်ရံရောအခါ ထိုဗိုလ်ခြေ တို့သည် ပုရွက်ဆိတ်များရှိကြသောချောင်းလျှိုရိုးသို့ ရောက်ရှိခဲ့လေသော် ပုရွက်ဆိတ်တစ်ကောင် က အို-ပရွက်ဆိတ် အပေါင်းတို့၊ စုလိုင်မာန်နှင့်တကွ ထိုစုလိုင်မာန်၏ဗိုလ်ခြေတို့သည် အသင် တို့အား မသိမမြင်ကြဘဲ (မတော်တဆ) ဖိကြိတ်တက်နင်း ချေမှုန်း မပစ်မိကြရန် အသင်တို့သည် မိမိတို့၏တွင်းများထဲသို့ ၀င်ရောက်လေကုန်ဟု (ဟစ်အော်) ပြောကြားခဲ့လေ၏။(၂၇း ၁၈)”။

“ထိုအခါ စုလိုင်မာန်သည် ထိုပရွက်ဆိတ်၏ စကားကြောင့် ပြုံးရယ်ခဲ့လေ၏။ ထို့ပြင် (အလ္လာဟ် အရှင်မြတ်အထံတော်တွင် ဤသို့)လျှောက်ထားပန်ကြားခဲ့လေ၏။ အို-ကျွန်တော်မျိုးအား ဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်၊ အရှင်မြတ်သည် ကျွန်တော်မျိုး အပေါ်၌လည်းကောင်း၊ ကျွန်တော် မျိုး၏မိဘနှစ်ပါး တို့အပေါ်၌လည်းကောင်း၊ မိမိပြုတော်မူခဲ့သောကျေးဇူး တော်နှင့်စပ်လျဉ်း၍ ကျွန်တော်မျိုးအား အမြဲကျေးဇူးသိတတ်စေတော်မူပါ။ ထို့ပြင် ကျွန်တော်မျိုးအား အရှင်မြတ်နှစ် သက်တော်မူသော ကောင်းမြတ်သော အကျင့်သီလများကိုလည်း အမြဲကျင့်မူဆောက်တည် နိုင်စွမ်းပေးသနားတော်မူပါ။ ထိုမှတပါး အရှင်မြတ်သည် ကျွန်တော်မျိုးအား မိမိ၏ကရုဏာ တော်ဖြင့် မိမိ၏သူတော်ကောင်းကျွန်တို့တွင် ၀င်ရောက်ပါဝင် စေတော်မူပါ။ (၂၇း ၁၉)”

တမန်တော်ဆိုလိုင်မာန်လက်ထပ်တွင် အလွန်ထင်ရှားသော အဖြစ်အပျက်တစ်ခုဖြစ်ခဲ့သည်။ ၄င်းမှာ အရှေ့ဖက် ယီမင်နိုင်ငံတွင် အုပ်စိုးသော ဘုရင်မ နှင့်ပတ်သက်ပါသည်။ ၄င်းအဖြစ်အပျက် သည် အလွန်ထူးဆန်းသော ပုံပြင်သဖွယ်ဖြစ်သလို အလွန်စိတ်ဝင်စားဖွယ်ကောင်းသော အကြောင်းအရာ တစ်ခုဖြစ်ပါသည်။
တနေ့သောအခါ တမန်တော် ဆိုလိုင်မာန်သခင်သည် မိမိတပ်မှ ငှက်တိရစ္ဆာန်များကို စစ်ဆေးပါ သည်။ ကျမ်းမြတ်တွင်ဤသို့လာရှိသည်။ “၎င်းပြင် ထိုစုလိုင်မာန်သည် ငှက်တိရစ္ဆာန်တို့ကို စစ်ဆေးခဲ့ရာ (ဤသို့)ပြောကြားခဲ့၏။ ငါသည် မည်သည့်အတွက်ကြောင့် ဘီးတောင်ပိုငှက်ကို မမြင်ရပါသနည်း။ သို့တည်းမဟုတ် ၎င်းသည် ပျောက်ကွယ်နေသလော။ (၂၇း ၂၀)”။

“ဧကန်မလွဲ ငါသည် အမှန်ပင် ၎င်းအား ပြင်းထန်စွာ ပြစ်ဒဏ်ပေးမည်။ သို့တည်းမဟုတ် မုချဧကန် ငါသည် ၎င်းအား လှီးဖြတ်မည်။ သို့တည်းမဟုတ် ၎င်းသည် ငါ့ထံသို့ ထင်ရှားစွာသော သက်သေ အထောက်အထားကို ဆောင်ယူလာရပေမည်။( ၂၇း ၂၁ )”။

“ထို့နောက် မကြာမီပင် ထိုဘီးတောင်ပိုငှက် (ဟူဒ်) သည် လာရောက်လျှောက်ထားလေ၏။ ကျွန်တော်မျိုးသည် ကိုယ်တော် မသိသော အကြောင်းကို သိခဲ့ပါသည်။ ၎င်းပြင် ကျွန်တော်မျိုးသည် ကိုယ်တော်၏ထံသို့ ရှီဗာမှ မှန်ကန်သောသတင်းတစ်ခုကို ဆောင်ကြဉ်း ခဲ့ပါသည်။ (၂၇း ၂၂)”။

“ဧကန်အမှန် ကျွန်တော်မျိုးသည် ထိုရှီဗာကို စိုးမိုးအုပ်ချုပ်လျက်ရှိသော မိန်းမတစ်ဦးအား တွေ့ခဲ့ပါသည်။ ၎င်းပြင် ထိုမိန်းမမှာအရာခပ်သိမ်းတို့ ချီးမြှင့်ပေးသနားခြင်းခံရသည့်ပြင် ၎င်း၌ကြီးကျယ်ခမ်းနား သော ပလ္လင်တစ်ခုသည်လည်း ရှိပါသည်။ (၂၇း ၂၃)”။

“ကျွန်တော်မျိုးသည် ထိုမိန်းမအားလည်းကောင်း၊ ထိုမိန်းမ၏အမျိုးသားတို့အားလည်းကောင်း၊ အလ္လာဟ်အရှင်မြတ်အား စွန့်၍ နေကိုပျပ်ဝပ်ဦးချ (ကိုးကွယ် ဆည်းကပ်) နေကြသည်ကို တွေ့ခဲ့ပါသည်။ စင်စစ် “ရှိုင်တွာန်” မိစ္ဆာကောင်သည် ၎င်းတို့၏ပြုမူချက်များကို ၎င်းတို့၏အမြင်တွင် လှပတင့်တယ်အောင် ပြုလုပ်၍ ထားပါသည်။ တစ်ဖန် ထို ရှိုင်တွာန်” မိစ္ဆာကောင်သည် ၎င်းတို့အား (မှန်ကန်သော) တရားလမ်းမှ ပိတ်ပင် တားဆီး၍ထားခဲ့ရာ ၎င်းတို့သည် တရားလမ်းမှန်ကို မရနိုင်ကြပါ။ (၂၇း ၂၄)”။

ထိုအခါတမန်တော်ဆိုလိုင်မာန်သခင်က အလ္လာဟ်အရှင်မြတ်၏ ကြီးကျယ်မြင့်မြတ်မှုကို ပြောပြ၏။ “အလ္လာဟ်အရှင်မြတ်အား ပျပ်ဝပ်ဦးချ ဆည်းကပ်ကိုးကွယ်လော့၊ ထိုအရှင်မြတ်သည် မိုးကောင်း ကင်များ၌လည်းကောင်း၊ ပထ၀ီမြေ၌လည်းကောင်း၊ ဖုံးအုပ်လျက်ရှိသည်ကို အပြင်သို့ ထွက်စေ တော်မူ၏။ ထိုမှတပါး ထိုအရှင်မြတ်သည် အသင်တို့ လျှို့ဝှက်ကြကုန်သော ကိစ္စများကို လည်းကောင်း၊ အသင်တို့ ထင်ရှားစေကြကုန်သော ကိစ္စများကို (အလုံးစုံတို့ကို) သိရှိတော်မူ၏။ (၂၇း ၂၅)” ။

ထို့အပြင် “ အလ္လာဟ်အရှင်မြတ်သည် (အကြင်အရှင်မြတ်ပင်၊) ထိုအရှင်မြတ်မှတပါး ခ၀ပ်ကိုးကွယ်ရာအရှင်ဟူ၍ အလျင်းမရှိပေ။ ကြီးကျယ်လှစွာသော “အရ်ရှ်” ပလ္လင်တော်ကို စိုးပိုင်တော်မူသော အရှင်မြတ်ပင် ဖြစ်ပေတည်း။ (၂၇း ၂၆) ”

တမန်တော်ဆိုလိုင်မာန်က ဟူဒ်ငှက်ကို ဆက်လက်ပြောကြားခဲ့သည်မှာ၊ အသင်သည် အထက်တွင် ငါဆိုခဲ့သည့်အတိုင်း မှန်ကန်စွာ လျှောက်ထားခဲ့လေသလော။ သို့တည်းမဟုတ် အသင်သည် မုသာဝါဒီတို့အနက် ပါဝင်လေသလောဟု ယခုပင် ငါရှုမည်။ (၂၇း ၂၇)” ဟုဆိုသည်။

ဆက်လက်မိန့်သည်မှာ “အသင်သည် ငါ၏စာကို ယူဆောင်၍ သွားလော့၊ ထို့နောက် အသင်သည် ဤစာကို ၎င်းတို့ထံ ချ၍ပေးပြီးလျှင်၊ ၎င်းတို့၏ အပါးမှ (အနည်းငယ်) ဘေးဖယ်၍နေလော့။ တစ်ဖန် အသင်သည် ၎င်းတို့ မည်သို့အကြောင်းပြန်ကြသည်ကို ရှုလော့။ (၂၇း ၂၈)”။

ဟူဒ်ငှက်သည် တမန်တော် ဆိုလိုင်မာန် မိန့်သည့်အတိုင်း စာကို ဘုရင်မထံပေးအပ်လိုက်ပါသည်။ ထိုအခါ (ရှီဗာဘုရင်မ)က (ဤသို့) ပြောကြားခဲ့လေ၏။ အို-မှူးမတ်အပေါင်းတို့၊ ဧကန်စင်စစ် မြင့်မြတ်လှစွာသော စာတစ်စောင်သည် ကျွန်ုပ်၏ထံသို့ ပေးပို့ခြင်း ခံခဲ့ရလေသည်။ (၂၇း ၂၉)”။

“ဧကန်စင်စစ် ထိုစာမှာ စုလိုင်မာန်ထံမှ ဖြစ်၏။ ထို့ပြင် ဧကန်အမှန် ၎င်းမှာ ဤသို့ဖြစ်၏။ ကြီးမားလှ သော၊ ကရုဏာရှင် ဖြစ်တော်မူသော၊ အလွန်တရာ သနားညှာတော်မူသော အလ္လာဟ်အရှင်မြတ် ၏ နာမံတော်ဖြင့် အစပြု၏။ (၂၇း ၃၀)”။

တမန်တော်ဆိုလိုင်မာန်သခင်က စာတွင် ရေးသားထားသည်မှာ၊ “အသင်တို့သည် ငါနှင့်ယှဉ်ပြိုင်၍ ဘ၀င်မကြွကြကုန်လင့်။ ထိုမှတပါး အသင်တို့သည် ငါ့ထံသို့ “မုစ်လင်မ်” အမိန့်နာခံသူများအဖြစ် လာရောက်ကြလေကုန်။ (၂၇း ၃၁)”။

ထိုအခါ ရှိဗာဘုရင်မသည် မိမိ၏ မူးမတ်တို့နှင့် တိုင်ပင်၏။ “ ထို(ရှီဗာ ဘုရင်မ)က အို-မှူးမတ် အပေါင်းတို့။ အသင်တို့သည် ကျွန်မ၏အရေးနှင့်စပ်လျဉ်း၍ ကျွန်မအား အကြံဥာဏ်ပေးကြလေ ကုန်။ အသင်တို့သည် ကျွန်မ၏အပါး၌မရှိသမျှကာလပတ်လုံး ကျွန်မသည် မည်သည့်ကိစ္စကိုမျှ ပင် စီရင်ဆုံးဖြတ်လေ့မရှိပါဟု ပြောကြားခဲ့လေ၏။ (၂၇း ၃၂)”

ထိုအခါ မှူးမတ်တို့က ကျွန်ုပ်တို့သည် ခွန်အားရှိသူများဖြစ်သည်။ တိုက်ခိုက်မှုကို ပြင်းထန်စွာ ၀ါသနာထုံသူများ ဖြစ်ကြပါသည်။ သို့ရာတွင် အမိန့်အာဏာသည်ကား အသင်ဘုရင်မ၏ လက်တွင်း၌သာရှိပေရာ အသင်ဘုရင်မသည် မည်သို့အမိန့်ပေးမည်ကို (ဆင်ခြင်)ပါလော့ဟု လျှောက်ထားခဲ့ကြကုန်၏။ (၂၇း ၃၃)”။

“ထိုအခါ (ရှီဗာ ဘုရင်မ)က ပြောကြားခဲ့လေ၏။ ဧကန်မလွဲ ဘုရင်မင်းတို့ မည်သည် မြို့ရွာတစ်ခုသို့ ၀င်ရောက်ကြလေသောအခါ ထိုမြို့ရွာကို ဖျက်ဆီးလေ့ရှိကြကုန်၏။ ထို့ပြင် ၎င်းတို့သည် ယင်းမြို့ရွာမှ ဂုဏ်အသရေရှိသူတို့အား ဂုဏ်အသရေသေးသိမ်သူများ ဖြစ်စေကြကုန်၏။ ၎င်းတို့သည်လည်း ဤအတိုင်းပင် ပြုမူကြပေမည်။ (၂၇း ၃၄)”။

”သို့ရာတွင် ကျွန်မမူကား ၎င်းတို့ထံ လက်ဆောင်ပဏ္ဏာ တစ်စုံတစ်ခုကို ပေးပို့ပြီးနောက် စေတမန် တို့သည် မည်သို့သော ပြန်ကြချက် ယူဆောင်လာကြသည်ကို (စောင့်၍)ကြည့်မည်။ ၂၇း ၃၅)”။

ဤနေရာတွင် ရှိဘာဘုရင်မ ဘီးလ်ကိစ် သည် အလွန်ပင် ရင့်ကျက်သူဖြစ်ကြောင်းသိရမည်။ သူမက အသိဥါဏ်ဖြင့် အလုပ်လုပ်သင့်ကြောင်း အင်အားကြီးသော ဘုရင်ကို တိုက်ပွဲဝင်ရသည် ထက် မိတ်ဆွေဖွဲ့ခြင်းသည် အလွန်ကောင်း၏ဟု ဆိုလေသည်။

လက်ဆောင်ပစ္စည်းယူလာသည့် သံတမန်တို့ မိမိနိုင်ငံသို့လာနေကြောင်း သိတော်မူသော ဆိုလိုင်မာန်ဘုရင်ကြီးသည် မိမိ၏ စစ်တပ်ကို မြို့ပြင်သို့ စေလွှတ်ကာ သံတမန်တို့ကို ခေါ်ယူလေ သည်။ သံတမန်တို့သည် ဘုရင်ကြီး၏ စစ်တပ်တွင် ဂျင်များ၊ လူများ၊ ငှက်များ၊ခြင်္သေ့များ၊ ကျားများ ကိုမြင်လေသော် အလွန်အံ့သြကြလေ၏။ ထိန့်လန့်ကြောက်ရွံ့ကြကုန်၏။ နန်းတော်ထဲသို့ရောက် သောအခါ နန်းတော်တိုင်များ တံခါးများသည် ရွှေတံခါးများဖြစ်ပြီး နန်တော်တစ်ခုလုံးသည် မာဘဲလ် ကျောက်ဖြူများဖြင့်ဆောက်လုပ်ထားသည် တွေ့မြင်သည့်အခါ အထူးအံ့သြကြကုန်၏။

“ထို့နောက် ထို(သံတမန်တို့)သည် စုလိုင်မာန် ၏ထံသို့ ရောက်ရှိခဲ့လေသော် ထိုစုလိုင်မာန်က (ဤ သို့) ပြောကြားခဲ့၏။ အသင်တို့သည် ငါ့အား ပစ္စည်းဥစ္စာဖြင့် ကူညီလိုကြလေသလော။ စင်စစ်ငါ့ အား အလ္လာဟ်အရှင်မြတ် ချီးမြှင့်ပေးသနားထားတော်မူသည်များမှာ ထိုအရှင်မြတ်က အသင်တို့ အား ချီးမြှင့်ပေးသနား ထားတော်မူသည်တို့ထက်ပင် ပိုမို၍ ကောင်းမြတ်လှပေသည်။ စင်စစ်မှာ ကား အသင်တို့သည်ပင်လျှင် မိမိတို့၏ လက်ဆောင်ပဏ္ဏာနှင့် မော်ကြွားလျက် ရှိကြပေမည်။ (၂၇း ၃၆)”။

“အသင်သည် ၎င်းတို့ထံ ပြန်သွားလော့။ ထို့နောက် ဧကန်အမှန် ငါတို့သည် ၎င်းတို့ထံ ၎င်းတို့ ယှဉ်ပြိုင်နိုင်စွမ်းမရှိသော ရဲမက်များနှင့်တကွ ချီတက်ရောက်ရှိ၍ လာကြမည်။ ထိုမှတပါး ဧကန်မလွဲ ငါတို့သည် ၎င်းတို့အား ထို(မြို့ရွာ)မှ ဂုဏ်ရည် သေးသိမ်သူများအဖြစ် နှင့်နှင်ထုတ်ကြ မည်။ ထို(အခါ) ၎င်းတို့သည် အရှက်ကွဲ အကျိုးနည်းသူများ ဖြစ်သွားကြပေမည်။ (၂၇း ၃၇)”။

ဤနေရာတွင် တမန်တော်ဆိုလိုင်မာန်သခင်သည် မိမိ၏ စစ်တပ်နှင့် အတူ ထွက်တော်မူလေရာ အထက်တွင်ဖေါ်ပြခဲ့သည့်အတိုင်း ပုရွက်စိတ်တို့၏ နေရာဋ္ဌာနေ အနားဖြတ်သန်းမည့် အခိုက် ပုရွက၈်စိတ်ဘုရင်မ၏ စိုးရိမ်မှုကို ဆိုလိုင်မာန်သခင်သိတော်မူရာမှ မိမိသည် အားနဲသည့်တိရစ္ဆာန် များကိုသာမက အခြားအားနဲသော မည်သူ့ကိုမဆို ညှာတာထောက်ထားသင့်ကြောင်း သတိထား သဖြင့် ရှီဘာဘုရင်မ၏ နိုင်ငံအား မဖျက်ဆီးတော့ဘဲ ခွင့်လွှတ်တော်မူလေ၏။

ရှိဘာဘုရင်မ ဘီးလ်ကိစ်ကလည်း မိမိသည် အလွန်အင်အားကြီးသော ဘုရင်ကို တုံ့ပြန်တိုက် ခိုက်ရန်သည် ဘယ်နည်းနှင့်မျှ မဖြစ်နိုင်ကြောင်းသိလေသည်။ သူမသည် ဘုရင်ကြီး၏ နိုင်ငံသို့ မိတ်ဆွေအဖြစ် သွားရောက်လည်ပတ်ရန် အကြောင်းကြားခဲ့သည်။ ဆိုလိုင်မာန်သခင်သည် ဘုရင်မ မရောက်ခင် အလျှင် အံ့သြစေရန်အတွက် မိမိ၏ မူးမတ်တို့အား မိန့်သည်မှာ၊

“ထိုစုလိုင်မာန်က “အို-မှူးမတ်အပေါင်းတို့။ ၎င်းတို့သည် ငါ့ထံသို့ “မုစ်လင်မ်” အမိန့်ကို နာခံသူများအဖြစ် မရောက်လာကြမီ၊ အသင်တို့အနက် မည်သူသည် ထိုဘုရင်မ၏ ရာဇပလ္လင်ကို ငါ့ထံသို့ ယူလာနိုင် သနည်း” ဟု ပြောဆိုမေးမြန်းခဲ့၏။ (၂၇း ၃၈)”။

ထိုအခါ “ဂျင်(န်)သတ္တ၀ါတို့အနက်မှ အလွန်ခွန်အား ဗလကြီးသော ဂျင်(န်)တစ်ဦးက ကိုယ်တော် သည် မိမိ နေရာမှမထမီ ကျွန်တော်မျိုးသည် ထိုရာဇပလ္လင်ကို ကိုယ်တော်ထံသို့ ဆောင်ကြဉ်း ခဲ့ပါမည်။ အမှန်သော်ကား ကျွန်တော်မျိုးသည် ဧကန်မလွဲ ဤကိစ္စနှင့် စပ်လျဉ်း၍ ပြုစွမ်းနိုင်သူ၊ ယုံကြည်စိတ်ချရသူ တစ်ဦးပင် ဖြစ်ပါသည်ဟု လျှောက်ထားခဲ့လေ၏။ (၂၇း ၃၉)”။

ထိုအခါ “ကျမ်းဂန်၏ အသိပညာရှိသူတစ်ဦးက ကျွန်တော်မျိုးသည် ထိုရာဇပလ္လင်ကို ကိုယ်တော်၏ မျက်စိတစ်မှိတ်အတွင်း၊ ကိုယ်တော်ထံသို့ ဆောင်ကြဉ်းခဲ့ပါမည်ဟု လျှောက်ထားခဲ့လေ၏။ ထို့နောက် ထိုစုလိုင်မာန်သည် ထိုရာဇပလ္လင်ကို မိမိအနီးတွင် တည်ရှိနေသည်ကို တွေ့မြင်ခဲ့သော အခါ (ဤသို့) ပြောကြားခဲ့လေ၏။ ဤသည် ငါ့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်မြတ်၏ ကျေးဇူးတော်တစ်ရပ်ပင်၊ ငါသည် ကျေးဇူးတင်လေသလော၊ သို့တည်းမဟုတ် ငါသည် ကျေးဇူး ကန်းလေသလော၊ဟု ထိုအရှင်မြတ်သည် ငါ့အား စမ်းသပ်တော်မူခြင်းငှာ ဖြစ်ပေသည်။ စင်စစ် သော်ကား မည်သူမဆို ကျေးဇူးတင်ခဲ့လျှင် မိမိအကျိုးငှာ ကျေးဇူးတင်ခဲ့ခြင်းသာ ဖြစ်ပေမည်။ သို့ရာတွင် မည်သူမဆို ကျေးဇူးကန်းခဲ့လျှင် ဧကန်မလွဲ ငါ့အား ဖန်ဆင်းမွေးမြူတော်မူသော အရှင်မြတ်သည် လိုလားတောင့်တခြင်း ကင်းမဲ့တော်မူသော၊ အလွန်တရာ ရက်ရောတော်မူသော အရှင်မြတ်ပင် ဖြစ်ပေသတည်း။ (၂၇း ၄၀)”။

“ထိုစုလိုင်မာန်က သင်တို့သည် ထိုဘုရင်မ၏ ရာဇပလ္လင်ကို အသွင်ပြောင်းကြလေကုန်။ ထိုဘုရင်မသည် မှန်ကန်စွာ သိလေသလော၊ သို့တည်းမဟုတ် မှန်ကန်စွာ မသိသူတို့အနက်မှ ဖြစ်လေသလော၊ဟု ကျွန်ုပ်တို့သည် ကြည့်ရှုကြပေမည်ဟူ၍ ပြောကြားခဲ့ လေ၏။ (၂၇း ၄၁)”။

“ထို့နောက် ထိုဘုရင်မသည် ရောက်ရှိ၍ လာသောအခါ တစ်စုံတစ်ယောက်က အသင်၏ ရာဇပလ္လင်သည် ဤအတိုင်းပင် ဖြစ်ပါသလောဟု မေးရာ၊ ထိုဘုရင်မက “ဤရာဇပလ္လင်မှာ ထိုရာဇပလ္လင်ပင် ဖြစ်
ဟန်တူပါသည်။ စင်စစ် ကျွန်ုပ်တို့သည် ဤသည့် အလျင်ကပင် အသိပညာကို ချီးမြှင့်ပေးသနားတော်မူခြင်းကို ခံခဲ့ကြရပြီ။ ၎င်းပြင် ကျွန်ုပ်တို့သည် “မုစ်လင်မ်” အမိန့်ကို နာခံသူများပင် ဖြစ်ခဲ့ပေပြီ” ဟု ပြောဆိုဖြေကြား ခဲ့လေ၏။ (၂၇း ၄၂)”။

ဤနေရာတွင် ဘီးလ်ကိစ် သခင်မ၏ ပညာဥါဏ်စွမ်းသည်လည် အံမခန်းပင်ဖြစ်သည်။ သူမ စဉ်းစားသည်မှာ ဤပုလ္လင်သည် ငါ၏ ပုလ္လင်နှင့် အလွန်တူသည်။ သို့သော် ငါ၏နိုင်ငံမှ ပုလ္လင်သည် ဤနိုင်ငံသို့ မည်သို့ရောက်ရှိလာသနည်းကို သူမ အလွန်အံ့သြမိလေသည်။ ထိုနောက် ဤပုလ္လင် သည် အသင်မ၏ ပုလ္လင်ပင်ဖြစ်သည်ဟု ပြောပြသည့်အခါ သူမသည် အလွန်ပင်ပို၍ပို၍ အံ့သြမိ လေသည်။ သူမစဉ်းစားမိသည်မှာ ဤသို့ မည်သို့ဖြစ်ခဲ့သနည်း။

တကယ်တော့ အလ္လာဟ်အရှင် မြတ်ကို ယုံကြည်ကြသောသူတို့ကို အလ္လာဟ်အရှင်မြတ်သည် အလွန်ဆန်းကျယ်သည့် ပညာရပ် များ စွမ်းအားများ အင်အားများပေးနိုင်သည်ကို သူမ ယခင်က မသိခဲ့ပါ။ ယခုအခါ ဆိုလိုင်မာန်ဘုရင်ကြီး၏ စွမ်းအားကို သိလေသည့်အခါ ဆိုလိုမာန်ဘုရင်ကိုးကွယ်သည့် အလ္လာဟ် အရှင်မြတ်သည် မည်မျှ စွမ်အားရှိမည်ကို သူမခန့်မှန်းမိလာပါသည်။ တကယ်တော့ သူမ မသိ သည့်အကြောင်းတရားများစွာရှိသည်ကို ကျမ်းမြတ်ကုရ်အာန်က ဖေါ်ပြသည်မှာ၊

“စင်စစ်သော်ကား ထိုဘုရင်မအား အလ္လာဟ်အရှင်မြတ်ကိုစွန့်၍ ၎င်းကိုးကွယ်လျက်ရှိခဲ့သော အရာများက တားဆီးထားခဲ့ခြင်း ဖြစ်ပေသည်။ (တနည်း) [၎င်းပြင် အလ္လာဟ်အရှင်မြတ်က သို့မဟုတ် ထိုအရှင်မြတ်၏ အမိန့်တော်အရ တမန်တော် စုလိုင်မာန်က ထိုဘုရင်မအား အလ္လာဟ်အရှင်မြတ်အား မကိုးကွယ်ဘဲနှင့် ၎င်းဆည်းကပ်ကိုးကွယ်နေခဲ့သော အရာများမှ တားဆီးလိုက်လေသည်။] ဧကန်စင်စစ် ထိုဘုရင်မသည် “ကာဖိရ်” သွေဖည်ငြင်းပယ်ကြသော အမျိုးသားတို့ အနက်မှပင် ဖြစ်ခဲ့ပေသည်။ (၂၇း ၄၃)”။

၎င်းအဖြစ်အပျက်ပြီးနောက်ဘုရင်မအား နန်းတော်အတွင်းသို့ ခေါ်ဆောင်လာသည်။ ကျမ်းမြတ် ကုရ်အာန်တွင် ဆက်လက်မိန့်သည်မှာ။ “ (ထို့နောက်) ထိုဘုရင်မအား အသင်သည် ဧည့်ခန်းတွင်းသို့ ၀င်ရောက်ပါလေဟု တစ်စုံတစ်ယောက်က ပြောကြားခဲ့လေ၏။ သို့ဖြစ်ပေရာ ထိုဘုရင်မသည် ယင်းဧည့်ခန်းကို မြင်လေသော်၊ ထိုဧည့်ခန်းကို နက်စွာသောရေဟု ထင်မှတ်၍ မိမိခြေသလုံးနှစ်ဘက်ကို ဖော်ခဲ့လေ၏။

(ထိုအခါ) ထိုစုလိုင်မာန်က ဧကန်စင်စစ် ဤသည် ဖန်များဖြင့် ချောမွတ်အောင် ပြုလုပ်ထားသော ဧည့်ခန်းပင် ဖြစ်သည်ဟု ပြောကြားခဲ့လေ၏။ ထိုဘုရင်မက အို-ကျွန်တော်မျိုးအား ဖန်ဆင်း မွေးမြူတော်မူသောအရှင်မြတ်၊ ဧကန်မလွဲ ကျွန်တော် မျိုးမသည် မိမိကိုယ်ကို မိမိနှိပ်စက်မိခဲ့ပါပြီ။သို့ရာတွင် (ယခုသော်ကား) ကျွန်တော်မျိုးမသည် စုလိုင်မာန်နှင့်အတူ (အရှင်မြတ်၏) အမိန့်တော် ကို လိုက်နာပါပြီဟု လျှောက်ထားခဲ့လေသတည်း။ (၂၇း ၄၄)”။

ဤအာယသ်တော်ဖြင့် သိရသည်မှာ ဘုရင်မသည် ပို၌ပင် အံ့သြမိသည်မှာ နန်းတော်၏ ခန်းမဆောင် အတွင်းပိုင်း၏ အခင်းသည် ဖန်ဖြင့် လုပ်ထားသည်ဆိုရာ သူမအနေဖြင့် ရေအလား ထင်မြင်မိပြီး လူ့သဘာဝ မိမိထဘီကို အနည်းငယ်မကာ လမ်းလျှောက်ဟန်ပြင်သဖြင့် ဆိုလိုင်သခင်က ဤအခင်းသည် ဖန်သားဖြင့်လုပ်ထားသဖြင့် ထဘီမရန်မလိုကြောင်းပြောပြလေ သည်။ ဤသည် ဘီလ်ကိစ် သခင်မသည် အလွန်မြင့်မြတ် ကြီးကျယ်တော်မူလှသော ဆိုလိုင်မာန် ဘုရင်ကြီး၏ ဖန်ဆင်းရှင် အလ္လာဟ်အရှင်မြတ်အား ယုံကြည်လိုက်ပါသည်။

စပိန်နိုင်ငံ (ယခင်ရှီဗာ) ကို အုပ်ချုပ်သော ဘုရင်မ “ဘီလ်ကစ်” သခင်မသည် တစ်ချိန်က မီးကိုးကွယ်သူဖြစ်သည်။ ထိုမဟုတ်မမှန်ကန်သော ကိုးကွယ်မှုကို စွန့်လွှတ်၍ တမန်တော်စိုလေမန်(အ)ထံ အီမာန်သက်ဝင်ယုံကြည်ခဲ့သည်။ ထိုနောက်ချစ်လှစွာသော ကြင်ယာတော်အဖြစ် တင်မြောက်ခြင်းခံရသည်။ ဌင်းပြင် သားသမီးများလည်း ထွန်းကားခဲ့သည်။

တမန်တော်စိုလေမန်(အ)သည် နန်းစံပြီး၊ စတုတ္ထမြောက်နှစ်တွင် “ဗိုင်တွလ်မိုကာ ဒတ်စ်” ကျောင်းတော်အား တည်ဆောက်ခြင်းကို ပြန်လည်အစပြုခဲ့သည်။ နှစ်ပေါင်း(၄၀)တိုင်တိုင် တိုင်းပြည်ကို မင်းလုပ်အုပ်ချူပ်ခဲ့သည်။ တမန်တော်စိုလေမန် (အ)သည် သက်တော်(၈၅)နှစ်တွင် အဆွာတောင်ဝှေးတော်ကို ထောက်၍ ရပ်တော်မူလျက် အရှင့်အမိန့်ကို ခံယူခဲ့လေသည်။

တမန်တော်စိုလေမန်(အ)၏ ခန္ဓာကိုယ်သည် အသက်မရှိသော်လည်း တောင်ဝှေး တော်အား ထောက်လျှက် နဂိုအတိုင်းပင်ရပ်တည်၍ နေခဲ့လေသည်။ ယင်းအတိုင်း တစ်နှစ်တာမျှ ရှိတော်မူခဲ့ လေသည်။ ထိုတစ်နှစ်တာတောအတွင်း ခြကောင်များသည် တောင်ဝှေးတော်အားစားခဲ့သည်။ ထို့ကြောင့် တောင်ဝှေးတော်သည် နှစ်ပိုင်းကျိုး သွား၍ တမန်တော်စိုလေမန်(အ)၏ ခန္ဓာကိုယ် လည်း မြေပေါ်သို့ ဘုံးဘုံးလဲကျသွား လေသည်။

“ဗိုင်တွလ်မိုကာဒတ်စ်” ကျောင်းတော်အား ဆောက်တည်နေကြသော ဂျင်န်များသည် တမန်တော် စိုလေမန်(အ) ကွယ်လွန်ကြောင်းကို ကြိုတင်မသိရှိခဲ့ကြချေ။ တစ်နှစ်တာကာလနောက်ပိုင်း တမန်တော်စိုလေမန်(အ)၏ ရုပ်ကလပ်မြေ ပေါ်သို့ လဲကျသွားသောအခါမှ သိရှိခဲ့ကြခြင်းဖြစ်သည်။ တမန်တော်စိုလေမန်(အ)၏ ကိုယ်ခန္ဓာအား ၄င်းအတိုင်း ရပ်တည်စေခဲ့ခြင်း၏ အကြောင်းမှာ- “ဗိုင်တွလ်မိုကာ ဒတ်စ်” ကျောင်းတော်၏ တည်ဆောက်မှု မရပ်ဘဲ အလျင်အမြန်ပြီးစီး ဖြစ်မြောက် သွားစေရန်အတွက်၎င်း၊ ဂျင်န်များသည် အကွယ်မှအကြောင်းအရာများကို သိရှိနား လည်ခြင်း မရှိကြသည်ကို လူသားအပေါင်းတို့အား သိရှိနိုင်စေရန် အလ္လာဟ်အရှင် မြတ်က စီစဉ်ခြင်းဖြစ်သည်။

နဗီတမန်တော်ဆွာလေ့ဟ် (အလိုင်ဟိစွလာမ်) အကြောင်း

တမန်တော် ဆွာလေ့ဟ် (အလိုင်ဟိစ္စလာမ်) ၏ဖခင်အမည်မှာ အဗီးဒ်ဟုခေါ်ပါသည်။ တမန်တော်၏ မျိုးရိုးစဉ်ဆက်နှင့် ပတ်သက်ပြီး သာသနာ့သမိုင်းပညာရှင်များအကြား အကွဲအလွဲရှိပါသည်။

တမန်တော်ဆွာလေ့ဟ် (အလိုင်ဟိစ္စလာမ်) ၏ ခန္နာကိုယ်အရောင်အဆင်းမှာ အဖြူပေါ် အနီရောင်သမ်းသည်။ ဦးခေါင်းရှိဆံပင်များမှာ ဖြောင့်တန်းစွာရှိ၏။ ဖိနပ်စီးခြင်း မပြုဘဲ သွားတော်မူလေ့ရှိသည်။ ဗလီဝတ်ကျောင်းတော်မှအပ အခြားမည်သည့်နေရာမှ စခန်းချနေ ထိုင်ရန် သတ်မှတ်ခြင်း မပြုခဲ့ပေ။

တမန်တော်ဟူးဒ် (အလိုင်ဟိစ္စလာမ်) ၏ နောက်နှစ်ပေါင်း (၁၀၀) အကြာတွင် နဗီအဖြစ် တင်မြှောက်ခြင်းခံခဲ့ရပြီး စမူးဒ်အမျိုးအနွယ်တို့အား “ဒါအ်ဝါ” လမ်းမှန် တရားဖိတ်ခေါ် မှုပြုရန် နဗီအဖြစ်စေလွှတ်ခြင်းခံရလေသည်။

ထိုအချိန်အခါက စမူးဒ်အမျိုးအနွယ်တို့သည် “ဟေဂျာဇ်” ဆော်ဒီအာရေဗျ” နှင့် (ရှားမ်) (ဆီးရီးယားနိုင်ငံ) အကြား (၁၈) မိုင်ပတ်ဝန်းကျင်အထိ ကျယ်ပြန့်လျှက်ရှိသော (ဝါဒီအတ်လ်ကိုရာ) အမည်ရှိ နယ်မြေဒေသတွင် နေထိုင်ခဲ့ကြ၏။ စမူးဒ်မျိုးနွယ်တို့သည် သံဖြင့် ရုတ်တုတစ်ခုပြုလုပ်ထားကာ ၄င်းရုပ်တုအား “စဂ်ျဒါ” ဦးချလေ့ရှိခဲ့ကြသည်။ ထို့အပြင် ၄င်းရုပ်ထုအား မိမိတို့၏ ခဝပ်ကိုးကွယ်ထိုက်သောအရှင်အဖြစ် မှတ်ယူလျက်ရှိခဲ့ကြသည်။ တမန်တော်ဆွာလေ့ဟ် (အလိုင်ဟိစ္စလာမ်) သည် စမူးဒ်အမျိုးသားများအား ကြိမ်ဖန်များစွာ အလ္လာဟ်အရှင်မြတ်အပေါ် အီမာန်သက်ဝင်ယုံကြည်ကြရန် “ဒါအ်ဝါ” ပေးဖိတ်ခေါ်ခဲ့သည်။ သို့သော်လည်း ယင်းဖိတ်ခေါ်မှုကို လက်မခံခဲ့ကြချေ။

စမူးဒ်အမျိုးသားများမှ ခေါင်းဆောင်အချို့သည် တမန်တော်ဆွာလေ့ဟ် (အလိုင်ဟိစ္စလာမ်) အား “အသင်သည် အမှန်တကယ် နဗီဖြစ်ခဲ့သော် ဤမာကျောသော ကျောက်ဆောင်အတွင်းမှ ဇီးရှိသော ကုလားအုပ်မ တစ်ကောင်ထုတ်ပေးပြီး၊ ကျွန်ုပ်တို့၏ရှေ့ မှောက်၌ပင် သားမွေးပြ ရမည်” ဟု တောင်းဆိုကြသည်။ ထိုအခါ တမန်တော်ဆွာလေ့ဟ် (အလိုင်ဟိစ္စလာမ်) သည် ချက်ခြင်းပင် အရှင့်ထံ စဂ်ျဒါဦးချကာ ဒိုအာဆုပန်ခဲ့လေသည်။ ထိုအခါ စမူးဒ်ခေါင်းဆောင်များ လမ်းညွှန်ပြခဲ့သော ကျောက်ဆောင်ကြီးသည် မိမိတည်နေရာတွင်လှုပ်လျက် အက်ကွဲ လာပြီး၊ ၄င်းအတွင်းမှ ကုလားအုပ်မတစ်ကောင် ပေါ်ထွက်လာကာ၊ စမူးဒ်ခေါင်းဆောင်တို့ ရှေ့မှောက်တွင် ဒူးထောက်ထိုင်ချကာ သားဖွားပြခဲ့သည်။ ထို့နောက် စားကျက်ကွင်းရှိရာ ကွင်းပြသို့ လျှောက်သွားလေသည်။ မွေးကင်းစ ကုလားအုပ် ကလေးမှာလည်း နောက်မှ လိုက်ပါသွားခဲ့လေသည်။

ထိုအချင်းအရာကို မြင်တွေ့ကြရသော စမူးဒ်အမျိုးသားများသည် အလွန်အံ့အားသင့်ခဲ့ ကြပြီး အစုလိုက်အပြုံလိုက် အီမာန်သက်ဝင်ယုံကြည်ခဲ့ကြသည်။ တစ်နေ့နှင့် တစ်ညတာ၌ထောင်ပေါင်းများစွာသော သူတို့ အီမာန်လက်ခံခဲ့ကြသည်။ သို့သော်လည်း နောက်တစ်နေ့ မိုးလင်းလာသည့်အခါ အီမာန်သက်ဝင်ယုံကြည်ခြင်းကို ငြင်းဆန်ခဲ့ကြလေသည်။ ဤတစ်ကြိမ်၌ “စမူးဒ်” အမျိုးသားများ၏ ငြင်းဆန်မှုသည် ပို၍ဆိုးရွားလာခဲ့၏။ ထိုအခါတမန်တော်ဆွာလေ့ဟ် (အလိုင်ဟိစ္စလာမ်) က စမူးဒ်အမျိုးသားများအား “အသင်တို့သည် အီမာန်သက်ဝင်ယုံကြည်မှုကို ပြန်လည်စွန့်လွှတ်ကြသည်။ သို့ရှိရာ အသင်တို့သည် အရှင်မြတ်၏ ကုလားအုပ်မအား ဖျက်ဆီးနှောက်ယှက်ခြင်း မပြုကြလေနှင့်။ ထိုကုလားအုပ်မအား ကမ္ဘာမြေပေါ်တွင် သွားလာလှုပ်ရှား နေထိုင်စားသောက်ရန် လွှတ်ထား ကြလေကုန်” ဟုမိန့်ကြားတော်မူခဲ့လေသည်။

ဤသို့ဖြင့် တမန်တော်ဆွာလေ့ဟ် (အလိုင်ဟိစ္စလာမ်) သည် မိမိ၏အမျိုးသားများနှင့် နှစ်ပေါင်း (၂၀) တိုင်တိုင် နေထိုင်တော်မူခဲ့သည်။ ထိုအတောအတွင်း တမန်တော်ဆွာလေ့ဟ် (အလိုင်ဟိစ္စလာမ်) သည် အလ္လာဟ်အရှင်မြတ်၏ ကုလားအုပ်မနှင့် စမူးဒ်အမျိုးသားများ၏ ကျွဲနွားတိရစ္ဆာန်များအတွက် ရေကန်မှ ရေသောက်သုံးရန် အလှည့်ကျစနစ်ကို သီးခြားသတ်မှတ်ပေးတော်မူခဲ့လေသည်။ စမူးဒ်အမျိုးသားများအတွင်းမှ ဆိုးသွမ်းသူ (၉) ဦးတို့သည် အလ္လာဟ်၏ ကုလားအုပ်မအား သတ်ဖြတ်ရန် သဘောတူညီခဲ့ကြသည်။ “ ကဒါရ် (အဖေ) ဆာလစ်ဖ်” အမည်ရှိသူယုတ်မာသည် ရဗီအွတ်လ်စာနီ (၁၄) ရက်နေ့တွင် ကုလားအုပ်မအား လည်လှီးသတ်ဖြတ်ပြီး၊ အသားကို ကြော်၍စားကြလေသည်။

ကုလားအုပ်မ၏ သားငယ်သည် ၄င်းမိခင်အား လည်လှီးသတ်ဖြတ်နေသည်ကို တွေ့မြင်လေရာ ထိုနေရာမှ လှည့်၍ထွက်ပြေးသွားကာ တောင်တစ်တောင်၏ ထိပ်ပေါ်သို့တက်သွားလေသည်။ စမူးဒ်အမျိုးသားများသည် ကုလားအုပ်မ၏ သားကို ဖမ်းဆီးရန် လိုက်လာခဲ့ကြသည်။ ကုလားအုပ်ငယ်ရှိသော တောင်ထိပ်ပေါ်သို့ တက်သွား ခဲ့ကြလေသည်။ ထိုသတင်းကို တမန်တော်ဆွာလေ့ဟ် (အလိုင်ဟိဟစ္စလာမ်) သိရှိလေရာ အချင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိလာသည်။ ကုလားအုပ်မအား သတ်ဖြတ်ထားခြင်းနှင့် ကုလားအုပ်မ၏ သားငယ်မှာ တောင်ထိပ်ပေါ်သို့ တက်ရောက်ခိုလှုံ နေခြင်းကို တွေ့မြင်တော်မူသဖြင့် လွန်စွာ ပူဆွေးဝမ်းနည်းမိခဲ့သည်။ ကုလားအုပ်မ၏ သားငယ်သည်လည်း တမန်တော်ဆွာလေ့ဟ် (အလိုင်ဟိစ္စလာမ်) အားမြင်ပြီး အော်ဟစ်ညည်းငြူကာ မျက်လုံးများမှ မျက်ရည်များ စီးကျသည်အထိ ငိုကြွေးခဲ့သည်။ ထို့နောက် သုံးကြိမ်သုံးခါ အသံပြုဟစ်အော်ခဲ့သည်။

ထိုအခါ ကုလားအုပ်သားငယ်ရပ်နေသော ကျောက်ဆောင်ကြီးသည် တစ်မဟုတ်ချင်း အက်ကွဲကာ ထိုကုလားအုပ်သားငယ်အား ပျောက်ကွယ်သွားစေခဲ့သည်။ ထို့နောက် တမန်တော်ဆွာလေ့ဟ် (အလိုင်ဟိစ္စလာမ်) သည် အီမာန်သက်ဝင် ယုံကြည်သူလေးထောင် (၄၀၀၀) အားမိမိနှင့်အတူ ခေါ်ဆောင်၍ မက္ကာရွှေမြို့တော်ဖက်သို့ ခရီးနှင်ခဲ့လေသည်။ ကျန်ရစ်နေခဲ့သော အမိန့်ဖီဆန်သူ စမူးဒ် အမျိုးသားများကို “အသင်တို့ အဖို့သုံးရက်တာအချိန်ကာလအတွင်း အာဇားဗ် အပြစ်ဒဏ်ကျရောက်မည်” ဟု ပြောဆိုခဲ့လေသည်။ တမန်တော်ဆွာလေ့ဟ် (အလိုင်ဟိစ္စလာမ်) မိန့်ကြားခဲ့သည့်အတိုင်း ကြာသပတေးနေ့တွင် စမူးဒ်အမျိုးသားများ၏ မျက်နှာပြင်များသည် ဝါထိန်သွားခဲ့သည်။

နောက်တစ်နေ့သောကြာနေ့တွင် ၄င်းတို့၏ မျက်နှာပြင် များသည် သွေးများလိမ်းကျံထားသကဲ့သို့ နီရဲသွားခဲ့သည်။ တတိယစနေနေ့တွင် ၄င်းတို့၏ မျာက်နှာပြင်များ မဲနက်သွားခဲ့လေသည်။ ထိုစနေနေ့၌ပင် ကောင်းကင်တမန် ဂျီဗရာအီးလ် (အလိုင်ဟိစ္စလာမ်) ၏ အလွန်ပြင်းထန်၍ တုန်လှုပ်ခြောက်ခြားစရာ ကောင်းသော အော်ဟစ်သံကြီးကြောင့် စမူးဒ်အမျိုးသားများ၏ အသဲများ ကွဲအက်သွားကာ လူကြီးလူငယ်တစ်ဦး မကျန် သေကြေပျက်စီးသွားခဲ့ကြလေသည်။ တမန်တော်ဆွာလေ့ဟ် (အလိုင်ဟိစ္စလာမ်) သည် သက်တော် (၂၈၀) အရွယ်တွင် မက္ကာရွှေမြို့တော်၌ ကွယ်လွန်တော်မူခဲ့ပြီး (ဟဂ်ျရေအဆ်ဝဒ်) အနီးပတ်ဝန်းကျင်၌ မြှုပ်နှံတော်မူခြင်းခံရလေသည်။ အချို့ သောသမိုင်းပညာရှင်များက တမန်တော်ဆွာလေ့ဟ် (အလိုင်ဟိစ္စလာမ်) သည် သက်တော် (၅၈) နှစ်တွင် ကွယ်လွန်သည်ဟု ဆိုကြလေသည်။

နဗီတမန်တော်ရှိုအိုင်းဗ် (အ) အကြောင်း

တမန်တော်ရှိုအိုင်းဗ်၏ ဖခင်အမည်နှင့်ပတ်သက်၍ သမိုင်းပညာရှင်များအကြား ကွဲလွဲမှုရှိသည်။ အေမာမ်နဗဝီသခင်က တမန်တော်ရှိုအိုင်းဗ် ၏ ဖခင်တော်အမည်ကို (မီကီးလ်) ဟု လည်းကောင်း၊ အစ်ဗ်နိုအဆီးရ်သခင်က (ဒွိုင်းအူးန်) ဟု လည်းကောင်း ဆိုကြသည်။ သို့သော် အများအဆိုအရ (မီးကီးလ်) ဖြစ်သည်။

တမန်တော်ရှိုအိုင်းဗ် (အ) ၏အမည်ရင်းမှာ (ယရှ်ရှုးန်) ဖြစ်ပြီး၊ ဂုဏ်ထူးဆောင်အမည်မှာ (ခတွီဗွလ်အမ်ဘီယာ နှင့် နဗီတမန်တော်မြတ်များအတွင်း “ခွတ်သ်ဘာ” မိန့်ကြားသူ) ဖြစ်သည်။ တမန်တော် ရှိုအိုင်းဗ်သည် တမန်တော်လူးသ်၏မြေး တော်စပ်သည်။ အကြောင်းမှာ ၄င်း၏ မိခင်သည် တမန်တော်လူးသ်၏ သမီးပင်ဖြစ်သည်။ မိခင်အမည်မှာ မကီးလ် ဖြစ်သည်။

တမန်တော်ရှိုအိုင်းဗ် (အ) သည် တမန်တော်မူစာ (အ) ၏ယောက္ခထီးတော်လည်းဖြစ်သည်။ သမီးတော် “စဖူရာ” သခင်မသည် တမန်တော်မူစာ၏ ဇနီးဖြစ်ခဲ့သည်။

တမန်တော်ရှိုအိုင်းဗ် (အ) သည်စွလားသ် များစွာ ဝတ်ပြုသူဖြစ်သည်။ အုပ်စု နှစ်ဖွဲ့ဖြစ်သော “မဒ်ယန်” ဒေသရှိ အမျိုးသားများနှင့် “အိုင်ကာဟ်” ဒေသရှိ အမျိုးသားများ ဖက်သို့ နဗီအဖြစ်စေလွှတ်ခြင်း ခံရလေသည်။ “မဒ်ယန်” နှင့် “အိုင်ကာဟ်” ဒေသရှိအမျိုးသားများသည် စားဝတ်နေရေး ချောင်လည်ကြသော်လည်း အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်ကို မသိတတ်ကြသူများဖြစ်သည်။ အရောင်းအဝယ်ပြုလုပ်ရာ၌ ပစ္စည်းများချိန်တွယ်သည့်အခါ လိမ်လည်လှည့်စားမှုများ ပြုကြသည်။ ဝယ်ယူသူအား ပစ္စည်းကို အလေးချိန်လျော့၍ ပေးကြသည်။ ဤသို့မပြုလုပ်ကြရန်နှင့် အလ္လာဟ်အရှင်မြတ်အပေါ် အီမာန်သက်ဝင် ယုံကြည်ရန် တမန်တော်ရှိအိုင်းဗ် (အ) က အမျိုးမျိုး ဖြောင့်ဖျပြောဆိုကြသော်လည်း ၄င်းအကျင့်ဆိုးများ မစွန့်လွှတ်သည့် အပြင် ပြုမြဲသာပြုကြလေသည်။ တမန်တော်ရှိုအိုင်းဗ် (အ) ၏ သွန်သင်ဆုံးမမှုကို လက်ခံခြင်းမရှိကြသည့်အခါ အလ္လာဟ်အရှင်မြတ်က ၄င်းအမျိုးအနွယ်အပေါ်သို့ အဇားဗ်အပြစ်ဒဏ် ချတော်မူသည်။ အလ္လာဟ်အရှင်မြတ်သည် ပူပြင်းခြောက်သွေ့သော လေပူများကို ပြင်းပြင်းထန်ထန် တိုက်ခတ်စေပြီး၊ ၄င်းလေပူဖြင့်ပင် ထိုအမျိုးအနွယ်များ၏ ခန္ဓာကိုယ်ကို လောင်ကျွမ်းပျက်စီးစေခဲ့သည်။

အလ္လာဟ်အရှင်မြတ်၏ “အာဇားဗ်” အပြစ်ဒဏ်ချပြီး နောက်ပိုင်းတွင် တမန်တော်ရှိုအိုင်းဗ် (အ) သည် အီမာန်သက်ဝင်ယုံကြည်သူများအား ခေါ်ဆောင်ကာ၊ မက္ကာမြို့တော်သို့ သွားရောက်နေထိုင်ကြလေသည်။ တမန်တော်ရှိုအိုင်းဗ်၏ မျက်လုံှးနှစ်လုံးမှာလည်း ကွယ်ပျောက်ခဲ့လေသည်။ တမန်တော်ရှိုအိုင်း(အ) သည် သက်တော်(၁၄၀) နှစ်တွင် မက္ကာမြို့တွင်ပင် ကွယ်လွန်တော်မူလေသည်။

နဗီတမန်တော်အလ်ယဆအ် (အလိုင်ဟိစ္စလာမ်) အကြောင်း

တမန်တော် အလ်ယာဆအ်၏ ဖခင်အမည်မှာ “အွမ်သူးဇ်” ဖြစ်သည်။ ၄င်းအားဖွားမြင်သည့်အချိန်မှာ မိခင်သည် အလွန်အသက်ကြီးပြီး အမယ်အိုဘဝသို့ပင် ရောက်နှင့်နေလေသည်။ ထို့ကြောင့်၎င်းအား “အစ်ဗနိုအဂျူးဇ် (ဝါ) အမယ်အို၏သား” ဖြင့် အမည်ကျော်ကြားခဲ့သည်။ ၄င်းသည် တမန်တော်အစ်လ်ယားစ် (အ) ၏ တပည့်ရင်းလည်းဖြစ်ခဲ့သည်။

တမန်တော်အစ်လ်ယားစ် (အ) “ဗိုရားက်” အစီးအနင်းဖြင့် မိုးကောင်းကင်သို့ တက်သွားစဉ် တမန်တော် အလ်ယဆအ်(အ) က အို..အလ္လာဟ်၏ တမန်တော် ကျွန်တော်မျိုးအား မည်သည့်အမိန့် ချမှတ်ပါမည်းနည်းဟု လျှောက်ထား၏။ ထိုသောအခါ တမန်တော်အစ်လ်ယားစ်က မိမိခြုံထည်ကို ပေးအပ်ခဲ့သည်။ သဘောမှာ ၄င်း၏ ကိုယ်စားလှယ်အဖြစ် ခန့်အပ်၍ ၄င်းနောက်ပိုင်းတွင် နဗီအဖြစ် တဝန်ကို ထမ်းဆောင်စေလေသည်။

ထိုခေတ်အချိန်အခါက အလွန်ဆိုးသော ဘုရင် “အဂျဗ်” နှင့် မိဖုရားဆိုး “အရ်ဘီးလ်” တို့ ကြီးစိုးလေသည်။ မိဖုရား၏ သွေးထိုးဂုံးချောမှုကြောင့် များစွာသော နဗီတမန်တော်များ “ရှဟီးဒ်” ဖြစ် အသတ်ခံရလေသည်။ ထိုစဉ်က ၄င်းတို့အား တမန်တော်အစ်လ်ယားစ် (အ) က တရားလမ်းမှန်သို့ ဖိတ်ခေါ်သည်ကို ငြင်းဆန်ကြသည်။ ထို့ကြောင့် အလ္လာဟ်အရှင်မြတ်က ပြစ်ဒဏ်အဖြစ် ၄င်းတို့နှစ်ဦးကို ရက်စက်စွာ သတ်ဖြတ်ခြင်း ခံရလေသည်။ ၄င်းတို့၏ ရုပ်အလောင်းကို မြှုပ်နှံမည့်သူပင် မရှိချေ။ အလောင်းများ ဤအတိုင်း ရှိနေခဲ့ရာ လင်းတများနှင့် ကျီးကန်းများ၏ အစာဖြစ်ခဲ့သည်။

တမန်တော်အလ်ယဆအ် (အ) နဗီအဖြစ် တင်မြှောက်ခံရသည့် အချိန်၌ များစွာသောလူတို့သည် အမြင်မှန်ရ၍ အလ္လာဟ်နှင့် အလ္လာဟ့် တမန်တော်များ အပေါ် အီမာန်သက်ဝင်ယုံကြည်လာကြသည်။ ဤသည်လည်း ဘုရင်ဆိုးနှင့် မိဖုရားဆိုးတို့၏ အဖြစ်ကို မြင်တွေ့ရခြင်း၏ နောက်ပိုင်းတွင် ဖြစ်သည်။
တမန်တော်အလ်ယဆအ် (အ) သည် သက်တော် (၄၀၂) နှစ်အရွယ်တွင် အရှင့်အမိန့်ကို ခံယူ၍ ကွယ်လွန်တော်မူခဲ့သည်။ ၄င်းကို “သတ်ဆ်သတ်ရ်” အမည်ရှိ ကျေးရွာ၌ မြှုပ်နှံခဲ့လေသည်

နဗီတမန်တောအီဗရာဟီးမ် “ခလီလွလ္လာဟ်” (အလိုင်ဟိစ္စလာမ်) အကြောင်း

တမန်တော်အီဗရာဟီးမ် (အ) ၏ ဖခင်အမည်မှာ အာဇရ်ဟုခေါ်ပါသည်။ တမန်တော်အီဗရာဟီးမ် (အ) သည် တမန်တော်အာဒမ် (အ) ဖန်ဆင်းခြင်းခံရပြီး နှစ်ပေါင်း နှစ်ထောင် (၂၀၀၀) နောက်ပိုင်းတွင် ဖွားမြင်ခဲ့သည်။

ဖွားမြင်ခြင်း
နဗီတမန်တော် အီဗရာဟီးမ် (အ) သည် တမန်တော်အီဆာ (အ) မဖွားမြင်မီ သက္ကရာဇ် နှစ်ထောင့်တစ်ရာခြောက်ဆယ်(၂၁၆၀) ခုနှစ်တွင် ဖရားသ် မြစ်တစ်ဖက်ကမ်း၌ တည်ရှိသော ရှေးဟောင်းကျသည့် “အွတ်ရ်” အမည်ရှိမြို့၌ ဖွားမြင် ခဲ့တော်မူသည်။ ထိုနယ်မြေဒေသကို ရှေးဟောင်း ခေတ်တွင် “ဘာဘိလ်” နိုင်ငံဟု ခေါ်ဆိုခဲ့ကြသည်။ လက်ရှိခေတ်တွင်မူ အီရတ်နိုင်ငံဟုခေါ် ဆိုကြသည်။

နမရူးဒ်ဘုရင်နှင့် ၄င်း၏အိပ်မက်
ထိုအချိန်အခါက ဘာလိလ်နိုင်ငံကို နမရူးဒ် မည်သော ဘုရင်ဆိုးကြီးက အုပ်ချုပ် ခဲ့လေသည်။ တမန်တော်အီဗရာဟီးမ် (အ) ၏ဖခင်သည် နမရူးဒ် ဘုရင်၏ နန်းတော်၌ အရာရှိကြီးတစ်ဦးဖြစ်လေသည်။ ဘုရင်ကြီးသည် ညတစ်ည၌ အိပ်မက်တစ်ခုကို မြင်မက်ခဲ့သည်။

၎င်းအိပ်မက်၏သဘောကို နက္ခတ်ပညာရှင်များက အောက်ပါအတိုင်း ဖြေကြားခဲ့သည်။ ဤနှစ်တွင် ဘုရင့်နိုင်ငံ၌ ယောက်ျားလေးတစ်ဦးဖွားမြင်လိမ့်မည်။ ၄င်းကလေးကို အကြောင်းပြု၍ ဘုရင်းကြီး၏ သိက္ခာ တော်များစွာ ကျဆင်းလိမ့်မည်။ သို့ရှိရာ ဘုရင်ကြီးက ဤနှစ်၏ နောက်ဆုံး နေ့ရက်အထိ ဖွားမြင်မည့်သားယောက်ျားလေး များအား သတ်စေဟု အမိန့်တော်ချမှတ် လေသည်။ ထို့ပြင်မည်သည့်ခင်ပွန်းသည်မှ မိမိတို့၏ ဇနီးသည်များနှင့် ချဉ်းကပ်ပေါင်းသင်းခြင်း မပြုရဟု အမိန့်တော်ချမှတ်လေသည်။

ဖခင်အာဇရ်
တမန်တော်အီဗရာဟီးမ် (အ) ၏ ဖခင် အာဇရ်မှာ နမရူးဒ် ဘုရင်၏ ကောင်းကျိုးကို ရှေ့ရှုသော လူယုံတော်ကြီး တစ်ဦးဖြစ်သည်။ သို့ရှိရာ နမရူးဒ် ဘုရင်၏ ကြေငြာချက်အတိုင်း လိုက်နာဆောင်ရွက်သည့်အနေဖြင့် ဤတစ်နှစ် ပတ်လုံး မိမိဇနီးကြင်ယာထံ သွားရောက်ခြင်းပြုမည်မဟုတ် ရည်ရွယ်ခဲ့လေသည်။ သို့သော်လည်း တစ်နေ့သ၌ မိမိအလုပ်ကိစ္စတစ်စုံတစ်ရာနှင့် စပ်လျဉ်း၍ မိမိအိမ်သို့ သွားရောက်ခဲ့ရသည်။ ထိုအခါ မိမိဇနီးကြင်ယာအားမြင်တွေ့ကာ လူ့ဘဝကို မလွန်ဆန့်နိုင်၍ ပေါင်းသင်းမှုပြုလိုက်လေသည်။ ထိုနေ့မှစ၍ တမန်တော် အီဗရာဟီးမ် (အလိုင်ဟိစ္စလာမ်) ၏ သန္ဓေတည်ခဲ့လေသည်။ ဖခင်အာဇရ်မှာ သားယောက်ျားလေးဖွားမြင်လာပါက ၄င်းအားသတ်ဖြတ်မည်ဟု အခိုင်အမာ ရည်ရွယ် ထားခဲ့လေသည်။ သို့သော်လည်း တမန်တော်အီဗရာဟီးမ် (အ) ဖွားမြင်တော် မူခဲ့သည့် အချိန်၌ ဖခင်ကြီး အာဇရ်သည် ခရီးလွန်နေချိန်ဖြစ်သည်။ ထို့ကြောင့် မိခင်ကြီးမှာ တမန်တော်အီဗရာဟီးမ် (အ) အား အလုံပိတ်ထားသော အခန်းတစ်ခန်း၌ ဝှက်ထားလေသည်။ ဖခင်ကြီး အာဇရ်ခရီးမှပြန်ရောက်လာပြီး ကလေးနှင့်ပတ်သက်၍ မေးမြန်းလေရာ ၄င်းဇနီးမှ ကလေး အသေသာဖွားမြင်ခဲ့သည်ဟု အကြောင်းပြခဲ့လေသည်။

မိခင်၏စောင့်ရှောက်မှု
မိခင်ကြီးမှာ တမန်တော်အီဗရာဟီးမ် (အ) အား လျှို့ ဝှက်စွာ ပြုစုစောင့် ရှောက်ခဲ့လေသည်။ တစတစနှင့် ကြီးပြင်းလာပြီး တမန်တော် အီဗရာဟီးမ် (အ) မှာ အသိစိတ်ဓာတ် ရလာခဲ့သည်။

တမန်တော်အီဗရာဟီးမ် (အ) ၏ အွမ္မဒ်များ
တမန်တော် အီဗရာဟီးမ် (အ) ၏ အွမ္မဒ်များသည် နေ၊ လ နှင့် ကြယ်တာရာများကို ကိုးကွယ်ခဲ့ကြသည်။ ၄င်းအမျိုးသားများသည် ခဝပ်ကိုးကွယ်ရာများအဖြစ် ကိုးကွယ်ထိုက်သော အရှင် ငါးထောင် (၅၀၀၀) ခန့်ကို သတ်မှတ်ထားခဲ့လေသည်။ ၄င်းတို့ အနက် နေနှင့်လတို့မှာ အကြီးဆုံးခဝပ်ကိုးကွယ်ရာများဟု ထင်မှတ်ခဲ့ကြလေသည်။

တမန်တော်အီဗရာဟီးမ် (အ) သည် အသိဏ်ပွင့်လာသောအသိညာဏ်ပွင့်လာသော အရွယ်သို့ရောက်ရှိလေရာ ဖခင်ကြီး အာဇရ်မှာလည်း သားတော်အား ချစ်မြတ်နိုးသဖြင့် မည်သို့မှ ဒုက္ခမပေးရက်ခဲ့ပေ။

တမန်တော်အီဗရာဟီးမ် (အ) ၏မြင့်မြတ်သော အတွေးအခေါ်
တမန်တော် အီဗရာဟီးမ် (အ) သည် အလုံပိတ်ထားသော အခန်းတွင်းမှ အပြင်သို့ ထွက်ခဲ့ရာ စင်္ကြာဝဠာအတွင်းရှိ အရာခပ်းသိမ်းကို တွေ့မြင်တော်မူပြီး ဤအရာခပ်သိမ်းအားဖန်ဆင်းသောအရှင်တစ်းပါး မုချဧကန်ရှိလိမ့်မည်ဟု တွေးခေါ် မှုရရှိခဲ့သည်။

တမန်တော်အီဗရာဟီးမ် (အ) ၏ အွမ္မဒ်အမျိုးသားများသည် နေ၊ လ၊ နက္ခတ်တာရာများကို ကိုးကွယ်ခဲ့ကြသည်။ သို့ရှိရာ ၄င်းတို့သည် အဖန်ဆင်းခံအရာဝတ္ထုများမှ ငါးထောင်ခန့်သော အရာများကို ကိုးကွယ်ခြင်း ခံထိုက်သည်ဟူ၍ သတ်မှတ်ထားခဲ့၏။ ထိုအရာများအနက် နေနှင့် လတို့သည် အကြီးဆုံးသော ကိုးကွယ်ရာများအဖြစ် သတ်မှတ်ထားကြသည်။ သို့သော် တမန်တော်အီဗရာဟီးမ် (အ) သည် မိမိအွမ္မဒ်အမျိုးသားများ၏ မှားယွင်းသော သာသနာကို စိတ်ပါဝင်စားခြင်း မရှိပေ။

တမန်တော်အီဗရာဟီးမ် (အ) သည် မိုးကောင်းကင်အထက်တွင် လင်းဝင်းတောက်ပသော လကို တွေ့မြင်သည်။ ထို့နောက် လ၏ လင်းဝင်းမှုမှာ မှေးမှိန်သွားခဲ့သည်။ ဤနည်းပင် ကြယ်တာရာများ တောက်ပနေသည်ကို တွေ့မြင်တော်မူသည်။ တဖန်နေမင်းကြီး ထွက်ပေါ်လာသည်။ ထို့နောက် ညအချိန်တွင် နေမင်းကြီးသည အမှောင်ထု၌ ပျောက်ကွယ်သွားသည်။ ထိုအချင်းအရာများအပေါ် စဉ်းစားတွေးတော ကြံစည်ကြည့်သည့် အခါတွင် တမန်တော်အီဗရာဟီးမ် (အ) အဖို့ ရရှိလာသည့် အဖြေမှာကား ဤမြင်တွေ့ နေရသော အရာခပ်သိမ်းတို့တွင် အတက်နှင့် အကျဟူသော ဥပဒေ၏ ချုပ်နှောင်မှုသည ရစ်ပတ်လျှက် ရှိနေသဖြင့် ၄င့်တို့သည် ကိုးကွယ်ထိုက်သော အရာများ မဖြစ်နိုင်ပါ။ ခဝပ်ကိုးကွယ်ထိုက်သော အရှင်ဟူသည် အတက်အကျဟူသော နယ်နမိတ်ဘောင်ခတ်မှု မှ လွတ်ကင်းနေရသည့် အရှင်သာလျှင် ဖြစ်နိုင်ပေသည်။

နမရူးဒ်မင်းဆိုး
တမန်တော်အီဗရာဟီးမ် (အ)၏ ခေတ်တွင် အုပ်ချုပ်ခဲ့သော ဘုရင်မှာ နမရူးဒ် အမည်ရှိသောမင်းဆိုးဖြစ်ခဲ့၏။ ၄င်းသည် ကိုးကွယ်ထိုက်သော အရှင်ကဲ့သို့ မင်းလုပ်အုပ်ချုပ်ခဲ့သည်။ နမရူးဒ်သည် ပြည်သူလူထုအားနှလုံးသွင်းထားသည့် စကားမှာ ၄င်းသည် နိုင်ငံအားအုပ်ချုပ်ရာတွင် ကိုးကွယ်ထိုက်သော အရှင်ကဲ့သို့ အခွင့်အရေးရှိသည်။ နေမင်းကြီးသည် အကြီးဆုံးကိုးကွယ်ရာဖြစ်သကဲ့သို့ ၄င်းနမရူးဒ် အမျိုးအနွယ်သည် နေမင်း၏ သားစဉ်မြေးဆက် ဖြစ်ကြောင်းကို အသိပေးခဲ့သည်။

တမန်တော်အီဗရာဟီးမ် (အ) ၏ အပြင်းထန်ဆုံး စွန့်စားမှုများ
(၁) တမန်တော်အီဗရာဟီးမ် (အ) သည် နမရူးဒ်ဘုရင်နှင့် ၄င်းက သတ်မှတ်ထားသော ခဝပ်ကိုးကွယ်ရာအရာများကို ငြင်းဆိုခဲ့သည့်အပြင် တစ်ပါးတည်သော အရှင်ဖက်သို့ မိမိ အွမ္မဒ်အမျိုးသား/အမျိုးသမီးများအား ဖိတ်ခေါ်ခဲ့လေသည်။ ၄င်းဖိတ်ခေါ် မှုကို အကြောင်းပြု၍ နမရူးဒ် မင်းဆိုးကြီးသည် တမန်တော်အီဗရာဟီးမ် (အ) အား မီးတွင်းသို့ ပစ်ချ၍ ပြစ်ဒဏ်ခတ်လေသည်။ သို့သော် အလ္လာဟ်အရှင်မြတ်က တမန်တော်အီဗရာဟီးမ် (အ) အား မီးဘေးအန္တရာယ်မှ ကယ်တင်တော်မူလေသည်။ ဤသည် စစ်မှန်သော သာသနာတော်အတွက် တမန်တော် အီဗရာဟီးမ် (အ) က မိမိအသက်ကို အသုံးချခဲ့သော ကြီးမားသည့် စွန့်စားမှု ဖြစ်လေသည်။

(၂) တမန်တော်အီဗရာဟီးမ် (အ) သည် မီးဘေး အန္တရာယ်မှ လွတ်ငြိမ်းချမ်းသာခွင့်ရရှိခဲပြီး နောက်ပိုင်းတွင်လည်း အွမ္မဒ်အမျိုးသား/အမျိုးသမီးများအား တစ်ပါးတည်းသော အရှင်ဖက်သို့ ဖိတ်ခေါ်မြဲဖိတ်ခေါ်လေသည်။ ထိုအခါ နမရူးဒ်ဘုရင်နှင့် တိုင်းသူပြည်သားများသည် တမန်တော်အီဗရာဟီးမ် (အ) အား တိုင်းပြည်မှ နှင်ထုတ်လိုက်ကြ လေသည်။ ထိုသို့နှင်ထုတ်ရာတွင် တမန်တော်အီဗရာဟီးမ် (အ) နှင့်အတူ ကြင်ယာတော် ဘီဘီဆာရာဟ်သခင်မနှင့် တူတော်တမန်တော်လူးသ် (အ) တို့လည်း လိုက်ပါခဲ့ကြသည်။ ဤသည် တမန်တော်အီဗရာဟီးမ် (အ) ၏ မွေးရပ်ဌာနေစွန့်ခွာမှုသည် စစ်မှန်သော သာသနာတော်အတွက် စွန့်စားမှုကြီးဖြစ်ခဲ့လေသည်။

(၃) တမန်တော်အီဗရာဟီးမ် (အ) တို့အဖွဲ့သည် အခြေအနေမဲ့စွာဖြင့် ဖရားသ်မြစ်ကမ်းတစ်လျှောက် ခရီးနှင်ခဲ့ကြသည်။ ဦးစွာပထမ “ဟာရာန်း” မည်သော အရပ်ဒေသသို့ ရောက်ခဲ့ကြသည်။ ထို့နောက် “ပင်လယ်နီ” ၏ ကမ်းခြေဒေသများကို ကျော်လွှား၍ ဆီးရီးယားနိုင်ငံ၊ ပါလက်စတိုင်းနိုင်ငံနှင့် အီဂျစ်နိုင်ငံများသို့ ရောက်ရှိခဲ့ကြသည်။ ၄င်းနိုင်ငံချမ်းသာသော ဘဝသို့ရောက်ရှိခဲ့သည်။ ထို့နောက် အလ္လာဟ်အရှင်ဟူသော အသံကို အဖန်ဘဝသို့ ရောက်ရှိခဲ့ပြန်သည်။ ဤသည်ကား ခဝပ်ကိုးကွယ်ထိုက်သော တစ်ပါးတည်းသော အလ္လာဟ် အရှင်မြတ်အတွက် ပစ္စည်းဥစ္စာများကို အသုံးချခဲ့သည် တတိယ စွန့်စားမှုကြီးဖြစ်လေသည်။

(၄) တမန်တော်အီဗရာဟီးမ် (အ) သည်မိမိနေရပ်ဖြစ်သော အီရတ် နိုင်ငံမှ သက်တော်ခုနှစ်ဆယ့်ငါး (၇၅) နှစ်အရွယ်တွင် ထွက်ခွာခဲ့လေသည်။ (၁၀) နှစ်တိုင်တိုင် ခရီးသည်ဘဝဖြင့် နေထိုင်ခဲ့ပြီး သက်တော်ရှစ်ဆယ်ခြောက် (၈၆) နှစ်အရွယ်တွင် သားတော် တမန်တော် အစ္စမာအီးလ် (အ) အားဖွားမြင်ခဲ့သည်။

အစ္စမာအီးလ်၏ အဓိပ္ပါယ်မှာ (စမီအွလ္လာဟ်) (သို့မဟုတ်) အလ္လာဟ်အရှင့်အမိန့်ကို ကြားနာသူဟု ရပါသည်။ ထိုသို့အသက်ကြီးမှ ရရှိခဲ့သော သားတော်အစ္စမာအီးလ် (အ) အား တမန်တော် အီဗရာဟီးမ် (အ) က အလွန်ချစ်မြတ်နိုးခဲ့သည်။ ထိုအခါ အလ္လာဟ် အရှင်မြတ်ထံတော်ပါးမှ ပြင်းထန်သော ဆန်းစစ်မှုကို တမန်တော်အီဗရာဟီးမ် (အ) သည် ခံခဲ့ရပြန်လေသည်။

သားတော်အစ္စမာအီးလ်နှင့် ဇနီးဟာဂျေရာဟ်သခင်မအား လူသူကင်းဝေး၍ အစာရေစာ လုံးဝမရှိသော မက္ကာမြို့တော်သို့ စွန့်လွှတ်ရန် အမိန့်တော်ကျရောက်ခဲ့လေသည်။ သားတော်တမန်တော်အစ္စမာအီးလ် (အ) သက်တော်တစ်ဆယ့်သုံး (၁၃) နှစ် အရွယ်သို့ရောက်သောအခါ အလ္လာဟ်အရှင်မြတ်က တမန်တော်အီဗရာဟီးမ် (အ) အား အပြင်းထန်ဆုံး ဆန်းစစ်မှုတစ်ရပ်ကို ပြုတော်မူခဲ့ပြန်သည်။ ၄င်းမှာ အသင်သည် မိမိ၏ သားတော် အစ္စမာအီးလ်အား ငါအရှင်မြတ်၏ နှစ်သက်မှုရယုရန်အလို့ငှာ ဇဗာဟ်(လည်လှီးခြင်း) ပြုရန် အမိန့်တော်ပင်ဖြစ်သည်။ တမန်တော်အီဗရာဟီးမ် (အ) သည် သားတော်အား ကုရ်ဘာနီပြုလုပ်ရမည့် စွန့်စားမှုတွင်လည်း အောင်မြင်မှုရရှိခဲ့သည်။

ကာ့အ်ဗာကျောင်းတော်အား ဒုတိယအကြိမ်ပြန်လည်တည်ဆောက်ခြင်း
ကာ့အ်ဗာကျောင်းတော်အား ဦးစွာပထမတမန်တော်အာဒမ် (အ) က အနီရောင်ပတ္တမြားဖြင့် တည်ဆောက်ခဲ့လေသည်။ တမန်တော်နူးဟ် (အ) ၏ ဘဒ်ဒိုအာကြောင့် ကျရောက်ခဲ့သည့် လေပြင်းမုန်တိုင်း တိုက်ခတ်ခဲ့သည့် အချိန်တွင် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်အရ ဗိုင်တွလ္လာကျောင်းတော်အား မိုးကောင်းကင်အထက်သို့ ကောင်းကင်တမန် ဖရေရှ်တာများက သယ်ယူခဲ့ကြသည်။

ထို့နောက် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်အရ သားတော် အစ္စမာအီးလ် (အ) ၏ အကူအညီဖြင့် ကာ့အ်ဗာကျောင်းတော်အား ဒုတိယအကြိမ် ပြန်လည်တည်ဆောက်ခဲ့လေသည်။

ဝဖားသ်ကွယ်လွန်ခြင်း
တမန်တော်အီဗရာဟီးမ် (အ) သည် ဒွန္နီယာလောကတွင် တစ်ရာ့ခုနှစ်ဆယ့်ငါး (၁၇၅) နှစ် သက်တော် ထင်ရှားနေထိုင်တော်မူခဲ့ပြီး ဝဖားသ်ပြု အရှင့်အမိန့်ကို ခံယူလေသည်။

မှတ်ချက် ။ ။ တမန်တော်အစ္စမာအီးလ် (အ) ၏ သားစဉ်မြေးဆက်မှ ထွန်းကားခဲ့သည့် တစ်ဦးတည်သော တမန်တော်မိုဟမ္မဒ်သခင် (စွ) ၏ သက်တမ်းတစ်လျှောက်၌ တမန်တော်အီဗရာဟီးမ် (အ) ၏ စွန့်စားမှုကြီးလေးရပ်သည် ထင်ထင်ရှားရှားတွေ့ မြင်ရပေမည်။ အစ္စလာမ်သာသနာတော်အတွက် ကျိုးပမ်းခဲ့ကြသော ဆွဟာဗာသာဝကကြီးများ၏ သက်တမ်းလျှောက်၌လည်း ၄င်းစွန့်စားမှုများကို တွေ့ဆွဟာဗာသာဝကကြီးများ၏ သက်တမ်းတစ်လျှောက်၌လည်း ၄င်းစွန့်စားမှုများကို တွေ့ရပေမည်။ သို့ရှိရာ သာသနာတော်အတွက်ကြိုးပမ်းရန် တာဝန်ရှိသော အွမ္မဒ်နောက်လိုက်သား/သူများသည်လည်း ၄င်းစွန့်စားမှုကြီးလေးရပ်သည် အရေးကြီး လှပေသည်။

နဗီတမန်တော်အစ္စမာအီးလ် (အ) အကြောင်း

ဖွားမြင်တော်ခြင်း
တမန်တော် အစ္စမာအီးလ် (အ) သည် တမန်တော်အီဗရာဟီးမ် (အ) ၏သားတော်ဖြစ်သည်။ နဗီတမန်တော်အီဗရာဟီးမ်၏ အသက်တော်ကိုးဆယ့်ကိုးနှစ်(၉၉) နှစ်၊ နောက်အဆိုအရ သက်တော်ခြောက်ဆယ်လေးနှစ် (၆၄) နှစ် အရွယ်တွင် တမန်တော်အစ္စမာအီးလ် (အ) အား “ဘီဘီဟာဂျေရာဟ်“ သခင်မမှ ဖွားမြင်တော်မူခဲ့သည်။ သူမသည် တမန်တော်အီဗရာဟီးမ် (အ) ၏ကြင်ယာတော် ဘီဘီဆာရာဟ်သခင်မ၏ ကျေးကျွန်မတစ်ဦးဖြစ်ခဲ့သည်။ သူမကားဘီဘီဆာရာဟ် သခင်မက ခင်ပွန်းသည် တမန်တော်အီဗရာဟီးမ် (အ) အား အပိုင်ပေးအပ် ချီးမြှင့်ခဲ့သည်။ အချုပ်အရ ပြောဆိုရသော် “ဘီဘီဟာဂျေရာဟ်“ သခင်မသည် တမန်တော် အီဗရာဟီးမ် (အ) ၏ ဒုတိယကြင်ယာတော်ဖြစ်သည်။ သို့ရှိရာ နဗီတမန်တော်အစ္စမာအီးလ် (အ) မှာ ဒုတိယကြင်ယာတော်မှ ဦးစွာဖွားမြင်ခဲ့သော သားတော်ဖြစ်သည်။

ဖခင်နှင့်ခွဲခွာရခြင်း
နဗီတမန်တော်အစ္စမာအီးလ် (အ) သည် နို့စို့အရွယ်ဘဝ၌ ရှိစဉ်က ဖခင်၏ ပထမကြင်ယာတော် ဘီဘီဆာရာဟ်သခင်မ၏ ဇွတ်ပြုခြင်းနှင့် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကျရောက်ခဲ့ခြင်းတို့ကြောင့် ဖခင်တမန်တော်အီဗရာဟီးမ် (အ) သည် သားတော်ကြီး အစ္စမာအီးလ် (အ) နှင့် ၄င်း၏ မိခင်ဘီဘီဟာဂျေရာဟ်သခင်မတို့အား လူသူကင်းဝေးပြီး ခြောက်သွေ့ သော ကန္နာရကွင်းပြင်ကြီး တစ်ခု၌ သစ်ပင်တစ်ပင်၏ အရိပ်အောက်တွင် သွားရောက်စွန့်လွှတ်ခဲ့သည်။ (၄င်းနေရာသည် လက်ရှိဆော်ဒီအာရေဗျ နိုင်ငံ မက္ကာမြို့ရှိ ကာ့အ်ဗာကျောင်းတော်တည်ရှိနေသည့် နေရာပင်ဖြစ်သည်။)

ဇမ်ဇမ်ရေ၏သမိုင်း
သားအမိနှင့်ပါးတို့အား စွန့်လွှတ်ခဲ့ရာတွင် စွန်ပလွန်သီးအနည်းငယ်သာ ပါရှိသော အိတ်တစ်လုံးနှင့် ရေပုံးတစ်ပုံးခန့်သာ ထားပေးခဲ့လေသည်။ မကြာမီ သောက်ရေမှာ ကုန်ခမ်းသွားလေသည်။ နို့စို့အရွယ်ပင်ရှိနေသည့် တမန်တော်အစ္စမာအီးလ် (အ) သည် မိခင်ထံမှ နို့ချိုလည်းမရသောအခါ သောက်ရဆာလောင်ခဲ့သည်။ ရေဆာခြင်းသည် မခံခရပ်နိုင်အောင် ပြင်းထန်ခဲ့လေသည်။ မိခင်ကြီး ဟာဂျေရာဟ် သခင်မခမြာမှာ မည်သို့မျှ မတတ်နိုင်ရှာ၊ ၄င်းကိုယ်၌ပင် ဆာလောင်မွတ်သိပ်ခြင်၏ ဒဏ်ကို အပြင်အထန်ခံစားနေရသည့် အခြေအနေ၌ရှိခဲ့သည်။

သို့ရှိရာ ဘီဘီဟာဂျေရာဟ်သခင်မသည် အနီးအနားရှိ “စွဖာ” နှင့် “မရ်ဝါဟ်” မည်သောတောင်ကုန်းနှစ်ခုအကြား ပြေးလွှားလိုက်၊ တောင်ကုန်းတစ်ခုချင်းအပေါ်သို့ တက်လိုက်နှင့် ခရီးသည်အဖွဲ့များတွေ့လျှင် ၄င်းတို့ထံမှ သောက်သုံးရေကို ရရှိနိုင်ရန် အပြင်းအထန် ကြိုးပမ်းအားထုတ်ခဲ့လေသည်။

နောက်ဆုံးတွင် အလ္လာဟ်အရှင်မြတ်သည် တမန်တော်အစ္စမာအီးလ် (အ) ၏ခြေဖနောင့်များ ပွတ်သပ်ခဲ့သည် မြေနေရာမှ အစ္စလာမ့်သမိုင်းဝင် “ ဇမ်ဇမ်ရေအား” ဆူပွက်၍ထွက်စေခဲ့သည်။

မက္ကာမြို့တော်
ထိုနေရာ၌ တမန်တော်အစ္စမာအီးလ် (အ) နှင့်မိခင်၊ ဘီဘီ ဟာဂျေရာဟ် သခင်မတို့နေထိုင်ခဲ့ကြသည့်အခါ ထိုပတ်ဝန်းကျင်မှ “ဂျွတ်ရ်ဟွမ်း” အမျိုး အနွယ်ဝင်မှ ပုဂ္ဂိုလ်များသည် ခရီးသွားလာရင်း ထိုနေရာသို့ရောက်ရှိခဲ့ကြလေသည်။ ထိုအခါ (ဇမ်ဇမ်)ရေကန်ရှိသည့် နေရာပေါ်၌ ငှက်များပျံဝဲနေကြသည်ကို ၄င်းတို့ တွေ့မြင် ကြလေသည်။ ဤမြင်တွင်းကြောင့် ဂျွတ်ရ်ဟွမ်းအမျိုးအနွယ်ဝင်ခရီးသည်များမှာ အလွန်အံ့အားသင့်သွားခဲ့ကြလေသည်။ သို့သော် ဤနေရာ၌ မိုင်ပေါင်းတစ်ထောင်မျှ ပတ်ဝန်းကျင် အတွင်းရေကန်တစ်စုံတစ်ရာမရှိခဲ့ပါ။ သို့သော်လည်း ယခုဤငှက်များ ပျံဝဲနေခြင်းမှာ အဘယ်ကြောင့်နည်း။ ထိုသို့ပြောဆိုပြီးလျှင် မိမိတို့အဖွဲ့မှ အချို့သောသူများအား သတင်းစုံစမ်းရန် အနီးပတ်ဝန်းကျင်သို့ စေလွှတ်ခဲ့ကြရသည်။ ထိုသို့ စုံစမ်းခဲ့သည်အခါတွင် “ဇမ်ဇမ်” ရေကန်ရှိကြောင်းကို ဂျွတ်ရ်ဟွမ်းအမျိုးအနွယ်ဝင်များ သိရှိခဲ့ကြသည်။ ၄င်းတို့သည် ဘီဘီဟာဂျေရာဟ် သခင်မထံမှ ခွင့်ပြုချက်ကိုရယူကာ ၄င်းနေရာ၌ပင် စခန်းချနေထိုင်ခဲ့ကြ လေသည်။ ထိုအချိန်မှစ၍ တမန်တော်ချုပ် မိုဟမ္မဒ် (စွလလ္လာဟုအလိုင်ဟိဝစ္စလာမ်) သခင်ဖွားမြင် တော်မူခဲ့သည့် မက္ကာရွှေမြို့တော်သည် စည်ကားသိုက်မြိုက်၍လာခဲ့သည်။

ဇဗီဟွလ္လာဘွဲ့ထူး
နဗီတမန်တော်အီဗရာဟီးမ် (အ) သည် ကြင်ယာတော် ဟာဂျေရာဟ်သခင်မနှင့် သားတော်ကြီး အစ္စမာအီးလ် (အ) တို့အား လူသူကင်းဝေးသည့် ကန္နာရကွင်းပြင်ကြီးသို့ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်အရ စွန့်လွှတ်ခဲ့သောလည်း လစဉ်တစ်ကြိမ်ကျ လာရောက်၍ ကြည့်ရှုတော်မူလေ့ရှိသည်။ သားတော်ကြီး တမန်တော် အစ္စမာအီးလ် (အ) အရွယ်ရောက်လုနီးအချိန်တွင် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်တစ်ရပ်မှာ တမန်တော်အီဗရာဟီးမ် (အ) ထံကျရောက်ခဲ့လေသည်။ ၄င်းမှာ သားတော်အစ္စမာအီးလ် (အ) အား အလ္လာဟ်အရှင်မြတ်၏ နှစ်သက်မှုရယူရန်အတွက် ဇဗာလ်ပြုလည်လှီးရန်ပင်ဖြစ်သည်။ ထိုသို့ အမိန့်ကျရောက်လာသည်နှင့် တမန်တော်အီဗရာဟီးမ် (အ) သည် သားတော်အား ဇဗာဟ်ပြုလည်လှီးရန် လည်ဂုတ်ပေါ်သို့ဓားတင်၍ လှီးဖြတ်လေသည်။ သို့သော် အလ္လာဟ်အရှင်မြတ်သည် ဂျန္နတ်သုခဘုံမှ “ဒွန်ဘာ“ (သိုးကဲ့သို့သော) သားကောင် တစ်ကောင်အား အစားထိုး၍ လည်လှီးစေခဲ့ပြီး တမန်တော်အစ္စမာအီးလ် (အ) အား ဇဗာဟ်ပြုလည်လှီးစေခြင်းမှ ချမ်းသာမှု ပေးသနားတော်မူခဲ့လေသည်။

ထိုဇဗာဟ်ပြုလည်လှီးခြင်းကို ခံခဲ့ရသည့်ဖြစ်ရပ်ကို အကြောင်းခံ၍ တမန်တော်အစ္စမာအီးလ် (အ) သည် အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှ “ဇဗီဟွလ္လာဟ်” မည်သော ဘွဲ့ထူးကို ချီးမြှင့်ခြင်းခံရလေသည်။

ကာ့အ်ဗာကျောင်းတော်ကြီး
ဗိုင်တွလ္လာကာ့အ်ဗာကျောင်းတော်ကြီးသည် အစ္စလာမ်သာသနာဝင်များ ဝတ်ပြုကြရန် ဒွန္နီယာလောက၌ ပထမဦးဆုံး တည်ဆောက်ခဲ့သော ဗလီဝတ်ကျောင်းတော်ကြီးဖြစ်ခဲ့သည်။ ၄င်းကျောင်းတော်ကြီးအား ဦးစွာပထမ ဖခင်ကြီး တမန်တော်အာဒမ် (အ) ကအနီရောင်ပတ္တမြားများဖြင့် တည်ဆောက်တော်မူခဲ့လေသည်။

နဗီတမန်တော်နူးဟ် (အ) ၏ တောင်းဆိုချက်ကြောင့် တိုက်ခတ်ခဲ့သော မုန်တိုင်းကြီး ကျရောက်သည့် အချိန်၌ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ဖြင့် ကောင်းကင်တမန်တော်ဖရေရှ်တာများသည် “ဗိုင်တွလ္လာ” ကာ့အ်ဗာကျောင်းတော်ကြီး၏ အုတ်မြစ်များ သည် မြေဖုံးသွားခဲ့လေသည်။

ဟာဂျေရာဟ်သခင်မဝဖားသ်ကွယ်လွန်ခြင်း
တမန်တော်အစ္စမာအီးလ်(အ) သက်တော်နှစ်ဆယ် (၂၀) နှစ်ရောက်သောအခါ မိခင်ကြီး ဟာဂျေရာဟ်သခင်မသည် သက်တော်ကိုးဆယ် (၉၀) နှစ်အရွယ်၌ အလ္လာဟ်အရှင်မြတ်၏ အမိန့်ကို ခံယူခဲ့သည်။ သားတော်အစ္စမာအီးလ် (အ၀ သည် ကျေးဇူးရှင် မိခင်ကြီးအား ဟဂ်ျရေအဆ်ဝါ့ဒ် (ကျောင်းနက်ကြီး) အနီး၌ မျက်ရည်များစီးတွေ လျက် ဒဖန်ပြုခဲ့လေသည်။

ကာ့အ်ဗာကျောင်းတော်အား ဒုတိယအကြိမ်ပြန်လည်တည်ဆောက်ခြင်း
တမန်တော်အစ္စမာအီးလ် (အ) သက်တော်သုံးဆယ် (၃၀) နှစ် အရွယ် ရောက်သည့်အခါ အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှ တမန်တော်အီဗရာဟီးမ် (အ) ထံဗိုင်တွလ္လာဟ်ကျောင်းတော်အား ၄င်း၏ အုတ်မြစ်ပေါ်၌ ပြန်လည်တည်ဆောက်ရန် အမိန့်ကျရောက်လာခဲ့သည်။ တမန်တော်အစ္စမာအီးလ် (အ)၏ အကူအညီဖြင့် ကာ့အ်ဗာကျောင်းတော်အား စတင်တည်ဆောက်လေသည်။

သားတော်အစ္စမာအီးလ် (အ) သည် မက္ကာရွှေမြို့တော်၏ ပတ်ဝန်းကျင်၌ ရှိသော် (၁) ဟေရာ(၂) လဗ်နာန်၊ (၃) ဆိုဗိုင်းရ်၊ (၄) ဂျုဒီ၊ (၅) သူးရ်မည်သော တောင်ငါးတောင်မှ ကျောက်တုံးများကို သယ်ဆောင်ပေးခဲ့သည်။

တမန်တော်အစ္စမာအီးလ် (အ) ၏ နေကာဟ်ထိမ်းမြားခြင်း
တမန်တော်အစ္စမာအီးလ် (အ) အရွယ်ရောက်ပြီးနောက် ပိုင်းတွင် ဂျွတ်ရ်ဟွမ်း အမျိုးအနွယ်မှ အမျိုးသမီးချောတစ်ဦးနှင့် နေကာဟ် ထိမ်းမြားမှု ပြုပြင်ခဲ့သည်။ သို့သော် ၄င်းဇနီးမှာ ကျေးဇူး မသိတတ်သောကြောင့် နဗီတမန်တော်တစ်ဦး၏ ကြင်ယာတော်ဖြစ်ရန် မထိုက်တန်သူ ဖြစ်သဖြင့် တမန်တော်အီဗရာဟီးမ် (အ) ၏ အကြံ့ပေးချက်အရ ထိုဇနီးသည်အား တွလားက်ကွာ ရှင်းခဲ့လေသည်။

ဝဖားသ်ကွယ်လွန်ခြင်း
ကာ့အ်ဗာကျောင်းတော်အား တည်ဆောက်ပြီးနောက်အစ္စမာအီးလ် (အ) သည် ၄င်းကျောင်းတော်အား တာဝန်ယူ၍ စောင့်ရှောက်ခဲ့သည်။ ကျောင်းတော်အား သန့်ရှင်းခြင်း၊ တံမြက်လှဲခြင်း၊ အေဗာဒတ်သ်ပြုလုပ်ခြင်းနှင့် အခြားသူများအား တိုက်တွန်းခြင်း၊ သဝါ့ဖ်လှည့်ပတ်ခြင်းနှင့် အခြားသူများအား သဝါ့ဖ်ပြုလုပ်ရန် တိုက်တွန်းခြင်းတို့၌ အချိန်ကို ကုန်ဆုံးစေခဲ့လေသည်။

တမန်တော်အစ္စမာအီးလ် (အ) သည် သက်တော်တစ်ရာ့သုံးဆယ်ခုနှစ် (၁၃၇) နှစ်အရွယ်တွင် ဒွန္နီယာလောကမှ စွန့်ခွာရန် အချိန်နီးကပ်လာခဲ့သည်။ ထိုအချိန်၌ မိမိသားတော်ကြီး ဆာဗစ်သ်အား ကာ့အ်ဗာကျောင်းတော်၏ အုပ်ထိန်းမှုကို လွှဲအပ်ပေးခဲ့လေသည်။ ညီတော်တမန်တော်အစ္စဟားက် (အ) အား၎င်း၏ သာအိုင်း(စ်) နှင့် မိမိ တစ်ဦးတည်းသောသမီးဖြင့် နေကာမင်္ဂလာဆောင်နှင်းပေးရန် မှာကြားပေးခဲ့လေသည်။ ထို့နောက် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ကို ခံယူခဲ့လေသည်။ တမန်တော်အစ္စမာအီးလ် (အ) သည် ပထမကြင်ယာ တော်အား တွလားက်ပေး ကွာရှင်းပြီး နောက် “ဝါ့အ်လာ” အမည်ရှိ အမျိုးသမီးတစ်ဦးနှင့် ဒုတိယနေ့ကာဟ် ထိမ်းမြားမှုဖြစ်ခဲ့လေသည်။ ၄င်းကြင်ယာတော်မှ သမီးတော်တစ်ပါးနှင့် သားတော်နှစ် ပါးထွန်းကားခဲ့လေသည်။

ဒဖန်ပြုလုပ်ခြင်း
တမန်တော်အစ္စမာအီးလ် (အ) အားမိခင်ကြီး ဟာဂျေရာဟ် သခင်မ၏ ဂူဗိမ္မာန်အနီး မီဇားဗ်နှင့် ဟဂ်ျရေအတ်စ်ဝါ့ဒ်အကြား ဒဖနာပြုခဲ့သည်။

မှတ်ချက်
မီဇားဗ်သည် ဗိုင်တွလ္လာဟ်ကျောင်းတော်၏ ရေတံလျှောက်ဖြစ်ပြီး ဟဂ်ျရေအဆ်ဝါ့ဒ်မှာ ဗိုင်တွလ္လာဟ်ကျောင်းတော်၏ နံရံ၌ ကပ်ထားသော ကျောက်နက်ကို ခေါ်ဆိုပါသည်။

တမန်တော်အိုင်ယူးဗ် (အ) အကြောင်း

တမန်တော်အိုင်ယူးဗ် (အ) သည် တမန်တော် အီဗရာဟီးမ် (အ) မှ ဆင်းသက်ပါသည်။ တမန်တော်အစ္စမာအီးလ် (အ) ကိုဘေးတော်၊ တော်စပ်၍တမန်တော် အီဗရာဟီးမ် (အ) ကို ဘီးတော် တော်စပ်ပါသည်။ တမန်တော် အိုင်ယူးဗ် (အ) ၏ ဖခင်အမည်မှာ အမူးစ်ယုခေါ် ပါသည်။



ရုပ်ဆင်းသဏ္ဍန်
နဗီတမန်တော်အိုင်းယူးဗ် (အ) သည် အရပ်အမောင်းထွားကြိုင်းပြီး ချောမောလှပသော နဗီတမန်တော်တစ်ပါး ဖြစ်သည်။ ဦးခေါင်းတော်မှာ ကြီးပြီး ဆံပင်များမှာ ကောက်ကွေးလျှက်ရှိသည်။ လည်ပင်းတို၍ ခြေသလုံးမှာ ခိုင်မာတောင့်တင်းသည်။



နေကာဟ်ထိမ်းမြားခြင်း
တမန်တော်အိုင်ယူးဗ် (အ) သည် တမန်တော် ယူစွမ် (အ) ၏ မြေးတော် ဘီဘီရယမသ်သခင်မနှင့် ထိမ်းမြားခဲ့သည်။ ဘီဘီရာဟ်မသ်သခင်မမှာ တမန်တော်ယူစွဖ် (အ) ၏ သားတော် အီဗရာဟီးမ် သခင်၏ သမီးတော်ဖြစ်သည်။

တမန်တော်အိုင်ယူးဗ် (အ) ၏ မိခင်မှာ တမန်တော်လူးသ် (အ) ၏ သမီးဖြစ်ပြီး၊ ဖခင်မှာ တမန်တော်အီဗရာဟီးမ် (အ) အပေါ် အီမာန်သက်ဝင်ယုံကြည်ခဲ့ကြသော မို့အ်မင်န်များအနက် တစ်ဦး ဖြစ်ခဲ့သည်ဟု အစ္စလာမ်သမိုင်းပညာရှင်အစ်ဗနိုအာမစ်ရ်သခင်က မိန့်ကြားခဲ့သည်။

ကြင်ယာတော်၏ လှပတင့်တယ်ခြင်း
တမန်တော်အိုင်ယူးဗ် (အ) ၏ ကြင်ယာတော်မှာအီဗရာဟီးမ် သခင်၏ သမီးဖြစ်သော ဘီဘီရဟ်မသ်သခင်မမှာ မိမိ၏ ဘိုးတော်တမန်တော်ယူစွဖ် (အ) ထံမှ လှပတင့်တယ်မှု၏ အမွေအနှစ်ကို ရရှိခဲ့၍ အလွန်ချောမောလှပသည့် အမျိုးသမီးတစ်ဦးဖြစ်လေသည်။

သားသမီးရတနာ
ဘီဘီရဟ်မသ်သခင်မသည် သားသမီး (၁၂) ကြိမ်ထွန်းကားခဲ့ရာ တစ်ကြိမ်လျှင် သားတော်နှင့် သမီးတော်တစ်ပါးစီ အမွှာပူးများ ထွန်းကားခဲ့လေသည်။ သို့ရှိရာ သားတော် (၁၂) ပါးနှင့် သမီးတော် (၁၂) ပါး စုစုပေါင်း သားသမီးရတနာ (၂၄) ပါးရှိခဲ့ပါသည်။

လောကီစည်းစိမ်
တမန်တော်အိုင်ယူးဗ် (အ) သည် လောကီရေးရာ ရာထူးနှင့် အာဏာကိုပါ ပိုင်ဆိုင်ပြီး ဥစ္စာ ပစ္စည်းကြွယ်ဝချမ်းသာ၍ စားဝတ်နေမှုလည်း ချောင်လည်ခဲ့သော တမန်တော် တစ်ပါးဖြစ်ခဲ့သည်။ ထွန်တုံးငါးရာ (၅၀၀) ဖြင့် ထွန်ယက်ရသော လယ်ယာမြေ များကို ပိုင်ဆိုင်တော်မူခဲ့ပြီး၊ ကျေးကျွန်ပေါင်းငါးရာကိုလည်း ပိုင်ဆိုင်တော်မူခဲ့သည်။

ကြင်နာသောနှလုံးသားပိုင်ရှင်
တမန်တော်အိုင်ယူးဗ် (အ) သည် အလွန်ကြင်နာတတ်သော နှလုံးသားရှိသည့် တမန်တော်တစ်ပါးဖြစ်သည်။ စားစရာမရှိ၍ အစားငတ်နေသူများအား ကျွေးမွေးပြုစုခြင်း။ မကျွေးမီအလျင် တမန်တော်အိုင်ယူးဗ် (အ) ကိုယ်တော်တိုင်လည်း စားသောက်ခြင်းပြုလေ့မရှိခဲ့ပါ။ မသက်ဆိုး ဖသက်ဆိုးကလေးသူငယ်များနှင့် ခင်ပွန်းသည်များသေဆုံးကာ မုဆိုးမဘဝသို့ရောက်နေကြရသော အမျိုးသမီးများအား အထူးအားဖြင့် ပြုစုစောင့်ရှောက်တော်မူလေ့ရှိသည်။

အလ္လာဟ်အရှင်မြတ်၏ စမ်းသပ်မှု
တမန်တော်အိုင်ယူးဗ် (အ) သည် သက်တော်ခုနစ်ဆယ့်နှစ် (၇၂)သို့ ရောက် သည့်အခါ အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှ စွဗရ်သည်းခံခြင်းနှင့် အမှန်တရားပေါ် တည်တံ့ခိုင်မြဲမှု ရှိမရှိနှင့် စပ်လျဉ်း၍ စမ်းသပ်မှုကြီးကို ခံခဲ့ရလေသည်။
၎င်းစမ်းသပ်မှုကြီးမှာ-
(၁) သားသမီးရတနာ (၂၄) ပါးတို့မှာ မမျှော်လင့်ဘဲ နေအိမ်အမိုးများ ပြိုကျလာသဖြင့် အစုလိုက်၊
အပြုံလိုက် အရှင့်အမိန့်ကို ခံယူသွားခဲ့ကြသည်။
(၂) ပိုင်ဆိုင်သမျှသော ကျွဲနွားတိရစ္ဆာန်များသည်လည်း ရုတ်တရက်သေကြေပျက်စီးသွားခဲ့ကြကုန်
သည်။
(၃) ပိုင်ဆိုင်ခဲ့သမျှသော လယ်ယာကိုင်းကျွန်းများနှင့် ကြေးငွေ ပစ္စည်းဥစ္စာများမှာလည်း လက်မဲ့ဖြစ်
ခဲ့ရသည်။
(၄) အဆုံးတွင် တမန်တော်အိုင်းယူးဗ် (အ) ၏ ကျန်းမာ ရေးမှာချို့တဲ့လာကာ ခန္နာကိုယ်အဆစ်အ
ပိုင်းများတွင် အနာကြီးရောဂါစွဲကပ် ခဲ့သည်။

ထိုသို့သော ဒုက္ခမျိုးစုံနှင့် ကြုံရလေရာ လူထုပရိသတ်အပေါင်းတို့သည် အနာကြီးရောဂါစွဲကပ်နေသော တမန်တော်အိုင်းယူးဗ် (အ) အား မြို့ပြင်ရှိ တဲအိမ်တစ်အိမ်ရှိရာသို့ နှင်ထုတ်လိုက်ကြလေသည်။

ရှိုင်တာန် ၏ ဖျက်စီးနှောက်ယှက်မှု
တမန်တော်အိုင်ယူးဗ် (အ) သည်၊ ဘေးဒုက္ခ အမျိုးစုံနှင့် ရင်ဆိုင်နေရသောလည်း မိမိနှုတ်ဖြင့် အမြဲတစေအလ္လာဟ်အရှင်မြတ်အပေါ် ကျေးဇူးတင်ကြောင်းကို ရေရွတ်လျှက်ရှိခဲ့သည်။ ထိုအချိန် ရှိုင်တာန်မိစ္ဆာကောင်က တမန်တော် အိုင်ယူးဗ် (အ) ထံရောက်လာ၍ ပြောဆိုသည်မှာ အို… အိုင်ယူးဗ် အသင်သည် ကြွယ်ဝ ချမ်းသာပြီး ချောမောလှပ၍ ကျန်းမာရေ အပြည့်အဝရှိခဲ့သော လူတစ်ဦး ဖြစ်ခဲ့သည်။ ယခုအသင်၏ အခြေအနေမှာ ဆင်းရဲနွမ်းပါးပြီး ကုစား၍မရသော ရောဂါဆိုး ကြီး စွဲကပ် နေလေပြီ။ သို့ရှိရာ အသင့်အား လူတကာတို့က ရွံမုန်းကြပြီး မည်သူတစ်ဦး တစ်ယောက်မျှ မိမိထံပါးသို့ ချဉ်းကပ်ကြမည်မဟုတ်။ အသင်၏ ထံပါးသို့ ချဉ်းကပ်ကြမည်မဟုတ်။ အသင်၏ ထံပါး၌ အသင် ၏ ဇနီးတစ်ဦးမှလွဲ၍ ပြုစုရန် မည်သူတစ်ဦးတစ်ယောက် မှ မရှိပါ။ ဤကဲ့သို့ ဆင်းရဲဒုက္ခရောက် နေချိန်မှာပင် အသင်သည် မည်သည့်အကြောင်းခံကြောင့် အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်အား ရွတ်ဆိုနေရခြင်းဖြစ်သနည်း။ ထိုအခါ တမန်တော် အိုင်ယူးဗ် (အ) က ဖြေကြားသည်မှာ အလ္လာဟ်အရှင်မြတ်၏ မရည်တွက်နိုင်သော ကျေးဇူးတော်များ ကျွန်ုပ်အပေါ်ရှိနေပါသည်။ အဘယ့်ကြောင့်ဆိုသော ကျွန်ုပ်၏ နှုတ်၊ လျှာမှာ ချွင်းချက်မရှိကျန်းမာ လျက်ရှိနေသည်။ ၄င်းလျှာဖြင့်လိုလားတောင့်တမှုကင်းမဲ့သော အရာ ရာကို ချွင်းချက်မရှိ စွမ်းဆောင်နိုင်သော အလ္လာဟ်အရှင်မြတ်၏ ကျေးဇူးတော်အား ရွတ်ဆိုနိုင်ပေသေးသည်။ ၄င်းပြင် ကျွန်ုပ်နှလုံးသားမှာလည်း ရောဂါကင်းလျှက်ရှိလေသည်။ ၄င်းနှလုံးသားဖြင့် အလ္လာဟ်အရှင်မြတ်၏ (ဇစ်ကစ်ရ်) တသမှု၌ နစ်မွန်းလျက် ရှိနိုင်ပေသေး သည်။ သို့ရှိရာ ဤသို့အခြေအနေနှင့် ပို၍ ကျေးဇူးတင်စရာကောင်းသော မည်သည့်နေ့အ်မတ်သ် ဆုလဘ်ရှိမည်များ ပေးသနားမည့် အရှင်သခင်၏ နာမတော်အား နှုတ်ဖြင့် ရွတ်ဆိုတသ နေပြီး နှလုံးသားဖြင့် ထိုအရှင်မြတ်၏ အာရုံကို ပြုလျက်ရှိနေလေသည်။

စမ်းသပ်မှုအောင်မြင်ခြင်း
တမန်တော်အိုင်ယူးဘ် (အ) သည် အလ္လာဟ်အရှင်မြတ် ထံတော်ပါးမှ စမ်းသပ်ခဲ့သော စမ်းသပ်မှုအလုံးစုံတို့တွင် ပြည့်ပြည့်ဝဝ မှတ်ကျောက်တင်ခြင်း ခံနိုင်ကာ အောင်မြင်မှုရရှိခဲ့လေသည်။ သို့ရှိရာ တမန်တော်အိုင်ယူးဗ် (အ) သည် သုံးနှစ် (သို့မဟုတ်) ခုနစ်နှစ် (သို့မဟုတ်) ဆယ့်သုံးနှစ် နောက်ပိုင်းတွင် ပြန်လည်၍ ကျန်းမာ မှုကိုအခြေအနေတို့သည် ယခင်အခြေအနေများထက်ပို၍ ကောင်းမွန်ခဲ့လေသည်။

ဝဖားသ်ကွယ်လွန်ခြင်း
တမန်တော်အိုင်ယူးဗ် (အ) သည် ကိုးဆယ့်သုံး (၉၃) နှစ် အရွယ်အထိ သက်တော်ထင်ရှား နေထိုင်တော်မူပြီးနောက်ဝဖားသ်ပြု အရှင့်အမိန့်ကို ခံယူတော်မူလေသည်။

နဗီတမန်တော်ဇကရီယာ (အ) အကြောင်း

တမန်တော်ဇကရီယာ (အ) သည် တမန်တော်စိုလိုင်မန် (အ) ၏ သားစဉ်မြေးဆက်မှ ဖြစ်သည်။ တမန်တော်၏ ဖခင်အမည်မှာ ဗရ်ခိယာဖြစ်သည်။ တမန်တော်ဇကရီယာ (အ) သည် အသက်တမ်းအစကပင် “ဗိုင်တွလ်မိုကာဒတ်ဆ်” ကျောင်းတော်အား နေ့ရောညပါစောင့်ရှောက်ခဲ့သည်။ အင်မ်ရာန်၎င်း၏ ဖခင်မာဆာ၏သမီး ဘီဘီမရ်ယမ်သခင်မသည် ဖာကူးဇ်၏သမီးဟန္နာဟ်မှဖွားမြင်ခဲ့သည်။ မိခင်ကြီးဟန္နာဟ်မှာ သားသမီးဖွားမြင်လာပါက ၄င်းအား “ဗိုင်တွလ်မိုကာဒတ်ဆ်” ကျောင်းတော်ကို ပြုစုစောင့်ရှောက်ရန်အတွက် သတ်မှက်လိမ့်မည်ဟူ၍ အလ္လာဟ်အရှင်မြတ်ထံ (နဇရ်) ကိုးခဲ့လေသည်။ ထို့ကြောင့် သူမသည် ကိုးထားခဲ့သည့်အတိုင်း သမီးအား “ဗိုင်တွလ်မိုကာဒတ်ဆ်” ကျောင်းတော်ကြီး၏ တာဝန်ရှိပုဂ္ဂိုလ်များ ထံသွားရောက်အပ်နှံခဲ့လေသည်။ ဘီဘီမရ်ယမ်သခင်မ၏ ဖခင်အင်မ်ရာန်သည် ဂျေရုဆလင်မြို့၏ ခေါင်းဆောင် တစ်ဦးဖြစ်သည်။ သို့ဖြစ်ရာ ခေါင်းဆောင်၏ သမီးတော်အား အုပ်ထိန်းသူအဖြစ် တာဝန်ယူရန် ဗိုင်တွလ်မိုကာဒတ်ဆ် ကျောင်းတော်ကြီး၏ တာဝန်ခံအသီးသီးတို့က ဆန္ဒထားခဲ့ကြသည်။ အကြောင်းသော်ကာ၊ ခေါင်းဆောင်တစ်ဦး၏ သမီးတော်အား အုပ်ထိန်းသူအဖြစ် တာဝန်ရရှိခြင်းသည် ဂုဏ်ရှိခြင်းပင်ဖြစ်သည်။ ဘီဘီမရ်ယမ်သခင်မအား အုပ်ထိန်းလိုသော ဗိုင်တွလ်မိုကာဒတ်ဆ် ကျောင်းတော်တာဝန်ရှိ အသီးသီးတို့သည် မဲစနစ်ဖြင့် ရွေးချယ်ရန် ဤသို့သဘောတူညီခဲ့ကြသည်။ “တောင်ရားသ်” ကျမ်းတော်အား ရေးသားသည့်မင်တံများအား ဂျော်ဒန်မြစ်အတွင်းသို့ ကိုယ်စီကိုယ်စီ ပစ်ချကြရမည်။ အကြင်သူ၏ မင်တံသည် မြစ်အတွင်းမျောပါသွားခြင်းမရှိဘဲ ရေအောက်သို့ နစ်မြုပ်သွားပါက ၄င်းအားဘီဘီမရ်ယမ်သခင်မကို အုပ်ထိန်းသူအဖြစ် သတ်မှတ်ထားပါသည်။ ထိုသို့သဘောတူညီခဲ့ပြီး ပြုလုပ်ခဲ့ကြရာ တမန်တော်ဇကရီယာ (အ) ၏ မင်တံသည် မျောမသွားဘဲ နစ်မြုပ်သွားလေသည်။ ထို့ကြောင့် ဘီဘီမရ်ယမ်သခင်မအား အုပ်ထိန်းသူအဖြစ် တာဝန်ပေးကြလေသည်။ တမန်တော်ဇကရီယာ (အ) ၏ ဇနီးအီရှားအ်သည် ဘီဘီမရ်ယမ်သခင်မ၏ အဒေါ်ဖြစ်သည်။ သို့ဖြစ်၍ ထူးမြတ်လှသော ဘီဘီမရ်ယမ်သခင်အား အုပ်ထိန်းသူအဖြစ် အရှင်မြတ်က တမန်တော်ဇကရီယာ (အ) ကို ရွေးချယ်တော်မူခဲ့သည်။ တမန်တော်ဇကာရီယာ (အ) သည် တူမတော်အား အုပ်ထိန်းပြုစုစောင့် ရှောက်လာခဲ့ရာ သိတတ်နားလည်သော အရွယ်သို့ရောက်လာသောအခါ တူမတော်အား သီးသန့်အခန်းတစ်ခန်း၌ နေစေတော်မူခဲ့သည်။ တူမသည်လည်း အချိန်ရှိသရွေ့ အလ္လာဟ်အရှင်မြတ်အား အေဗာဒတ်သ် ခဝက်ကိုးကွယ်မှုဖြင့် အချိန်ကုန်စေခဲ့သည်။ သူမ၏ ထူးမြတ်ခြင်းကြောင့် အချိန်အခါမဲ့သစ်သီး ဝလံများ သူမထံ ရောက်လာလျက် ရှိနေသည်ကို တမန်တော်ဇကရီယာ (အ) က ကြိမ်ဖန်များစွာ တွေ့မြင်ခဲ့လေရာ အရှင်မြတ်သည် အချိန်အခါမဲ့ သစ်သီးဝလံများကို ပို့ပေးနိုင်စွမ်းသော အရှင်ဖြစ်လေသည်။ သို့ဖြစ်၍ ကျွန်ုပ်တော်မျိုးအား ဗိုင်တွလ်မိုကာဒတ်ဆ်ကျောင်းတော်ကို ဆက်လက်စောင့်ရှောက်ထိန်းသိမ်းနိုင်ရန် သားတော်တစ်ဦး ချီးမြှင့်ပါရန် အရှင်မြတ်ထံဆုတောင်းခဲ့သည်။ ထိုသို့ ဆုတောင်းပြီး သက်တော် (၉၂) နှစ် (သို့မဟုတ်) (၉၃) နှစ် (သို့မဟုတ်) နောက်အဆိုတစ်ရပ် (၁၂၀) နှစ် အရွယ်တွင် သားတော်တစ်ဦးထွန်းကားခဲ့လေသည်။ သားတော်၏ အမည်မှာ တမန်တော်ယဟ်ယာ (အ) ဖြစ်သည်။ တမန်တော်ဇကရီယာ (အ) သည် သားတော်ထွန်းကားပြီး နှစ်အတန်ကြာ အုပ်ထိန်းစောင့်ရှောက်ခဲ့သော တူမတော်မှ အရှင်မြတ်၏ တန်ခိုးတော်အရ ဖခင်မဲ့ တမန်တော်အီစာ (အ) ကို ဖွားမြင်ခဲ့လေသည်။ ထိုကိစ္စကို အကြောင်းပြု၍ အချို့သော သူယုတ်မာတို့သည် တမန်တော်ဇကရီယာ (အ) အားတူမတော်နှင့် ကျူးလွန်ခဲ့သည်ဟု မတရားစွပ်စွဲပြောဆိုခဲ့လေသည်။ ထိုသို့မဟုတ်မမှန်စွပ်စွဲပြောဆိုမှုကြောင့် ထောင်ပေါင်းများစွာသော လူတို့သည် တမန်တော် ဇကရီယာ (အ) အား ရွံရှာမုန်းတီးကြကာ သတ်ဖြတ်ရန်စီစဉ်ကြလေသည်။ ထိုစဉ်အချိန်က တောင်ရားသ်ကျမ်း၏ ပညတ်ချက်တစ်ခုဖြစ်သော တူမအရင်းနှင့် ထိမ်းမြားနိုင်သည်ဟူသော ပညတ်ချက်သည် ပြန်လည်ရုတ်တစ်ခုဖြစ်သော တူမအရင်းနှင့် ထိန်းမြားနိုင်သည် ဟူသောပညတ်ချက်သည် ပြန်လည်ရုတ်သိမ်းခံလိုက်ရသော အချိန်ဖြစ်သည်။ တမန်တော်ဇကရီယာ (အ) သည် သားတော်ထွန်းကားပြီး နှစ်အတန်ကြာ အုပ်ထိန်းစောင့် ရှောက်ခဲ့သော တူမတော်မှ အရှင်မြတ်၏ တန်ခိုးတော်အရ ဖခင်မဲ့တမန်တော်အီစာ (အ) ကို ဖွားမြင်ခဲ့လေသည်။ ထိုကိစ္စကို အကြောင်းပြု၍အချို့သော သူယုတ်မာတို့သည် တမန်တော်ဇကရီယာ (အ) အားတူမတော်နှင့် ကျူးလွန်ခဲ့သည်ဟု မတရားစွပ်စွဲပြောဆိုမှုကြောင့် ထောင်ပေါင်းများစွာသော လူတို့သည် တမန်တော်ဇကရီယာ (အ) အား ရွံရှာမုန်းတီးကြကာ သတ်ဖြတ်ရန်စီစဉ်ကြလေသည်။ ထိုစဉ်အချိန်က တောင်ရားသ်ကျမ်း၏ ပညတ်ချက်တစ်ခုဖြစ်သော တူမအရင်းနှင့် ထိမ်းမြားနိုင်သည်ဟူသော ပညတ်ချက်သည် ပြန်လည်ရုတ်သိမ်းခံလိုက်ရသော အချိန်ဖြစ်သည်။ တမန်တော်ဇကရီယာ (အ) သည် မိမိအသက်ဘေးကို စိုးရိမ်သဖြင့် မြို့ကို စွန့်ခွာ၍ တောတွင်းသို့ဦး တည်သွားလေသည်။ တမန်တော်ဇကရီယာ (အ) ၏ရန်သူများသည် အလ္လာဟ်အရှင်မြတ်၏ ရန်သူပင်ဖြစ်သည်။ ၄င်းတို့သည် အမြဲတစေ တမန်တော်အား သတ်ဖြတ်ရန် စီစဉ်တွေးတောလျက်ရှိခဲ့ကြသည်။ သို့ရှိရာ ရန်သူများသည် တမန်တော်ဇကရီယာ (အ) ထွက်ခွာရာနောက်သို့ လိုက်ကြလေသည်။ တမန်တော်ဇကရီယာ (အ) သည် တောတွင်းသို့ရောက်သည့်အခါပူဆွေးသောကရောက်လျက် ရန်သူများမမြင်နိုင်စေရန် ခိုလှုံမည့်နေရာကို ရှာဖွေနေလေသည်။ ထိုအချိန်တွင် အနီးရှိသစ်ပင်ကြီးတစ်ပင်က “ကြွတော်မူပါ ကျွန်ုပ်သည် ကိုယ်တော်အားကာကွယ်ပေးပါမည်” ဟု ပြောသံကြားပြီး လှည့်ကြည့်ရာသစ်ပင်ကြီးသည် အက်ကွဲ၍သွားလေသည်။ ထိုအချိန်တွင် လူသားဖြစ်သည့် တမန်တော်ဇကရီယာ (အ)သည် စိုးရိမ်မှုလွန်ကဲကာ မဆင်မခြင် သစ်ပင်အတွင်း ဝင်ရောက်နေထိုင်လေသည်။ တမန်တော်ဇကရီယာ (အ) ၏ အဝတ်စတစ်စသည်လည်း အပြင်သို့ ထွက်၍ နေလေသည်။ တမန်တော်ဇကရီယာ (အ) အားသတ်ဖြတ်လိုကြသော ရန်သူတို့သည် တမန်တော်ဇကရီယာ (အ) ၏ ခြုံထည်စကြောင့် သစ်ပင်တွင် ဝင်ရောက်ပုန်းအောင်းနေသည်ကို သိရှိသွားကြရာ တမန်တော်အား သတ်ဖြတ်ရန် စီစဉ်ကြလေသည်။ သတ်ဖြတ်ရာ၌ သစ်ပင်ကို ခါးလည်မှ မဖြတ်ဘဲ ထိပ်မှ စတင်၍ နှစ်ခြမ်းခွဲစနစ်ဖြင့် သတ်ဖြတ်ကြလေသည်။ ထိုသို့ဖြတ်ကြရင်း လွှ၏အစွယ်သွားသည် တမန်တော်ဇကရီယာ (အ) ၏ ဦးခေါင်းတော်ကိုထိရာ တမန်တော်သည် နှုတ်မှ နာကျည်းသော အသံထွက်သွားလေသည်။ ထိုနာကျည်းသံကြောင့် ကောင်းကင်ဘုံအထက်ရှိ ကောင်းကင်တမန်များသည် တုန်လှုပ်သွားကြလေသည်။ ချက်ချင်းပင် ဂျီဗရာအီးလ် ကောင်းကင်တမန်က အရှင်မြတ်၏ ဝဟီ ဗျာဒိတ်တော်ယူဆောင်လာသည်။ အရှင်မြတ်၏ အမိန့်တော်မှာ “အို…ဇကရီယာ အကယ်၍ အသင်သည် နောက်တစ်ကြိမ်နာကျည်းသံကို ထုတ်ဖော်ပါက နဗီတမန်တော်များ၏ အမည်စာရင်းမှတ်တမ်းမှ အသင်၏အမည်ကိုဖျက်သိမ်းမည်” ထိုဗျာဒိတ်တော်ကျရောက်ပြီးနောက် တမန်တော်ဇကရီယာ (အ) သည် မိမိနှုတ်ခမ်းများအား သွားများဖြင့် ဖိကိုက်ထား၍ ခန္တာကိုယ်အား လွှဖြင့် နှစ်ခြမ်းအခွဲခံကာ “ရှဟီးဒ်” ဖြစ် အလ္လာဟ်အရှင်မြတ်၏ အမိန့်ခံယူသွားလေသည်။ တမန်တော်ဇကရီယာ (အ) ကို ဂျေရုဆလင်မြို့ရှိ ဗိုင်တွလ်မိုကာဒတ်ဆ်ကျောင်းတော်ကြီး၏ ဂွဗ္ဗတွဆ္ဆခ်ရာဟ် အမည်ရှိ (ဆခ်ရဟ်အမိုးလုံ) အောင်တွင် မြုပ်နှံခဲ့ကြလေသည်။ ထိုစဉ်က သက်တော် (၁၀၀၀) နှစ်ဟုဆိုကြသည်။